၂ ရာချုပ် 10:5 - Common Language Bible5 ရောဗောင်က``သုံးရက်လွန်ပြီးမှပြန်လာကြ လော့'' ဟုဆို၏။ ထို့ကြောင့်ထိုလူတို့သည်ထွက် ခွာသွားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 ရော ဗောင် မင်း က၊ သုံး ရက် မြောက် မှ လာ ကြ ပါ ဦး ဟု မိန့် ဆို သည့် အ တိုင်း ပြန် သွား ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible5 ရောဗောင်ကလည်း၊ သုံးရက်လွန်မှ တစ်ဖန် လာကြဦးလော့ဟု မိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ထိုအခါ ရောဗောင်မင်းကြီးက “သုံးရက်ကြာမှ ငါ့ထံသို့ပြန်လာကြလော့”ဟု မိန့်ဆိုသဖြင့် လူတို့လည်း ပြန်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
``အရှင်၏ခမည်းတော်သည်အကျွန်ုပ်တို့အား ဖိနှိပ်ချုပ်ချယ်ခဲ့ပါ၏။ အကယ်၍အရှင်သည် ယင်းသို့ဖိနှိပ်ချုပ်ချယ်မှုကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့နေသာထိုင်သာအောင်ပြုတော် မူလျှင် အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။