Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ 4:7 - Common Language Bible

7 အိမ်​တွင်း​သို့​ရောက်​သည်​နှင့်​တစ်​ပြိုင်​နက်​ကောင်း စွာ​အိပ်​ပျော်​နေ​သော ဣ​ရှ​ဗော​ရှက်​၏​အိမ်​ခန်း သို့​ဝင်​၍​သူ့​အား​လုပ်​ကြံ​ကြ​၏။ ထို​နောက်​သူ ၏​ဦး​ခေါင်း​ကို​ဖြတ်​၍​ယူ​ဆောင်​ကာ တစ်​ညဥ့် လုံး​ယော်​ဒန်​ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 စက် ခန်း အ တွင်း သ လွန် ထက် ဝယ် စက် တော် ခေါ် သော ဣ ရှ ဗော ရှက် မင်း ကို ရိုက် သတ် ပြီး လျှင်၊ ခေါင်း ကို ဖြတ် ယူ လျက် အ ရာ ဗာ ချိုင့် လမ်း ဖြင့် တစ် ညဉ့် လုံး ပြေး သွား၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အိပ်​ခန်း​ထဲ အိပ်​ရာ​ပေါ်​မှာ အိပ်​လျက်​နေ​သော ဣ​ရှ​ဗော​ရှက်၏​ဝမ်း​ကို ထိုး၍​သတ်​သ​ဖြင့်၊ ဦး​ခေါင်း​ကို ဖြတ်​ယူ​ပြီး​မှ တစ်​ည​လုံး လွင်​ပြင်​လမ်း​ဖြင့်​ပြေး၍ လွတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သူ​တို့​သည် အိမ်​ထဲသို့ ဝင်​၍ အိပ်ခန်း​ထဲရှိ အိပ်ရာ​ပေါ်တွင် ဣရှဗောရှက်​မင်းကြီး အိပ်​နေစဉ် သူ့​ကို​ထိုး​သတ်​ပြီးလျှင် သူ​၏​ခေါင်း​ကို​ဖြတ်​ပြီး ထို​ခေါင်း​ကို​ယူ​၍ အရာဗ​လွင်ပြင်​လမ်း​အတိုင်း တစ်ညလုံး​ထွက်ပြေး​လာ​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 4:7
8 ပူးပေါင်းရင်းမြစ်များ  

အာ​ဗ​နာ​နှင့်​သူ​၏​လူ​တို့​သည်​တစ်​ည​လုံး ယော်​ဒန်​ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​သွား​ကြ​၏။ သူ​တို့ သည်​ယော်​ဒန်​မြစ်​ကို​ကူး​၍ နောက်​တစ်​နေ့​တစ် မ​နက်​လုံး​ခ​ရီး​ပြု​ကြ​ပြီး​နောက်​မ​ဟာ​နိမ် မြို့​သို့​ရောက်​ကြ​၏။


မြစ်​ထဲ​တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​မည်။ ထို​ဖား တို့​သည်​မြစ်​ထဲ​မှ​သင်​၏​နန်း​တော်၊ အိပ်​ခန်း၊ အိပ်​ရာ၊ သင်​၏​မှူး​မတ်​နှင့်​ပြည်​သား​တို့​၏​အိမ် များ၊ သင်​၏​မီး​ဖို​နှင့်​မုန့်​နယ်​ရာ​ခွက်​များ​သို့ တက်​လာ​ကြ​လိမ့်​မည်။-


လင်​ပန်း​ပေါ်​တွင်​တင်​၍​သူ​ငယ်​မ​အား​ပေး​စေ တော်​မူ​၏။ သူ​ငယ်​မ​သည်​လည်း​ထို​ဦး​ခေါင်း​ကို မိ​ခင်​ထံ​သို့​ယူ​ဆောင်​သွား​၏။-


သူ​သည်​ဂေါ​လျတ်​ရှိ​ရာ​သို့​ပြေး​ပြီး​နောက် သူ့​ကို ခြေ​နှင့်​နင်း​ကာ​သူ​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ဆွဲ​ထုတ် ပြီး​လျှင် ခေါင်း​ကို​ဖြတ်​၍​သတ်​လေ​တော့​သည်။ ဖိ​လိတ္တိ​အ​မျိုး​သား​များ​သည် မိ​မိ​တို့​သူ​ရဲ ကောင်း​ကြီး​ကျ​ဆုံး​သွား​သည်​ကို​မြင်​ကြ သော​အ​ခါ​ထွက်​ပြေး​ကြ​ကုန်​၏။-


ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​၏​ဦး​ခေါင်း​ကို​ယူ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​သွား​၏။ ဂေါ လျတ်​၏​လက်​နက်​များ​ကို​မူ​မိ​မိ​၏​တပ် စ​ခန်း​တွင်​သိမ်း​ဆည်း​ထား​၏။


သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ သူ့ ထံ​မှ​ချွတ်​ယူ​သော​လက်​နက်​တန်​ဆာ​များ​နှင့် တ​ကွ ဖိ​လိတ္တိ​ပြည်​ရှိ​မိ​မိ​တို့​၏​နတ်​ဘု​ရား ရုပ်​တု​များ​နှင့် မိ​မိ​တို့​၏​အ​မျိုး​သား​များ ထံ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန်​လူ လွှတ်​ပေး​ပို့​ကြ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ