၂ ကော 3:9 - Common Language Bible9 အပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာတရားသည် ဘုန်းအသရေနှင့်ပြည့်စုံပါလျှင် ကယ်တင် ခြင်းဆိုင်ရာလုပ်ဆောင်ချက်သည်အဘယ် မျှသာလွန်၍ ဘုန်းအသရေနှင့်ပြည့်စုံ လိမ့်မည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible9 အ ပြစ် စီ ရင် ခြင်း ဆိုင် ရာ ဝတ် နည်း သည် ဘုန်း ပွင့် လျှင် တ ရား သေ လွှတ် ခြင်း ဆိုင် ရာ ဝတ် နည်း သည် ဘုန်း ထူး ပွင့် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible9 အပြစ်စီရင်တတ်သော တရားသည် ဘုန်းအာနုဘော်ရှိလျှင်၊ ထိုမျှမက ဖြောင့်မတ်စေတတ်သော တရားသည် ဘုန်းအာနုဘော်နှင့် သာ၍ ကြွယ်ဝပြည့်စုံလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 အကြောင်းမူကား အပြစ်ကိုထင်ရှားစေသည့်အမှု၌ ဘုန်းအသရေရှိလျှင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအမှုသည် သာ၍ကြီးမားသောဘုန်းအသရေနှင့် ပြည့်စုံပေလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 ပြစ်ဒဏ်ချမှတ်စေခြင်းနှင့်ဆိုင်သော တရားသည် ဘုန်းအသရေနှင့် ပြည့်စုံလျှင် ဖြောင့်မတ်စေခြင်းနှင့်ဆိုင်သောတရားသည် ပို၍ ဘုန်းအသရေနှင့် ပြည့်စုံပေလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ယေရှုခရစ်၏အစေခံနှင့်တမန်တော်ဖြစ်သူ ရှိမုန်ပေတရုထံမှ ငါတို့ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် ငါတို့ခံယူရသည့် ယုံကြည်ခြင်းကဲ့သို့အဖိုးထိုက်သည့်ယုံကြည် ခြင်းကိုရရှိကြကုန်သောသူတို့ထံသို့ စာရေးလိုက်သည်။
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
သူ့အားဘုရားသခင်ယင်းသို့လက်ခံတော်မူ ပြီးမှအာဗြဟံသည်အရေဖျားလှီးမင်္ဂလာ ခံရ၏။ ထိုအရေဖျားလှီးမင်္ဂလာကားဘုရား သခင်သည်အာဗြဟံ၏ယုံကြည်မှုကိုထောက် လျက် အရေဖျားလှီးမင်္ဂလာမခံမီဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူကြောင်းကိုသက်သေပြ သောအမှတ်လက္ခဏာပင်ဖြစ်၏။ သို့ဖြစ်၍ အာဗြဟံသည်အရေဖျားလှီးမင်္ဂလာကို မခံသော်လည်းဘုရားသခင်ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံသူအပေါင်းတို့၏အဖဖြစ်လာ ၏။-