၁ ရာချုပ် 23:29 - Common Language Bible29 သူတို့သည်ဘုရားသခင်အားပူဇော်သည့်မုန့်၊ ပူဇော်သကာအဖြစ်အသုံးပြုသည့်မုန့်ညက်၊ တဆေးမဲ့မုန့်ပြားများ၊ မီးဖြင့်ထုတ်လုပ်သည့် ပူဇော်သကာများ၊ ဆီနှင့်ရောသောမုန့်ညက် တို့အတွက်တာဝန်ယူရကြ၏။ သူတို့သည် ဗိမာန်တော်ပူဇော်သကာများချိန်တွယ်မှု ကိုလည်းတာဝန်ယူရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible29 ရှေ့ တော် တင် မုန့် မှ စ၍ တ ဆေး မဲ့ သည့် မုန့် ပြား၊ မုန့် ပေါင်း၊ မုန့် ပြုတ် တည်း ဟူ သော ဘော ဇဉ် သ က္ကာ များ ဆိုင် ရာ မုန့် ညက် ကို ချိန် တွယ် တိုင်း ထွာ လျက် ပြင် ဆင် ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible29 ရှေ့တော်မုန့်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာ မုန့်ညက်ကိုလည်းကောင်း၊ တဆေးမဲ့မုန့်ပြား၊ သံပြားနှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော်ကိုလည်းကောင်းလုပ်၍ ဘုရားသခင်၏အိမ်တော်အမှုကိုလည်း ဆောင်ရွက်ရကြမည်။ တိုင်းထွာ၊ ချိန်တွယ်၊ ခြင်တွက်ခြင်း အမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 ဆင့်ထားသောရှေ့တော်မုန့်၊ ဘောဇဉ်ပူဇော်သက္ကာဖို့ အကောင်းဆုံးဂျုံမှုန့်၊ တဆေးမဲ့မုန့်ကြွပ်၊ ဒယ်ပြားနှင့်လုပ်သောမုန့်၊ ဆီနှင့်ကြော်သောမုန့် စသည်တို့နှင့် ချိန်ခွက်အရွယ်အစား အမျိုးမျိုးတို့ကို တာဝန်ယူလုပ်ဆောင်ရ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်နံနက်တိုင်းညနေတိုင်းဥပုသ် နေ့၊ လဆန်းပွဲတော်နေ့များတွင်ပူဇော် သကာဆက်သချိန်တိုင်း ထာဝရဘုရား ကိုထောမနာပြု၍ဘုန်းအသရေတော် ချီးကူးရကြ၏။ ဤအမှုကိုတစ်ကြိမ် လျှင်လေဝိအနွယ်ဝင်မည်မျှဆောင်ရွက် ရမည်ကိုသတ်မှတ်ထားသည့်နည်းဥပဒေ များရှိ၏။ လေဝိအနွယ်ဝင်တို့အစဉ်အမြဲ ထမ်းဆောင်ရကြသည့် တာဝန်ဝတ္တရားမှာ ထာဝရဘုရားအားရှိခိုးဝတ်ပြုကြ ရန်ပင်ဖြစ်ပေသည်။-
သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
ငါတို့သည်ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှု အတွက်ရှေ့တော်မုန့်၊ နေ့စဉ်ဘောဇဉ်ပူဇော် သကာ၊ နေ့စဉ်မီးရှို့ပူဇော်ရန်ယဇ်ကောင် များ၊ ဥပုသ်နေ့၊ လဆန်းပွဲနေ့နှင့်အခြားပွဲ နေ့များအတွက်ပူဇော်သကာများ၊ အခြား သန့်ရှင်းမြင့်မြတ်သောပူဇော်သကာများ၊ ဣသရေလအမျိုးသားတို့အတွက်အပြစ် ဖြေရာယဇ်နှင့်ဗိမာန်တော်အတွက် အခြား လိုအပ်ရာတို့ကိုပေးလှူကြပါမည်။