၂ ရာချုပ် 26:10 - Common Language Bible10 မင်းကြီးသည်အနောက်ဘက်တောင်ခြေရင်းရှိ တောင်ပူစာများနှင့် လွင်ပြင်များတွင်နွားအုပ် ကြီးများမွေးမြူထားသဖြင့် တောကန္တာရရှိ မြို့များကိုမျှော်စင်များနှင့်တကွတံတိုင်း ကာ၍ရေလှောင်ကန်အမြောက်အမြားကိုတူး တော်မူ၏။ မင်းကြီးသည်လယ်ယာစိုက်ပျိုးမှု ကိုဝါသနာပါသဖြင့် တောင်ကုန်းဒေသများ တွင်စပျစ်ဥယျာဉ်များစိုက်ပျိုးမှု၊ မြေ ကောင်းမြေသန့်များတွင်လယ်ယာများ စိုက်ပျိုးမှုကိုအားပေးတော်မူလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible10 တိ ရ စ္ဆာန် များ စွာ ရှိ သော ကြောင့်၊ တော တွင်လည်း ကောင်း၊ ပျံ့ တွင်လည်း ကောင်း၊ ရှ ဖေ လာ ခ ရိုင် တွင် လည်း ကောင်း၊ ရဲ တိုက် တည် ခြင်း၊ ရေ တွင်း တူး ခြင်း များ ကို စီ မံ ပြီး လျှင်၊ မြေ အ လုပ် ကို ဝ သီ တော် ပါ သည် နှင့်၊ တောင် ယာ၊ ခြံ၊ စ ပျစ်၊ ဥ ယျာဉ် များ ၌၊ လုပ် သူ လုပ် သား များ ကို စေ ခိုင်း ၏။ အခန်းကိုကြည့်ပါ။Judson Bible10 တော၌လည်း ရဲတိုက်တို့ကို တည်၏။ ရေတွင်းများကိုလည်း တူး၏။ ချိုင့်ဝှမ်းရာအရပ်နှင့် မြေညီရာအရပ်၌ များစွာသော သိုးနွားတို့ကို ဆည်းပူး၍ တောင်အရပ်၊ မြေကောင်းသောအရပ်၌ လယ်လုပ်သောသူနှင့် စပျစ်ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့သောအမှုများကို ဝါသနာရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။ အခန်းကိုကြည့်ပါ။ |
သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် လေဗနုန် ပြည်ရှိအမြင့်ဆုံးတောင်များကိုနှိမ်နင်းအောင်မြင် ခဲ့ကြောင်း ငါ့အားကြွားဝါရန်သံတမန်များကို စေလွှတ်ခဲ့၏။ သင်သည်ထိုအရပ်ရှိအမြင့်ဆုံး သစ်ကတိုးပင်များနှင့် အလှဆုံးထင်းရှူးပင် များကိုခုတ်လှဲကာ တောနက်ကြီးများသို့ ရောက်ရှိခဲ့ကြောင်းကြွားဝါခဲ့၏။-