Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 14:12 - Common Language Bible

12 အာ​သ​နှင့်​ယု​ဒ​တပ်​မ​တော်​သည်​ဆူ​ဒန် အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ကြ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​အ​မျိုး သား​တို့​ကို​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 အာ သ မင်း နှင့် ယု ဒ ရဲ မက် တို့ ရှေ့၊ ဘု ရား သ ခင် ဒဏ် စီ ရင် တော် မူ သ ဖြင့်၊ ဆုတ် ပြေး ရ သော ကု ရှ ရဲ မက် တို့ ကို၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထာ​ဝ​ရ​ဘု​ရား​သည် ကု​ရှ​လူ​တို့​ကို အာ​သ​နှင့် ယု​ဒ​လူ​တို့​ရှေ့​မှာ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ပြေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထာဝရဘုရား​သည် အီသီယိုးပီးယား​လူမျိုး​ကို အာသ​မင်းကြီး​နှင့်​ယုဒ​လူမျိုး​တို့​ရှေ့​၌ ရှုံးနိမ့်​စေ​သဖြင့် အီသီယိုးပီးယား​လူမျိုး​တို့ ထွက်ပြေး​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 14:12
17 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​အ​မျိုး​သား​တို့​သည်​အဘိယ​၏​ခေါင်း ဆောင်​မှု​ဖြင့် အ​သံ​ကျယ်​စွာ​ကြွေး​ကြော် လျက်​တိုက်​ခိုက်​ကြ​ကုန်​၏။-


သို့​ရာ​တွင်​အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့ အား​သေ​ခြင်း​ကို​အောင်​မြင်​ခွင့်​ပေး​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။


ထို့​ကြောင့်​ငါ​သည်​ပန်း​ဝင်​ရာ​သို့ တည့်​မတ်​စွာ ပြေး​၏။ ငါ​သည်​မိ​မိ​လက်​သီး​စွမ်း​ကို​အ​ချည်း နှီး​မ​ဖြုန်း​တီး​သည့်​လက်​ဝှေ့​သ​မား​နှင့်​တူ​၏။-


ငါ​တို့​၏​ဘက်​တွင်​ဘု​ရား​သ​ခင်​ရှိ​တော်​မူ​လျှင် ငါ​တို့​သည်​အောင်​မြင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​ငါ​တို့​၏​ရန်​သူ​များ​ကို နှိမ်​နင်း​တော်​မူ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဖ​ရို ဖ​ရဲ​ထွက်​ပြေး​စေ​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ဂိ​ဗောင်​မြို့ တွင်​ရန်​သူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ် ၍ ဗေ​သော​ရုံ​တောင်​ကြား​ကို​လွန်​လျက်​တောင် ဘက်​အ​ဇေ​ကာ​မြို့​နှင့်​မက္က​ဒါ​မြို့​များ​သို့ တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ကြ​လေ​သည်။-


`` `ငါ​တစ်​ဆူ​တည်း​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ ငါ​သာ​လျှင်​စစ်​မှန်​သော​ဘု​ရား​ဖြစ်​၏။ ငါ​သည်​အ​သက်​ကို​ရုပ်​သိမ်း​ပိုင်​၏။ အ​သက်​ကို​ပေး​ပိုင်​၏။ ငါ​သည်​ဒဏ်​ရာ​ရ​စေ​နိုင်​၏။ ဒဏ်​ရာ​ကို​ပျောက်​ကင်း​စေ​နိုင်​၏။


``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​တိုက်​ခိုက် သော​ရန်​သူ​များ​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​တစ်​လမ်း​တည်း​ဖြင့်​လာ​ရောက် တိုက်​ခိုက်​သော်​လည်း လမ်း​အ​သွယ်​သွယ်​ဖြင့် ထွက်​ပြေး​ရ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရ​ထား​ဘီး များ​ကို​ကျွတ်​ထွက်​စေ​တော်​မူ​သ​ဖြင့် သူ​တို့ ၏​ရ​ထား​များ​ကို​အ​သွား​ရ​ခက်​စေ​တော် မူ​၏။ ထို့​ကြောင့်​အီ​ဂျစ်​အ​မျိုး​သား​တို့​က``ထာ ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​နေ​၍ ကျွန်ုပ်​တို့​ကို​တိုက်​ခိုက်​လျက် ရှိ​တော်​မူ​၏။ ထွက်​ပြေး​ကြ​စို့'' ဟု​ဆို​ကြ​၏။


သူ​တို့​စ​၍​သီ​ချင်း​ဆို​ကြ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ချင်း​နင်း​ဝင်​ရောက်​လာ​သော​တပ် တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော်​မူ​၏။-


သူ​သည်​စစ်​ရ​ထား​တစ်​ထောင့်​နှစ်​ရာ၊ မြင်း​စီး သူ​ရဲ​ခြောက်​သောင်း​နှင့်​လိ​ဗု​ပြည်​သား၊ သု​ကိ ပြည်​သား၊ ဆူ​ဒန်​ပြည်​သား​တို့​အ​ပါ​အ​ဝင် မ​ရေ​မ​တွက်​နိုင်​သော​စစ်​သည်​တော်​များ​ပါ ရှိ​သည့်​တပ်​မ​တော်​ကြီး​ကို​ခေါင်း​ဆောင်​၍ လာ​၏။-


ထာ​ဝ​ရ​ဘု​ရား​က``အို ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​ကို​ကု​ရှ​လူ​မျိုး နှင့်​တန်း​တူ​သ​ဘော​ထား​ခဲ့​၏။ ငါ​သည်​သင် တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သ​ကဲ့ သို့ ဖိ​လိတ္တိ​လူ​မျိုး​ကို​က​ရေ​တေ​ကျွန်း​မှ လည်း​ကောင်း၊ ရှု​ရိ​လူ​မျိုး​ကို​တိ​ရ​ပြည် မှ​လည်း​ကောင်း​ထုတ်​ဆောင်​လာ​ခဲ့​၏။-


ဇိ​ဒုန်​မြို့​မှ​တောင်​ဘက်​ရှိ​ဂါဇ​မြို့​အ​နီး​ဂေ​ရာ မြို့​သို့​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​သောဒုံ​မြို့၊ ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​လာ​ရှ​မြို့​အ​နီး ဇေ​ဘိုင်​မြို့​သို့​လည်း​ကောင်း​အ​နှံ့​အ​ပြား ရောက်​ရှိ​နေ​ထိုင်​ကြ​၏။-


နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​၌ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။-


ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။


သူ​တို့​သည်​ရန်​သူ​များ​ဘက်​မှ​ကု​လား​အုတ် ငါး​သောင်း၊ သိုး​နှစ်​သိန်း​ငါး​သောင်း​နှင့်​မြည်း နှစ်​ထောင်​ကို​လက်​ရ​ဖမ်း​မိ​ကြ​၏။ သုံ့​ပန်း တစ်​သိန်း​ကို​လည်း​ရ​ရှိ​ကြ​၏။-


ထို​နေ့​၌​သူ​တို့​သည်​မိ​မိ​တို့​ဆောင်​ခဲ့​သော လက်​ရ​ပစ္စည်း​များ​အ​နက် နွား​ခု​နစ်​ရာ​နှင့် သိုး​ခု​နစ်​ထောင်​ကို​ထာ​ဝရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ