၂ ရာချုပ် 18:22 - Common Language Bible22 ထိုနောက်မိက္ခာက``ထာဝရဘုရားသည်ဤပရော ဖက်တို့ကိုအရှင့်အားလိမ်လည်ဟောပြောစေ တော်မူ၏။ သို့ရာတွင်အရှင်တွေ့ကြုံရမည့်ဘေး အန္တရာယ်ကိုမူထာဝရဘုရားကိုယ်တော်တိုင် စီရင်ခွဲခန့်ထားတော်မူ၏'' ဟုဆိုလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible22 သို့ ဖြစ် ၍ ထာ ဝ ရ ဘု ရား သည်၊ ထို ပ ရော ဖက် တို့ နှုတ် တွင် လှည့် ပတ် သော နတ် ပူး ကပ် စေ တော် မူ သည့် အ တိုင်း၊ ဘု ရင် မင်း အ ပေါ် ၌ လည်း၊ အ မင်္ဂ လာ ဗျာ ဒိတ် ကို ပေး တော် မူ ခဲ့ ပြီ ဟု ဖော် ပြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 သို့ဖြစ်၍ ထာဝရဘုရားသည် မုသားစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ထို့ကြောင့် ယခုကြည့်ပါ။ ထာဝရဘုရားသည် မင်းကြီး၏ပရောဖက်အပေါင်းတို့နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ကို သွင်းတော်မူပြီ။ မင်းကြီးလည်း ဘေးဆိုးနှင့်ကြုံရမည်ဟူ၍ ထာဝရဘုရားမိန့်ဆိုလေပြီ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ငါသည်ယုဒပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ဆန့်ကျင် ဘက်ပြုရန်ကြံစည်လျက်နေတော်မူကြောင်း ကိုလည်းကောင်း၊ အပြစ်ဒဏ်ခတ်ရန်ပြင်ဆင် လျက်နေတော်မူကြောင်းကိုလည်းကောင်းပြော ကြားလော့။ အသီးသီးဒုစရိုက်တွင်ကျင် လည်မှုကိုရပ်စဲကြရန်၊ မိမိတို့လမ်းစဉ် နှင့်အကျင့်အကြံများကိုပြောင်းလဲကြ ရန်သူတို့အားထာဝရဘုရားဆင့်ဆို မှာကြားကြောင်းပြောကြားလော့။-
အာဟပ်က``အခြားပရောဖတ်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော။ အဆိုး ကိုသာလျှင်အစဉ်ဟောတတ်သဖြင့်သူ့ ကိုကျွန်ုပ်မုန်းပါ၏'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``အဆွေတော်ဤသို့ မပြောသင့်ပါ'' ဟုဆို၏။