Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 17:11 - Common Language Bible

11 ဖိ​လိတ္တိ​အ​မျိုး​သား​အ​ချို့​တို့​သည်​ယော ရှ​ဖတ်​ထံ​သို့ ငွေ​အ​မြောက်​အ​မြား​နှင့် အ​ခြား​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင် လာ​ကြ​၏။ အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့ က​လည်း​သိုး​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ် ရာ​နှင့် ဆိတ်​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ်​ရာ ကို​ယူ​ဆောင်​လာ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ဖိ လိ တ္တိ လူ မျိုး အ ချို့ တို့ သည် ယော ရှ ဖတ် မင်း ထံ ငွေ ခွန် တော်၊ ပ ဏ္ဏာ တော် များ ကို ဆက် သွင်း ၍၊ အာ ရပ် လူ မျိုး တို့ လည်း၊ သိုး ထီး ခု နစ် ထောင့် ခု နစ် ရာ၊ ဆိတ် ထီး ခု နစ် ထောင့် ခု နစ် ရာ များ ကို ဆက် သ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဖိ​လိ​တ္တိ​လူ​တို့​သည် လက်​ဆောင်​နှင့် အ​ခွန်​ငွေ​ကို​လည်း​ကောင်း၊ အာ​ရပ်​လူ​တို့​သည် သိုး​ခု​နစ်​ထောင်​ခု​နစ်​ရာ​နှင့် ဆိတ်​ခု​နစ်​ထောင်​ခု​နစ်​ရာ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဖိလိတ္တိ​လူမျိုး​တို့​သည် ယောရှဖတ်​မင်းကြီး​အား ဆက်ကြေး​အဖြစ် လက်ဆောင်ပဏ္ဏာ​များ​၊ ငွေ​များ​ကို ဆက်သ​ကြ​၏​။ အာရပ်​လူမျိုး​တို့​သည်​လည်း သိုးထီး​ခုနစ်​ထောင့်​ခုနစ်​ရာ​၊ ဆိတ်ထီး​ခုနစ်​ထောင့်​ခုနစ်​ရာ​တို့​ကို ဆက်သ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 17:11
11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မင်း​ကြီး​သည်​မော​ဘ​ပြည်​သား တို့​ကို​နှိမ်​နင်း​တော်​မူ​၍ ဖမ်း​ဆီး​ရ​မိ​သူ​တို့ အား မြေ​ပေါ်​တွင်​လှဲ​ချ​စေ​ပြီး​လျှင် သုံး​ပုံ နှစ်​ပုံ​မျှ​သော​သူ​တို့​ကို​သတ်​စေ​၏။ သို့​ဖြစ် ၍​မော​ဘ​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​၏​လက် အောက်​ခံ​ဖြစ်​လာ​၍​အ​ခွန်​ဆက်​သ​ရ ကြ​၏။


တု​ရု​ဘု​ရင်​ဟိ​ရံ​သည် ဒါ​ဝိဒ်​မင်း​၏​အ​ဆွေ တော်​အ​ဖြစ်​နှင့်​အ​စဉ်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ ထို့​ကြောင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ကို​ရှော​လ​မုန်​ဆက်​ခံ​၍ နန်း​တက်​သည့်​အ​ကြောင်း ကို​ကြား​သိ​သော​အ​ခါ​သံ​တ​မန်​များ​ကို ရှော​လ​မုန်​ထံ​သို့​စေ​လွှတ်​လေ​သည်။-


မော​ဘ​ဘု​ရင်​မေ​ရှာ​သည်​သိုး​များ​ကို​မွေး​မြူ​ကာ နှစ်​စဉ်​နှစ်​တိုင်း​ဣ​သ​ရေ​လ​ဘု​ရင်​အား​သိုး​ငယ် အ​ကောင်​တစ်​သိန်း​ကို​လည်း​ကောင်း၊ သိုး​ကြီး​အ ကောင်​တစ်​သိန်း​မှ​ရ​ရှိ​သော​သိုး​မွေး​ကို​လည်း ကောင်း အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​ဆက်​သ​လေ့​ရှိ​၏။-


သို့​ဖြစ်​၍​ယော​ရှ​ဖတ်​သည်​တန်​ခိုး​ကြီး​သည် ထက်​ကြီး​လာ​တော်​မူ​၏။ သူ​သည်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​တွင်​ခံ​တပ်​များ​ကို​လည်း ကောင်း၊-


ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှ​ဖတ်​၏​အာ​ဏာ ကို​တည်​စေ​တော်​မူ​၏။ ပြည်​သူ​အ​ပေါင်း​တို့ သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ ဆောင်​လာ​ကြ​၏။ ထို​ကြောင့်​မင်း​ကြီး​သည် ချမ်း​သာ​ကြွယ်​ဝ​ကာ​ဂုဏ်​အ​သ​ရေ​ကြီး မြင့်​လာ​တော်​မူ​၏။-


ပင်​လယ်​ကမ်း​ခြေ​တွင်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​သော​ဆူ​ဒန်​အ​မျိုး​သား​တို့​အ​နီး​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​နှင့်​အာ​ရပ်​အ​မျိုး​သား အ​ချို့​တို့​သည်​နေ​ထိုင်​ကြ​၏။ ထာ​ဝရ​ဘု​ရား သည်​ဤ​သူ​တို့​ကို​ယ​ဟော​ရံ​အား​တိုက် ခိုက်​စေ​တော်​မူ​၏။-


အမ္မုန်​အ​မျိုး​သား​တို့​သည်​သြ​ဇိ​အား​လက် ဆောင်​ပဏ္ဏာ​များ​ဆက်​သ​ရ​ကြ​၏။ သူ​သည် အ​လွန်​တန်​ခိုး​ကြီး​မား​လာ​သ​ဖြင့်​သူ​၏ ဂုဏ်​သ​တင်း​သည်​အီ​ဂျစ်​ပြည်​သို့​ပင်​ပျံ့​နှံ့ သွား​လေ​၏။


ထို​သူ​အ​သီး​သီး​တို့​သည်​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ်​ထည်၊ လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​နှင့် လား​တို့​ကို​လက်​ဆောင်​အ​ဖြစ်​ဖြင့်​ရှော​လ​မုန် ထံ​နှစ်​စဉ်​ဆက်​သ​ကြ​လေ​သည်။


ထို​မြို့​တွင်​အ​ဘယ်​အ​ခါ​၌​မျှ​လူ​တို့​နေ​ထိုင် ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​အာ​ရပ်​အ​မျိုး သား​ခ​ရီး​သည်​မျှ​လည်း​တဲ​ထိုး​တည်း​ခို​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သိုး​ထိန်း​မျှ လည်း​ထို​အ​ရပ်​တွင်​မိ​မိ​၏​သိုး​အုပ်​ကို​ထိန်း ကျောင်း​ရ​လိမ့်​မည်​မ​ဟုတ်။-


အာ​ရပ်​သား​များ​နှင့်​ကေ​ဒါ​ဘု​ရင်​တို့ သည်​သင်​၏​ကုန်​စည်​များ​ကို​သိုး​ငယ်၊ သိုး ကြီး​နှင့်​ဆိတ်​များ​ကို​ပေး​၍​ဝယ်​ယူ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ