၁ ရာချုပ် 6:44 - Common Language Bible44-47 မေရာရိသားချင်းစုမှဧသန်သည်တတိယ သံစုံသီချင်းအဖွဲ့ခေါင်းဆောင်ဖြစ်၏။ ဧသန် ၏အဖသည်ကိရှိ၊ ကိရှိ၏အဖမှာအာဖဒိ၊ အာဖဒိ၏အဖကားမလ္လုတ်ဖြစ်၏။ မလ္လုတ် ၏အဖသည်ဟာရှဗိ၊ ဟာရှဗိ၏အဖမှာ အာမဇိ၊ အာမဇိ၏အဖကားဟိလခိ ဖြစ်၏။ ဟိလခိ၏အဖသည်အံဇိ၊ အံဇိ ၏အဖမှာဗာနိ၊ ဗာနိ၏အဖကားရှမေရ ဖြစ်၏။ ရှမေရ၏အဖသည်မဟာလိ၊ မဟာ လိ၏အဖမှာမုရှိ၊ မုရှိ၏အဖကားမေ ရာရိဖြစ်၍ မေရာရိ၏အဖသည်လေဝိ ဖြစ်၏။ ဤသို့လျှင်ဧသန်၏ဘိုးဘေးစာရင်း သည်လေဝိတွင်အဆုံးသတ်သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible44-47 လေ ဝိ၊ မေ ရာ ရိ၊ မု ရှိ၊ မ ဟာ လိ၊ ရှ မာ ရ၊ ဗာ နိ၊ အံ ဇိ၊ ဟိ လ ခိ၊ အာ မ ဇိ၊ ဟာ ရှ ဘိ၊ မ လ္လုတ်၊ အာ ဗ ဒိ၊ ကိ ရှိ တို့ မှ ဆင်း သက် သူ၊ လက် ဝဲ ဘက် မှာ နေ ရာ ရ သော ဆွေ မျိုး သား ချင်း၊ မေ ရာ ရိ အ နွယ် ဧ သန် တစ် ပါး တို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible44-47 လေဝိ၊ မေရာရိ၊ မုရှိ၊ မဟာလိ၊ ရှမေရ၊ ဗာနိ၊ အံဇိ၊ ဟိလခိ၊ အာမဇိ၊ ဟာရှဗိ၊ မလ္လုတ်၊ အာဖဒိ၊ ကိရှိတို့မှဆင်းသက်သော ဧသန်တစ်ပါးမှစ၍ လက်ဝဲဘက်မှာနေရာရှိသော အပေါင်းအဖော်၊ မေရာရိအမျိုးသားများတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း44 သူတို့၏ညီအစ်ကိုဖြစ်သော မေရာရိ၏သားမြေး ဧသန်သည် ဟေမန်၏လက်ဝဲဘက်တွင် နေရာယူရ၏။ ဧသန်သည် ကိရှိ၏သား၊ ကိရှိသည် အာဗဒိ၏သား၊ အာဗဒိသည် မလ္လုတ်၏သား၊ အခန်းကိုကြည့်ပါ။ |
ယေဒုသုန်၏သားခြောက်ယောက်ဖြစ်ကြသော ဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိ သိတို့သည်မိမိတို့၏ဖခင်ညွှန်ကြားကွပ်ကဲ မှုကိုခံယူလျက် စောင်းသံနှင့်တွဲဖက်၍ဘုရားသခင်၏တရားတော်ကိုဟောပြောခြင်း၊ ထာဝရ ဘုရားအားထောမနာပြုခြင်း၊ ကျေးဇူးတော် ကိုချီးမွမ်းခြင်းအမှုတို့ကိုပြုရကြ၏။
ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
သူတို့သည်ကြေးလင်းကွင်းတီးရန်အဆို တော်သားချင်းစုများမှယောလ၏သား ဟေမန်နှင့် သူ၏ဆွေမျိုးဗေရခိ၏သား အာသပ်နှင့်မေရာရိသားချင်းစုမှကုရှာယ ၏သားဧသန်ကိုရွေးချယ်ကြ၏။ ထိုသူတို့ ကိုကူညီရာတွင်အသံမြင့်စောင်းများကို တီးရန်ဇာခရိ၊ ဗင်ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာ သေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ ဟူသောလေဝိအနွယ်ဝင်တို့ကိုရွေးချယ် ကြ၏။ အသံနိမ့်စောင်းများတီးရန်အတွက် မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယနှင့်ဗိမာန်တော်စောင့် သြဗဒေဒုံ၊ ယေလနှင့်အာဇဇိတို့ကို ရွေးချယ်ကြ၏။