Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကော 11:8 - Common Language Bible

8 ငါ​သည်​သင်​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​စဉ်​ကုန် ကျ​သည့်​စ​ရိတ်​များ​ကို​အ​ခြား​အ​သင်း​တော် များ​အား​ကျ​ခံ​စေ​ခဲ့​၏။ ငါ​တို့​သည်​သင်​တို့​ကို ကူ​ညီ​မ​စ​နိုင်​ရန်​ထို​အ​သင်း​တော်​များ​ကို ဋ္ဌား​ပြ​တိုက်​ရ​သ​ကဲ့​သို့​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ငါ သည် သင် တို့ ထံ အ မှု တော် ဆောင် ရ အံ့ သော ငှာ အ နု ကြမ်း သ ဖွယ် အ ခြား အ သင်း တော် တို့ မှ စ ရိတ် ခံ ယူ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သင်​တို့​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ အ​ခြား​သော​အ​သင်း​တော်​များ ပေး​သော​စ​ရိတ်​ကို ငါ​ခံ၍၊ သူ​တို့​ကို လု​ယူ​ရာ​သို့ ရောက်​လေ​ပြီ​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ငါ​သည် သင်​တို့​အမှု​ကို​ဆောင်ရွက်​ရန် အခြား​သော​အသင်းတော်​များ​ထံမှ စရိတ်​တောင်းယူ​ခြင်း​အားဖြင့် သူ​တို့​ကို​လုယူ​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ကျွန်ုပ်​သည် သင်တို့​ထံတွင် အမှုတော်​ကို ဆောင်ရွက်​ရန် လိုအပ်သော​အထောက်အပံ့​ကို အခြား​အသင်းတော်များ​ထံမှ ဓားပြ​တိုက်​သကဲ့သို့​ပင် ယူခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:8
5 ပူးပေါင်းရင်းမြစ်များ  

လက်​ဖြင့်​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​ကြ​ရ​၏။ ငါ​တို့​သည်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ​၏။ ညှင်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​သည်း​ခံ​ကြ​၏။-


ငါ​နှင့်​ဗာ​န​ဗ​တို့​သာ​လျှင်​မိ​မိ​တို့​စား​ဝတ် နေ​ရေး​အ​တွက် အ​လုပ်​လုပ်​ရ​မည်​လော။ အ​ဘယ် စစ်​သား​သည်​မိ​မိ​၏​စ​ရိတ်​နှင့်​အ​မှု​ထမ်း​ရ သ​နည်း။-


ထို့​အ​ပြင်​ငါ​သည်​သင်​တို့​ထံ​၌​ရှိ​နေ​စဉ်​ကြေး ငွေ​လို​အပ်​ချိန်​၌​သင်​တို့​အား​ဒုက္ခ​မ​ပေး​ခဲ့။ မာ ကေ​ဒေါ​နိ​ပြည်​မှ​လာ​ကြ​သည့်​ညီ​အစ်​ကို​များ က​ငါ​လို​သ​မျှ​ကို​ယူ​ဆောင်​လာ​ကြ​၏။ ငါ သည်​မိ​မိ​၏​အ​တွက်​မည်​သို့​မျှ​သင်​တို့​အား ဝန်​မ​လေး​စေ​ခဲ့။ နောင်​ကို​လည်း​ဝန်​လေး​စေ​မည် မ​ဟုတ်။-


သင်​တို့​ပေး​ပို့​လိုက်​သော​အ​လှူ​ပ​စ္စည်း​အား လုံး​ကို​ရ​ရှိ​ကြောင်း ဤ​တွင်​ဖော်​ပြ​ပါ​သည်။ ထို​အ​လှူ​ပ​စ္စည်း​များ​ကို​ဧ​ပ​ဖြော​ဒိတ်​ယူ လာ​ပေး​သ​ဖြင့် ငါ​လို​သ​မျှ​ရ​ရှိ​ပေ​ပြီ။ ထို အ​ရာ​တို့​သည်​မွှေး​ကြိုင်​သော​ပူ​ဇော်​သ​ကာ၊ ဘု​ရား​သ​ခင်​လက်​ခံ​နှစ်​သက်​တော်​မူ သော​ယဇ်​ကဲ့​သို့​ဖြစ်​ပါ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ