၁ ရာချုပ် 4:9 - Common Language Bible9 ထိုအရပ်တွင်ယာဗက်နာမည်တွင်သောလူ တစ်ယောက်ရှိ၏။ သူသည်မိမိ၏အိမ်ထောင်စု တွင်အကြည်ညိုခံရဆုံးသောသူဖြစ်၏။ မိခင်ကသူ့အားယာဗက်ဟုနာမည်ပေး၏။ အဘယ်ကြောင့်ဆိုသော်သူ့ကိုဖွားမြင်ချိန် ၌မိခင်ဖြစ်သူသည်လွန်စွာဝေဒနာ ခံရသောကြောင့်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible9 နာ ကျင် စွာ ဝေ ဒ နာ ခံ စား ၍ ဖွား မြင် ရ သည် ကို အ စွဲ ပြု လျက် ယာ ဗက် ဟု မိ ခင် မှည့် သော သူ သည် ညီ အစ် ကို ချင်း တို့ ထက် အ သ ရေ ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 ထိုအဆွေအမျိုး၌ ယာဗက်သည် ထူးဆန်းသောသူဖြစ်၏။ သူ၏အမိက၊ ငါသည် ပြင်းစွာသောဝေဒနာကိုခံ၍ ဤသားကိုမြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ယာဗက်သည် အခြားညီအစ်ကိုတို့ထက် ထူးခြားသူဖြစ်၏။ သူ၏မိခင်သည် သူ့ကို ဖွားစဉ်အခါက “ဝေဒနာပြင်းစွာခံပြီး သူ့ကိုမွေးဖွားရသည်”ဟုဆို၍ သူ့ကို ယာဗက်ဟု အမည်မှည့်ခေါ်၏။ အခန်းကိုကြည့်ပါ။ |
ယာဗက်သည်``အို ဘုရားသခင်၊ ကျွန်တော်မျိုး အားကောင်းချီးပေးတော်မူ၍ မြေယာအမြောက် အမြားကိုပေးသနားတော်မူပါ။ ကျွန်တော် မျိုးနှင့်အတူရှိတော်မူပါ။ ကျွန်တော်မျိုး အားဒုက္ခဝေဒနာဖြစ်စေမည့်မကောင်းမှု မှန်သမျှမှကင်းလွတ်စေတော်မူပါ'' ဟု ဣသရေလအမျိုးသားတို့၏ဘုရား ထံတော်တွင်ဆုတောင်းပတ္ထနာပြုလေသော ကြောင့် ဘုရားသခင်သည်ယာဗက်တောင်း လျှောက်သည့်ဆုများကိုပေးသနားတော် မူသတည်း။
ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-