၂ ရာချုပ် 16:3 - Common Language Bible3 ``အကျွန်ုပ်တို့သည်အကျွန်ုပ်တို့၏ခမည်း တော်များကဲ့သို့မဟာမိတ်ဖွဲ့ကြကုန်အံ့။ ဤရွှေ၊ ငွေမှာအဆွေတော်အတွက်လက် ဆောင်ဖြစ်ပါ၏။ ဗာရှာမင်းသည်မိမိစစ်တပ် များကို အကျွန်ုပ်၏နယ်မြေမှရုပ်သိမ်းသွား စေရန်အဆွေတော်သည် သူနှင့်ဖွဲ့သောမဟာ မိတ်ကိုဖျက်သိမ်း၍ကူညီပါလော့'' ဟု မှာလိုက်၏။ အခန်းကိုကြည့်ပါ။Garrad Bible3 ကျွန်ုပ် သည် အ ကြည် တော် နှင့် လည်း ကောင်း၊ ခ မည်း တော် သည် အ ကြည် တော့် ခ မည်း တော် နှင့်လည်း ကောင်း၊ မ ဟာ မိတ် ဖြစ် ကြ သည့် အ လျောက်၊ ရွှေ ငွေ များ ကို ကျွန်ုပ် ပေး ပို့ ပါ၏။ ကျွန်ုပ် နယ် စပ် မှ ဣ သ ရေ လ ဘု ရင် ဗာ ရှာ မင်း ထွက် သွား စေ ရန်၊ သူ နှင့် ဖွဲ့ ခဲ့ သော မ ဟာ မိတ် ကို ဖျက်၍၊ ကူ ညီ ပါ ဟူ သော အ မှာ တော် ကို၊ ဗင်္ဟာ ဒဒ် မင်း လိုက် နာ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible3 ငါသည်သင်နှင့်လည်းကောင်း၊ ငါ့ခမည်းတော်သည် သင့်ခမည်းတော်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါပေးလိုက်၏။ ဣသရေလ ရှင်ဘုရင်ဗာရှာသည် ငါ့ထံမှထွက်သွားစေခြင်းငှာ၊ သူနှင့်ဖွဲ့သော မိတ်သဟာယကိုဖျက်၍ လာပါဟု မှာလိုက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 “သင့်ခမည်းတော်နှင့်အကျွန်ုပ်၏ခမည်းတော် ကတိသစ္စာပြုခဲ့သကဲ့သို့ သင်နှင့်အကျွန်ုပ်လည်း ကတိသစ္စာပြုခဲ့ပါ၏။ ယခု သင့်အား ရွှေငွေများကို ပို့ပေးလိုက်ပါ၏။ အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် အကျွန်ုပ်ထံမှ တပ်ရုပ်သွားရန် သူနှင့်ပြုသောကတိသစ္စာကို သွား၍ဖျက်ပါလော့”ဟု မှာလိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''
သူက``အဆွေတော်သည်ရာမုတ်မြို့ကိုတိုက် ခိုက်ရန်ကျွန်ုပ်နှင့်အတူလိုက်မည်လော'' ဟု မေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိ ချိန်၌ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏တပ်မတော်သည်လည်းထိုနည်းတူ ပင်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည်သင်နှင့်အတူ လိုက်ပါမည်'' ဟုပြန်ပြောတော်မူ၏။-
(ဂိဗောင်မြို့မှလူတို့သည်ကားဣသရေလ အမျိုးသားများမဟုတ်။ သူတို့သည်အာ မောရိအမျိုးသားလူနည်းစုဖြစ်၍ သူတို့ အားဣသရေလအမျိုးသားတို့ကကာ ကွယ်စောင့်ရှောက်မည်ဟုကတိထားခဲ့၏။ သို့ ရာတွင်ရှောလုသည်ဣသရေလနှင့်ယုဒ ပြည်သူတို့အတွက် စိတ်ထက်သန်မှုကြောင့် ဂိဗောင်မြို့မှလူတို့အားသုတ်သင်ရန် ကြိုးစားခဲ့သတည်း။-)
ဗင်္ဟာဒဒ်သည်အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိတပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသ ရေလမြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူ တို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့ နှင့်နဿလိနယ်မြေရှိပစ္စည်းသိုလှောင်ရာ မြို့အပေါင်းကိုသိမ်းယူလိုက်ကြ၏။-