၂ ရာချုပ် 24:12 - Common Language Bible12 မင်းကြီးနှင့်ယောယဒသည် ထိုငွေကိုဗိမာန် တော်မွမ်းမံပြင်ဆင်မှုလုပ်ငန်းကြီးကြပ်သူ များ၏လက်သို့ပေးအပ်ကြ၏။ ကြီးကြပ်သူ တို့သည်မွမ်းမံပြင်ဆင်မှုအတွက် ပန်းရန် သမား၊ လက်သမား၊ ပန်းပဲ၊ ပန်းတဉ်း သမားတို့ကိုငှားရမ်းကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 ဘု ရင် မင်း နှင့် ယော ယ ဒ တို့ သည်၊ ဗိ မာန် တော် လုပ် ကိုင် မှု ကို ဆောင် ရွက် သူ တို့ အား အပ် ၍၊ ဗိ မာန် တော် ကို ပြု ပြင် ခိုင် ခံ့ စေ ရန် ဗိသု ကာ၊ ပန်း ရန်၊ ပန်း ပဲ၊ ပန်း တဉ်း သ မား တို့ ကို ငှား သည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible12 ရှင်ဘုရင်နှင့် ယောယဒသည် ဗိမာန်တော်၏အမှုတော်စောင့်တို့၌ ထိုငွေကိုအပ်၍ ဗိမာန်တော်ကို ပြုပြင်စေခြင်းငှာ၊ ပန်းရန်သမား၊ လက်သမား၊ ပန်းပဲသမား၊ ပန်းတဉ်းသမားတို့အား ပေးဝေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ရှင်ဘုရင်နှင့်ယောယဒသည် ထိုငွေတို့ကို ထာဝရဘုရား၏အိမ်တော်အမှုကိုဆောင်ရွက်သူတို့လက်သို့အပ်၏။ သူတို့က ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ရန်အတွက် ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငှား၏။ ထို့အတူ ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ရန်အတွက် သံ၊ ကြေးနီတို့ကိုသွန်းလုပ်တတ်သောပန်းပဲသမားတို့ကို ငှား၏။ အခန်းကိုကြည့်ပါ။ |
နေ့စဉ်နေ့တိုင်းလေဝိအနွယ်ဝင်တို့သည် ထို သေတ္တာကိုတာဝန်ခံအရာရှိထံသို့ယူ ဆောင်သွားရကြလေသည်။ သေတ္တာပြည့် သည့်အခါတိုင်းဘုရင့်အတွင်းဝန်နှင့်ယဇ် ပုရောဟိတ်မင်း၏ကိုယ်စားလှယ်တစ်ဦး သည်လာ၍ ငွေများကိုထုတ်ယူပြီးလျှင် သေတ္တာကိုနေရာတကျပြန်၍ထားရ ကြ၏။ ဤနည်းအားဖြင့်သူတို့သည်ငွေ အမြောက်အမြားကိုရရှိကြလေသည်။
ယောရှိသည်မိမိနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်၌တိုင်းပြည်နှင့် ဗိမာန်တော်ကိုရုပ်တု ကိုးကွယ်ဝတ်ပြုမှုနှင့်ကင်းရှင်းသန့်စင် အောင်ပြုပြီးနောက်အာဇလိ၏သားရှာဖန်၊ ယေရုရှလင်ဘုရင်ခံမာသေယနှင့်ယော ခတ်၏သားအတွင်းဝန်ယောအာတို့အား ထာဝရအရှင်ဘုရားသခင်၏ဗိမာန် တော်ကိုမွမ်းမံပြင်ဆင်ရန်အတွက်စေ လွှတ်တော်မူ၏။-