Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 22:1 - Common Language Bible

1 အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့​သည်​ဝင်​ရောက် တိုက်​ခိုက်​ကာ ယ​ဟော​ရံ​၏​သား​တော်​အ​ငယ် ဆုံး​အာ​ခ​ဇိ​မှ​တစ်​ပါး အ​ခြား​သား​တော် အ​ပေါင်း​ကို​သတ်​လိုက်​ကြ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သား​တို့​သည်​အာ​ခ​ဇိ​အား​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် စေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အ နု ကြမ်း စီး လာ သော အာ ရပ် လူ မျိုး တို့ သည်၊ တပ် တော် အ တွင်း ဝင်၍ နောင် တော် တို့ ကို ကွပ် မျက် သော ကြောင့်၊ သား တော် ထွေး အာ ဇ ခိ ကို၊ ခ မည်း တော် အ ရိုက် အ ရာ၌၊ ပြည် သူ ပြည် သား တို့ မင်း မြှောက် ကြ ကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အာ​ရပ်​လူ​တို့​နှင့်​လိုက်​လာ​သော တပ်​သား​တို့​သည် တပ်​ထဲ​သို့​ဝင်၍၊ ယု​ဒ​ရှင်​ဘု​ရင် ယ​ဟော​ရံ၏ သား​တော်​အ​ကြီး​ရှိ​သ​မျှ​တို့​ကို သတ်​သော​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သား​ထွေး​အာ​ခ​ဇိ​ကို ခ​မည်း​တော်​အ​ရာ၌​ချီး​မြှောက်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 အာရပ်​လူ​တို့​နှင့်အတူ တပ်စခန်း​သို့​လိုက်လာ​သော ဓားပြ​အဖွဲ့​သည် ယဟောရံ​မင်းကြီး​၏​သား​တော်​အကြီး​အားလုံး​ကို သတ်ပစ်​သောကြောင့် ဂျေရုဆလင်​မြို့သား​တို့​သည် အငယ်ဆုံး​သား​တော်​အာခဇိ​အား ခမည်းတော်​၏​အရိုက်အရာ​ကို​ဆက်ခံ​စေ​၏​။ ထို့ကြောင့် ယုဒ​ဘုရင်​ယဟောရံ​မင်းကြီး​၏​သား​တော် အာခဇိ နန်းတက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 22:1
12 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ကွယ်​လွန်​သူ​အာ​ခ​ဇိ​၏​ဆွေ​မျိုး အ​ချို့​နှင့်​တွေ့​၍ သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သူ​များ​ပေ​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က``အာ​ခ​ဇိ​၏​ဆွေ​တော်​မျိုး​တော် များ​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​ယေ​ဇ ဗေ​လ​မိ​ဖု​ရား​၏​သား​တော်​သ​မီး​တော်​များ နှင့် အ​ခြား​မင်း​ဆွေ​မင်း​မျိုး​တို့​အား​ဂါ​ရ​ဝ ပြု​ရန် ယေ​ဇ​ရေ​လ​မြို့​သို့​သွား​ကြ​ပါ​မည်'' ဟု​ဖြေ​ကြား​ကြ​၏။-


ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​၏​သား​တော်​ယော​ရံ ၏​နန်း​စံ​ငါး​နှစ်​မြောက်​၌ ယော​ရှ​ဖတ်​၏​သား​တော် ယ​ဟော​ရံ​သည်​အ​သက်​သုံး​ဆယ့်​နှစ်​နှစ်​ရှိ​သော အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၏။ သူ သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​မျှ​နန်း​စံ​ရ​၏။-


ဤ​အ​တော​အ​တွင်း​၌​ပ​ရော​ဖက်​ဧ​လိ​ရှဲ သည် လူ​ငယ်​ပ​ရော​ဖက်​တစ်​ပါး​ကို​ခေါ်​၍``သင် သည်​ရာ​မုတ်​မြို့​သို့​သွား​ရန်​အ​သင့်​ပြင်​လော့။ ဤ​သံ​လွင်​ဆီ​ဘူး​ကို​လည်း​ယူ​သွား​လော့။ ထို မြို့​သို့​ရောက်​သော​အ​ခါ၊-


အာ​ခ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​နှစ်​နှစ် ၌​နန်း​တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ် မျှ​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဣ​သ​ရေ​လ​ဘု​ရင်​သြ​မ​ရိ​၏​မြေး​အာ​သ​လိ ဖြစ်​၏။-


ထို​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​စု​ဝေး​၍ ဘု​ရင့် သား​တော်​ယော​ရှ​နှင့်​ပ​ဋိ​ညာဉ်​ပြု​ကြ​၏။ ယော ယ​ဒ​က​သူ​တို့​အား``ကွယ်​လွန်​သော​ဘု​ရင် ၏​သား​တော်​သည်​ဤ​တွင်​ရှိ​ပါ​၏။ ဒါ​ဝိဒ်​မင်း ၏​သား​မြေး​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​ခဲ့​သည့်​အ​တိုင်း​သူ​သည် ယ​ခု​နန်း​တက်​ရ​မည်​ဖြစ်​သည်။-


ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​ပြီး​လျှင် မြို့​ရိုး​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ကိုက်​နှစ်​ရာ​မျှ​ကို​ဖြို​ချ​လိုက်​၏။-


ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည်​အာ​မ​ဇိ​၏ သား​တော်​အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ သြ​ဇိ​ကို ဘု​ရင်​အ​ဖြစ်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​ရန်​ရွေး​ချယ် ကြ​လေ​သည်။-


သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​က​အာ​မုန်​အား လုပ်​ကြံ​သူ​တို့​ကို​ကွပ်​မျက်​ပြီး​လျှင် သူ​၏ သား​တော်​ယော​ရှိ​အား​နန်း​တင်​ကြ​လေ သည်။


ယု​ဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏​သား​တော် ယော​ခတ်​ကို​ရွေး​ချယ်​၍ ယေ​ရု​ရှ​လင်​မြို့ တွင်​မင်း​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ