၁ ရာချုပ် 22:5 - Common Language Bible
5 ဒါဝိဒ်သည်``ငါ၏သားရှောလမုန်တည်ဆောက် မည့်ဗိမာန်တော်သည်ခမ်းနားထည်ဝါ၍ ကမ္ဘာ ပေါ်တွင်ထင်ပေါ်ကျော်ကြားရပေမည်။ သို့ ရာတွင်ရှောလမုန်သည်အသက်အရွယ် ငယ်၍အတွေ့အကြုံနည်းပါးသေးသူ ဖြစ်သဖြင့် ငါသည်ဗိမာန်တော်အတွက် ပြင်ဆင်မှုများကိုပြုလုပ်ပေးမည်'' ဟု တွေးတောဆင်ခြင်ကာ မကွယ်လွန်မီဗိမာန် တော်တည်ဆောက်ရန်ပစ္စည်းအမြောက် အမြားကိုအသင့်စုဆောင်းလေသည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 ဒါ ဝိဒ် မင်း က လည်း သား တော် ရှော လ မုန် သည် နု နယ် လျက် ထာ ဝ ရ ဘု ရား အ ဖို့ တည် ဆောက် အံ့ သော ဗိ မာန် တော် မှာ နိုင် ငံ တိုင်း ကျော် စော ကိ တ္တိ ရှိ လောက် အောင် ထူး ဆန်း ခမ်း နား ရ မည် ဖြစ်၍ ငါ ပြင် ဆင် ခဲ့ အံ့ ဟု အောက် မေ့ သ ဖြင့် မ ကွယ် လွန် မီ များ စွာ စု ဆောင်း လေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 ဒါဝိဒ်ကလည်း၊ ငါ့သားရှောလမုန်သည် အသက်ငယ်၍ နုသေး၏။ ထာဝရဘုရားအဖို့ တည်ရသောအိမ်မူကား အလွန်ထူးဆန်းသောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်းအသရေကျော်စောသောအိမ် ဖြစ်ရမည်။ ယခုပင် အိမ်တော်အဖို့ ငါပြင်ဆင်မည်ဟု အကြံရှိလျက် အနိစ္စမရောက်မီ များစွာပြင်ဆင်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 ဒါဝိဒ်မင်းကြီးက “ငါ့သားတော်ရှောလမုန်သည် အသက်ငယ်သေး၍ အတွေ့အကြုံနည်းလှ၏။ ထာဝရဘုရားအဖို့ တည်ဆောက်ရမည့်အိမ်တော်သည် အတိုင်းတိုင်းအပြည်ပြည်တွင် နာမည်ကျော်ကြား၍ ဂုဏ်ကျက်သရေတင့်တယ်နေရမည်။ ထို့ကြောင့် ယခုပင် ငါကြိုတင်ပြင်ဆင်ထားပေးမည်”ဟု မိန့်ဆို၍ အနိစ္စမရောက်မီ များစွာပြင်ဆင်ထားပေးခဲ့၏။
အခန်းကိုကြည့်ပါ။ ကော်ပီ