၂ ရာချုပ် 21:10 - Common Language Bible10 ယဟောရံသည်မိမိဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအားစွန့်ပယ်တော်မူ သဖြင့် ဤအချိန်ကာလအတွင်း၌ပင် လိဗနမြို့သည်လည်းပုန်ကန်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible10 ယု ဒ ဘု ရင် လက် အောက် ခံ ဖြစ် သော ဧ ဒုံ လူ မျိုး သည်၊ ယ နေ့ တိုင် အောင် ခြား နား လေ၏။ လိ ဗ န မြို့ လည်း၊ ဘေး တော် ဘိုး တော် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စွန့် ခွာ သော ဘု ရင့် လက် အောက် မှ၊ ထို ကာ လ ပုန် ကန် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 သို့သော်လည်း၊ ဧဒုံပြည်သားတို့သည် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်ကြ၏။ ထိုကာလ၌၊ လိဗနပြည်သည်လည်း ပုန်ကန်၏။ အကြောင်းမူကား၊ ယဟောရံသည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကိုစွန့်၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ယဟောရံမင်းကြီးသည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ယုဒပြည်၏လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် သူ့ကို ယနေ့တိုင်အောင် ပုန်ကန်၏။ တစ်ချိန်တည်းမှာပင် သူ၏လက်အောက်ခံဖြစ်သော လိဗနပြည်သည်လည်း သူ့ကိုပုန်ကန်လေ၏။ အခန်းကိုကြည့်ပါ။ |
အာဇရိသည်အာသမင်းထံသို့သွားပြီးလျှင်``အို အာသမင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ် ဝင်တို့၊ ငါ၏စကားကိုနားထောင်ကြလော့။ သင် တို့သည်ထာဝရဘုရား၏ဘက်၌ရှိနေသမျှ ကာလပတ်လုံး ကိုယ်တော်သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ သင်တို့သည်ကိုယ်တော်အားရှာ ကြလျှင် ကိုယ်တော်သည်သင်တို့အားအတွေ့ ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်တို့သည် ကိုယ်တော်အားကျောခိုင်းကြပါကကိုယ် တော်သည်လည်းသင်တို့အားစွန့်ပယ်တော် မူလိမ့်မည်။-
ဤသို့ငါပြုရမည့်အကြောင်းမှာရှောလမုန်သည် ငါ့ကိုပစ်ပယ်၍ ဇိဒုန်ဘုရားမအာရှတရက်၊ မောဘဘုရားခေမုရှ၊ အမ္မုန်ဘုရားမိလကုံ တို့ကိုဝတ်ပြုကိုးကွယ်သောကြောင့်ဖြစ်၏။ ရှောလမုန်သည်ငါ၏အမိန့်တော်ကိုလွန်ဆန် လေပြီ။ သူသည်မကောင်းမှုကိုပြု၍ငါ၏ ပညတ်တော်များနှင့်အမိန့်တော်တို့ကိုသူ၏ ခမည်းတော်ဒါဝိဒ်နာခံသကဲသို့မနာခံ။-
သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။
ယဟောရံ၏လက်ထက်၌ဧဒုံပြည်သည် ပုန်ကန်၍ လွတ်လပ်သောနိုင်ငံဖြစ်လာလေ သည်။ ယဟောရံနှင့်သူ၏တပ်မှူးတို့သည် စစ်ရထားများနှင့်ထွက်ခွာ၍ ဧဒုံပြည်သို့ ချင်းနင်းဝင်ရောက်ကြ၏။ သူတို့သည်ထို အရပ်တွင်ဧဒုံတပ်မတော်၏အဝိုင်းခံ ရကြသော်လည်းညဥ့်အခါချိုးဖောက် ထွက်ပြေးကြလေသည်။-
ထိုအခါ၌ငါသည်အမျက်တော်ထွက်၍ သူ တို့ကိုစွန့်ပစ်သဖြင့်သူတို့သည်ပျက်စီးဆုံးရှုံး ကြလိမ့်မည်။ သူတို့သည်ကြောက်မက်ဖွယ်သော ဘေးဒဏ်များနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါ သူတို့၏ဘုရားသခင်ဖြစ်တော်မူသောငါသည် သင်တို့နှင့်အတူမရှိတော့သဖြင့် ဤကဲ့သို့ သောဘေးဒဏ်များနှင့်တွေ့ကြုံရသည်ဟု သိမြင်လာကြလိမ့်မည်။-
သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။