၁ ရာချုပ် 26:20 - Common Language Bible20 အခြားလေဝိအနွယ်ဝင်တို့ သည်ဗိမာန်တော်ဘဏ္ဍာတိုက်နှင့်ဘုရားသခင် အတွက် ဆက်ကပ်ထားသောလှူဖွယ်ပစ္စည်းများ သိုမှီးရာ ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible20 ဘု ရား သ ခင့် ဗိ မာန် အ ဆောင် အ ရွက် တော် နှင့် အ လှူ တော် ဘ ဏ္ဍာ များ ကို ထိန်း ရ သော သား ချင်း ဖြစ် သူ လေ ဝိ ဂိုဏ်း သား တို့ မှာ၊ အခန်းကိုကြည့်ပါ။Judson Bible20 လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင်၏အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 လေဝိအမျိုးတွင် အဟိယသည် ဘုရားသခင်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်တို့ကို စောင့်ကြပ်ရ၏။ အခန်းကိုကြည့်ပါ။ |
ဗိမာန်တော်တွင်စားနပ်ရိက္ခာအမြောက် အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့ အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။ ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြူတင်းပေါက် များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး မင်္ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-
ထိုကာလ၌နှစ်စဉ်အသီးအနှံဦးများနှင့်အဦးမှည့်သည့်သစ်သီးများ၏ဆယ်ဖို့တစ်ဖို့နှင့်အခြားအလှူများထားရှိရာပစ္စည်းသိုလှောင်ခန်းများအတွက်တာဝန်ခံပစ္စည်းထိန်းတို့ကိုခန့်ထားကြ၏။ ဤသူတို့သည်ပညတ်ကျမ်းတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့အတွက်အလှူများကိုမြို့ရွာများအနီးရှိလယ်ယာအသီးသီးမှကောက်ခံရန်တာဝန်ယူကြရလေသည်။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် သန့်စင်မှုမင်္ဂလာနှင့်အခြားဘုရားသခင်မိန့်မှာတော်မူသည့်အခြားဘာသာရေးဝတ်များကိုလည်းပြုကြသည်ဖြစ်၍ ယုဒပြည်သူများသည်အားရဝမ်းမြောက်ကြ၏။ ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားများကလည်း ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်စီရင်တော်မူခဲ့သည့်အတိုင်း မိမိတို့တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြလေသည်။