၂ ရာချုပ် 23:15 - Common Language Bible15 သူတို့သည်အာသလိကိုဖမ်းဆီး၍နန်း တော်သို့ထုတ်ပြီးလျှင် မြင်းတံခါးဝ၌ ကွပ်မျက်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible15 အာ သ လိ ကို ကိုင် ဖမ်း လျက်၊ မြင်း သွင်း သော နန်း တော် တံ ခါး ဝ သို့ ရောက် လျှင် ကွပ် မျက် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible15 အာသလိကိုဖမ်းဆီးလျက်၊ နန်းတော်သို့သွားသော မြင်းလမ်းဝသို့ ရောက်သောအခါ သတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 သူ့ကိုဖမ်းချုပ်ခေါ်ဆောင်သွားပြီး ဘုရင့်နန်းတွင်း မြင်းဝင်ရာတံခါးဝသို့ရောက်သောအခါ သူ့ကို ကွပ်မျက်လိုက်ကြလေ၏။ အခန်းကိုကြည့်ပါ။ |
လူသေအလောင်းများနှင့်အမှိုက်များစွန့်ပစ် ရာချိုင့်ဝှမ်းတစ်ခုလုံးသည်လည်းကောင်း၊ အရှေ့ ဘက်မြင်းတံခါးတိုင်အောင်ကေဒြုန်ချောင်း အထက်ရှိလယ်ပြင်အပေါင်းသည်လည်းကောင်း ငါ့အဖို့မြင့်မြတ်သန့်ရှင်းရာဖြစ်လိမ့်မည်။ ဤမြို့တော်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှဖြိုချဖျက်ဆီးရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
ငွေကိုလက်ခံခဲ့လျှင်သင်တို့နေထိုင်ရာပြည် ကိုညစ်ညမ်းစေရာရောက်မည်။ လူသတ်မှုကူး လွန်ခြင်းသည်တိုင်းပြည်ကိုညစ်ညမ်းစေ၏။ သို့ ဖြစ်၍တိုင်းပြည်၌လူတစ်ယောက်အသတ်ခံ ရလျှင် လူသတ်မှုကူးလွန်သူအားသေဒဏ် ပေးခြင်းအားဖြင့်သာလျှင်ထိုပြည်ကိုပြန် လည်သန့်စင်စေနိုင်၏။-
အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။