Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 10:6 - Common Language Bible

6 ရော​ဗောင်​မင်း​သည်​ခ​မည်း​တော်​ရှော​လ​မုန်​၏ အ​တိုင်​ပင်​ခံ​အ​သက်​ကြီး​သူ​အ​မတ်​များ အား``ထို​သူ​တို့​ကို​ငါ​အ​ဘယ်​သို့​ဖြေ​ကြား ရ​ပါ​မည်​နည်း။ သင်​တို့​အ​ဘယ်​သို့​အ​ကြံ ပေး​လို​ကြ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထို အ ခါ ရော ဗောင် မင်း သည် ခ မည်း တော် ရှော လ မုန် မင်း လက် ထက် အ ပါး တော် မြဲ သူ၊ လူ ကြီး တို့ နှင့် တိုင် ပင် ရာ ဤ ပ ရိ သတ် အား ငါ ပြန် ပြော ရန် မည် သို့ အ ကြံ ပေး ကြ မည် နည်း ဟု မေး သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည် ခ​မည်း​တော်​ရှော​လ​မုန် အ​သက်​ရှင်​စဉ်​အ​ခါ၊ အ​ထံ​တော်၌​ခ​စား​သော အ​သက်​ကြီး​သူ​တို့​နှင့် တိုင်​ပင်၍၊ ဤ​သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု မေး​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို့နောက် ရောဗောင်​မင်းကြီး​သည် ခမည်းတော်​ရှောလမုန်​မင်းကြီး​အသက်ရှင်​စဉ်က ရှေ့​တော်​၌​ခစား​သူ​များ​ဖြစ်​သည့် သက်ကြီးဝါကြီး​များ​အား “​သင်​တို့ မည်သို့​အကြံပေး​မည်နည်း​။ ဤ​လူ​တို့​အား မည်သို့​ပြန်ပြော​ရ​မည်နည်း​”​ဟု တိုင်ပင်​မေးမြန်း​ရာ

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 10:6
11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​အ​ဗ​ရှ​လုံ​သည်​အ​ဟိ​သော​ဖေ​လ ၏​ဘက်​သို့​လှည့်​၍``ငါ​တို့​သည်​အ​ဘယ်​အ​မှု ကို​ပြု​ရ​ကြ​ပါ​မည်​နည်း။ ငါ​တို့​အား​အ​ကြံ ပေး​လော့'' ဟု​ဆို​၏။


ရော​ဗောင်​က``သုံး​ရက်​လွန်​ပြီး​မှ​ပြန်​လာ​ကြ လော့'' ဟု​ဆို​၏။ ထို့​ကြောင့်​ထို​လူ​တို့​သည်​ထွက် ခွာ​သွား​ကြ​၏။


နေ့ရက်ကာလတာရှည်သောသူသည် စကား ပြောအပ်၏။ နှစ်ပေါင်းများစွာလွန်သောသူသည် ပညာကို သွန်သင်အပ်၏။


မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။


နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှါ၊ ဆုံးမသော စကားကို နားထောင်၍ နည်းဥပဒေကို ခံယူ လော့။


ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏ အဆွေခင်ပွန်း ကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကို အိမ်သို့မသွားနှင့်။ နီသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက် သာ၍ကောင်း၏။


သင်​တို့​သည်​အ​မှား​ကြီး​မှား​လျက်​နေ​ကြ ကြောင်း ယ​ခု​သင်​တို့​အား​ငါ​သ​တိ​ပေး​၏။ သင်​တို့​သည်`အ​ကျွန်ုပ်​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​ပါ။ ကိုယ်​တော်​နှင့်​မိန့်​မှာ​တော်​မူ သ​မျှ​ကို​လည်း​အ​ကျွန်ုပ်​တို့​အား​ပြန်​လည် ပြော​ကြား​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် ရှင်​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း​ပြု​ပါ​မည်' ဟု​ဆို​၍​ငါ့​အား​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​စေ​လွှတ်​ခဲ့ ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ