Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ သက် 2:18 - Common Language Bible

18 ငါ​တို့​သည်​သင်​တို့​ထံ​သို့​တစ်​ဖန်​လာ​ရောက် လို​ကြ​၏။ ငါ​ကိုယ်​တိုင်​သင်​တို့​ထံ​သို့​လာ​ရန် တစ်​ကြိမ်​နှစ်​ကြိမ်​ကြိုး​စား​ခဲ့​၏။ သို့​ရာ​တွင် စာ​တန်​က​ငါ​တို့​အား​ဆီး​တား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ငါ ပေါ လု သည် သင် တို့ ထံ တစ် ကြိမ် နှစ် ကြိမ် ရောက် လို သော် လည်း ငါ တို့ ကို စာ တန် ကန့် ကွက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​ကြောင့်၊ ငါ​ပေါ​လု​သည် သင်​တို့​ရှိ​ရာ​သို့ လာ​ခြင်း​ငှာ၊ နှစ်​ကြိမ်​မြောက်​အောင် အ​လို​ရှိ​သော်​လည်း၊ စာ​တန်​သည် ဆီး​တား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထို့ကြောင့် ငါ​တို့​သည် သင်​တို့​ထံသို့​လာ​ရန် အလိုရှိ​ကြ​၏။ ငါ​ပေါလု​သည် တစ်ကြိမ်​မက နှစ်​ကြိမ်​တိုင်အောင် အမှန်ပင်​ကြိုးစား​သော်လည်း စာတန်​သည် ငါ​တို့​ကို တားဆီး​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ထိုသို့ ကျွန်ုပ်တို့​သည် သင်တို့​ထံသို့ ပြန်လာ​ချင်​သောကြောင့် ကျွန်ုပ် ပေါလု​ကိုယ်တိုင် အကြိမ်ကြိမ်​ကြိုးစားခဲ့၏။ သို့သော် စာတန်​သည် ကျွန်ုပ်တို့​ကို တားဆီးခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 2:18
13 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်သည် တကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန်မြွက်တော်မူ၏။


ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​မာရ်​နတ်၊ ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လော့။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ​လျှင်​ဝတ်​ပြု​ရှိ​ခိုး​ရ​မည်။ ထို​အ​ရှင်​၏​အ​စေ​ကို​သာ​လျှင်​ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။


ညီ​အစ်​ကို​တို့၊ ယု​ဒ​လူ​မျိုး​မ​ဟုတ်​သူ​လူ မျိုး​ခြား​ထံ​တွင်​အ​မှု​တော်​ဆောင်​ရာ​၌ အောင် မြင်​ခဲ့​သည့်​နည်း​တူ​သင်​တို့​ထံ​တွင်​လည်း​အောင် မြင်​နိုင်​ရန် ငါ​သည်​သင်​တို့​ထံ​သို့​လာ​ရန်​အ​ဖန်​ဖန် ကြံ​စည်​ခဲ့​၏။ သို့​သော်​လည်း​အ​ကြောင်း​မ​ညီ ညွတ်​သ​ဖြင့်​မ​လာ​ဖြစ်​ခဲ့​ကြောင်း​ကို​သင်​တို့ အား​သိ​စေ​လို​၏။-


ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​အ​ကြိမ်​ကြိမ်​အ​ဖန် ဖန်​ကြိုး​စား​သော်​လည်း သင်​တို့​ထံ​သို့​မ​ရောက်​နိုင် ခဲ့​ပါ။-


``မေတ္တာ​ဖြင့်​ပေါ​လု'' ဟူ​၍​ဤ​စာ​ကို​ငါ​ကိုယ်​တိုင် လက်​မှတ်​ရေး​ထိုး​လိုက်​ပါ​၏။-


သက်​သာ​လော​နိတ်​မြို့​တွင်​ရှိ​စဉ်​အ​ခါ​က ငါ လို​သော​အ​ကူ​အ​ညီ​ကို​သင်​တို့​သည်​တစ် ကြိမ်​မ​က​ပေး​ပို့​ခဲ့​ကြ​ပေ​သည်။-


ငါ​ပေါ​လု​က​သင်​တို့​အား​နှုတ်​ဆက်​စ​ကား​ကို ငါ​ကိုယ်​တိုင်​ရေး​၏။ ငါ​သည်​အ​ကျဉ်း​ထောင်​ထဲ တွင်​ရှိ​နေ​သည်​ကို​သင်​တို့​မ​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့​ခံ​စား ရ​ကြ​ပါ​စေ​သ​တည်း။ ကော​လော​သဲ​သြ​ဝါ​ဒ​စာ​ပြီး​၏။


ငါ​၏​လက်​ဖြင့်​ဤ​စာ​လုံး​များ​ကို​ရေး​၏။ ငါ ပေါ​လု​သည်​သင်​တို့​အား​နှုတ်​ဆက်​၏။ ငါ​ပေး ပို့​သော​စာ​တိုင်း​တွင်​ဤ​အ​တိုင်း​လက်​မှတ်​ရေး ထိုး​၏။ ဤ​ကဲ့​သို့​ငါ​ရေး​၏။


သင်​ခံ​ရ​မည့်​ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​မ​စိုး ရိမ်​နှင့်။ စာ​တန်​သည်​သင်​တို့​အ​ချို့​ကို​ထောင်​ထဲ ၌​အ​ကျဉ်း​ချ​ထား​ခြင်း​အား​ဖြင့်​စစ်​ဆေး​လိမ့် မည်။ သင်​သည်​ဆယ်​ရက်​တိုင်​တိုင်​ဒုက္ခ​ခံ​ရ​လိမ့်​မည်။ သေ​သည်​တိုင်​အောင်​သစ္စာ​စောင့်​လော့။ သို့​မှ​သာ သင့်​အား​အ​သက်​သ​ရ​ဖူ​ကို​ငါ​ပေး​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ