၂ ရာချုပ် 24:17 - Common Language Bible17 သို့ရာတွင်ယောယဒကွယ်လွန်ပြီးသည်နောက် ယုဒအမျိုးသားခေါင်းဆောင်များသည် ယောရှ မင်းအားမိမိတို့၏စကားကိုနားထောင်ရန် သွေးဆောင်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible17 ယော ယ ဒ ကွယ် လွန် ပြီး နောက်၊ ယု ဒ မှူး တော် မတ် တော် တို့ သည် ဘု ရင် မင်း ထံ တိုး ဝင် ပျပ် ဝပ်၍၊ ပေး ကြ သော အ ကြံ ကို ဘု ရင် မင်း လိုက် နာ သည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible17 ယောယဒသေသောနောက်၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ၍ ရှိခိုးကြ၏။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ယောယဒကွယ်လွန်သွားပြီးနောက်တွင် ယုဒအကြီးအကဲတို့သည် ရှင်ဘုရင်ထံလာ၍ ပျပ်ဝပ်ဦးညွှတ်ကြ၏။ ရှင်ဘုရင်သည်လည်း သူတို့စကားကို နားထောင်၏။ အခန်းကိုကြည့်ပါ။ |
ပြည်သူတို့သည်ဗိမာန်တော်တွင်ဘိုးဘေး များ၏ ဘုရားသခင်ထာဝရဘုရားဝတ် ပြုကိုးကွယ်မှုကိုစွန့်လျက် ရုပ်တုများနှင့် အာရှရဘုရားမ၏တံခွန်တိုင်များကို ဝတ်ပြုရှိခိုးကြလေသည်။ ဤသို့သူတို့ ကူးလွန်သည့်အပြစ်အတွက် ထာဝရ ဘုရား၏အမျက်တော်သည်ယုဒပြည် နှင့်ယေရုရှလင်မြို့အပေါ်သို့သက် ရောက်တော်မူ၏။-
``သို့ရာတွင်ဖြောင့်မတ်သောသူသည်ကောင်း မှုကိုရပ်စဲ၍ သူယုတ်မာတို့ပြုကျင့်တတ် သည့်စက်ဆုတ်ဖွယ်ရာဆိုးညစ်မှုတို့ကို ပြုလျှင် သူသည်ဆက်လက်၍အသက်ရှင် မည်လော။ အသက်မရှင်ရ။ သူပြုခဲ့သည့် ကောင်းမှုကိုငါအမှတ်ရတော့မည်မဟုတ်။ သူသည်သစ္စာမဲ့မှုကြောင့်အပြစ်ရှိ၍ မိမိကူးလွန်ခဲ့သည့်အပြစ်များ အတွက်သေရလိမ့်မည်။
ယုဒဘုရင်ယောရှသည်မိမိ၏အလျင် အုပ်စိုးခဲ့ကြသောယောရှဖတ်မင်း၊ ယဟောရံ မင်းနှင့်အာခဇိမင်းတို့ထာဝရဘုရားအား ဆက်ကပ်လှူဒါန်းခဲ့သည့်ပူဇော်သကာများနှင့် မိမိကိုယ်တိုင်ပေးလှူထားသည့်ပူဇော်သကာ များကိုလည်းကောင်း၊ ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များတွင်ရှိသမျှသောရွှေကိုလည်း ကောင်းယူ၍ လက်ဆောင်ပဏ္ဏာအဖြစ်ဟာဇေလ မင်းထံပေးပို့လိုက်၏။ ထိုအခါဟာဇေလ သည်မိမိ၏တပ်မတော်ကို ယေရုရှလင်မြို့ မှရုပ်သိမ်းသွားလေ၏။