Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာ​ချုပ် 21:15 - Common Language Bible

15 ဘု​ရား​သ​ခင်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​တော်​မူ​ရန် ကောင်း​ကင်​တ​မန်​တစ် ပါး​စေ​လွှတ်​တော်​မူ​ပြီး​မှ​စိတ်​ပြောင်း​လဲ တော်​မူ​၍``ဤ​မျှ​နှင့်​တော်​လောက်​ပြီ။ ရပ် တန့်​လော့။ ဆက်​၍​မ​ဖျက်​ဆီး​နှင့်'' ဟု ထို ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ကောင်း​ကင်​တ​မန်​သည်​ယေ​ဗု​သိ​အ​မျိုး သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ဘု ရား သ ခင် သည် ယေ ရု ရှ လင် မြို့ ကို ဖျက် ဆီး ရန် စေ တ မန် တော် ကို လွှတ် သည့် အ တိုင်း ဖျက် ဆီး မည့် ပြု ရာ ထာ ဝ ရ ဘု ရား ရှု မြင်၍ ထို ဘေး ဒဏ် မှ စိတ် တော် ပြောင်း လဲ သ ဖြင့် တော် ပြီ၊ သင့် လက် ကို ရုပ် သိမ်း လော့ ဟု ဖျက် ဆီး သော စေ တ မန် တော် အား မိန့် တော် မူ၏။ ထို အ ခါ ယေ ဗု သိ လူ မျိုး သြ ရ နန်၏ ကောက် နယ် တ လင်း အ နီး တွင် စေ တ မန် တော် ရပ် လျက် ရှိ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​တော်​မူ​သည်​အ​တိုင်း၊ ကောင်း​ကင်​တ​မန် ဖျက်​ဆီး​မည်​ဟု အား​ထုတ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည်​ကြည့်​ရှု​လျက်၊ ထို​ဘေး​ကြောင့် နောင်​တ​ရ​တော်​မူ၍၊ တန်​ပြီ။ သင့်​လက်​ကို ရုပ်​သိမ်း​လော့​ဟု ဖျက်​ဆီး​သော ကောင်း​ကင်​တ​မန်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်၊ ယေ​ဗု​သိ​လူ​အ​ရော​န၏ ကောက်​နယ်​တ​လင်း​အ​နား​မှာ​ရပ်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ဘုရားသခင်​သည် ဂျေရုဆလင်​မြို့​ကို ဖျက်ဆီး​ရန် ကောင်းကင်တမန်​ကို​လည်း စေလွှတ်​သေး​၏​။ ကောင်းကင်တမန်​သည် မြို့​ကို​ဖျက်ဆီး​မည်​ပြု​စဉ်​တွင်ပင် ထာဝရဘုရား​သည် ကြည့်ရှု​တော်မူ​၍ ထို​ကပ်ရောဂါဘေး​ကြောင့် စိတ်မကောင်း​ဖြစ်​သဖြင့် မြို့​ကို​ဖျက်ဆီး​တော့​မည့်​ကောင်းကင်တမန်​အား “​လုံလောက်​ပြီ​။ သင့်​လက်​ကို ပြန်ရုပ်​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို​အချိန်​တွင် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ယေဗုသိ​လူမျိုး​ဩရနန်​၏​ကောက်နယ်တလင်း​နား​၌ ရပ်​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 21:15
24 ပူးပေါင်းရင်းမြစ်များ  

သော​ဒုံ​မြို့​သား​တို့​အား​ကြီး​လေး​သော​အ​ပြစ်​တင်​စွပ်​စွဲ​သံ​များ​ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​ရ​သ​ဖြင့် သော​ဒုံ​မြို့​ကို​ဖျက်​ဆီး​ပစ်​ရန် ငါ​တို့​ကို​စေ​လွှတ်​လိုက်​သည်'' ဟု​လော​တ​အား​ဆို​လေ​သည်။


လူ​ကို​ဖန်​ဆင်း​၍​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင် စေ​ခဲ့​ခြင်း​ကြောင့် စိတ်​မ​သာ​ဖြစ်​တော်​မူ​၏။-


ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တမန်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဖျက်​ဆီး​မည်​ပြု​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မှု​နှင့်​ပတ်​သက်​၍​စိတ်​ပြောင်း လဲ​တော်​မူ​သ​ဖြင့်``ရပ်​တန့်​လော့။ တော်​လောက် ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ထို​အ​ခါ​၌​ကောင်း​ကင်​တမန်​သည်​ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။


ထို​နေ့​၌​ပင်​လျှင်​ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သွား ၍``အ​ရှင်​သည်​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န ၏​ကောက်​နယ်​တ​လင်း​၌​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လော့'' ဟု ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆင့်​ဆို လေ​၏။-


တစ်​နေ့​လုံး​တော​ကန္တာ​ရ​တွင်​ခ​ရီး​ပြု​လေ​သည်။ သူ​သည်​သစ်​ပင်​အ​ရိပ်​တစ်​ခု​သို့​ရောက်​သော အ​ခါ​ထိုင်​လျက်​သေ​လျှင်​သာ​၍​ကောင်း​၏​ဟု ဆို​၍``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​ဖြစ်​ဆိုး​လွန်း ပါ​၏။ အ​ကျွန်ုပ်​၏​အ​သက်​ကို​ရုပ်​သိမ်း​တော် မူ​ပါ။ အ​ကျွန်ုပ်​သည်​သေ​ရ​သော်​သာ​၍​ကောင်း ပါ​သေး​၏'' ဟူ​သော​ဆု​ကို​တောင်း​လေ​၏။


ရှော​လ​မုန်​မင်း​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း သည် ဗိ​မာန်​တော်​တည်​ဆောက်​ရာ​အ​ရပ်​ကို ပြင်​ဆင်​ထား​ခဲ့​ပြီး​ဖြစ်​သည်။ ထို​အ​ရပ်​မှာ ယေ​ရု​ရှ​လင်​မြို့၊ မော​ရိ​တောင်​ပေါ်၊ ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း ဖြစ်​သည်။ ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​တည် ဆောက်​မှု​ကို​နန်း​စံ​စတုတ္ထ​နှစ်​ဒု​တိ​ယ​လ ၌​အ​စ​ပြု​သ​တည်း။-


သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​အား က​ရု​ဏာ​ထား​တော်​မူ​၏။ သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​အား​ဆုံး​ပါး​ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည်​ကြိမ်​ဖန်​များ​စွာ​မိ​မိ​၏​ဒေါ​သ​ကို ချုပ်​တည်း​တော်​မူ​၍ သူ​တို့​ပေါ်​တွင်​အ​မျက်​မ​ထွက်​ဘဲ​နေ​တော် မူ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် အ​မျက်​တော်​မ​ပြေ​ဘဲ​နေ​တော်​မူ​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​အား​သ​နား တော်​မူ​ပါ။


ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​၍၊ မိ​မိ​လူ​မျိုး​တော်​အား​ပေး မည့်​အ​ပြစ်​ဒဏ်​မှ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​တော်​မူ​၏။


ငါ​တို့​သည်​မိုး​သီး​နှင့်​မိုး​ကြိုး​ဒဏ်​ကို​မ​ခံ နိုင်​တော့​ပြီ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပေး​ပါ​လော့။ ငါ​သည်​သင်​တို့​အား ချက်​ခြင်း​သွား​ခွင့်​ပေး​ပါ​မည်'' ဟု​ဆို​လေ​၏။


``ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​လက်​ထက်​၌ မေ​ရ​ရှ ရွာ​သား​ပ​ရော​ဖက်​မိက္ခာ​သည်​ပြည်​သူ​အ​ပေါင်း တို့​အား အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ `ဇိ​အုန်​တောင်​သည်​လယ်​မြေ​ကဲ့​သို့​ထွန်​ယက် ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ​ဖြစ်​၍​လာ လျက် ဗိ​မာန်​တော်​တောင်​ကုန်း​သည်​သစ်​တော ဖြစ်​လိမ့်​မည်' ဟု မိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​ခဲ့​လေ​သည်။


အ​ဘယ်​ကြောင့်​ဗိ​မာန်​တော်​သည်​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ဤ​မြို့​သည် ဖျက်​ဆီး​ခြင်း​ခံ​ရ​၍​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လိမ့်​မည်​ဟူ​၍​လည်း​ကောင်း သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​အ​မှီ​ပြု​၍​ပြော​ဆို ပါ​သ​နည်း'' ဟု​ဟစ်​အော်​ကြ​၏။ ထို​နောက် လူ​တို့​သည်​ဗိ​မာန်​တော်​အ​တွင်း​၌​စု​ရုံး​၍ ငါ့​အား​ဝိုင်း​ရံ​ထား​ကြ​၏။


``ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ် ဦး​စွာ​ပ​ထ​မ​ငါ​ရွေး​ချယ်​ခဲ့​သည့် ရှိ​လော​ရွာ​သို့​သွား​၍ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကူး​လွန်​သည့် ဒု​စ​ရိုက်​ကြောင့် ထို​ရွာ​အား​အ​ဘယ်​သို့ ငါ​ပြု​ခဲ့​သည်​ကို​ကြည့်​ရှု​ကြ​လော့။-


ထာ​ဝ​ရ​ဘု​ရား​သည်​စိတ်​ပြောင်း​တော်​မူ ပြီး``သင်​မြင်​သော​ရူ​ပါ​ရုံ​ဖြစ်​ပေါ်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​စိတ်​ပြောင်း​တော်​မူ​၍ ``ဤ​သို့​လည်း​ဖြစ်​ပေါ်​မည်​မ​ဟုတ်'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်။


ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​၏​ပြု​မူ​ပုံ ကို​လည်း​ကောင်း၊ မ​ကောင်း​မှု​များ​ကို​စွန့် ပယ်​လိုက်​ပုံ​ကို​လည်း​ကောင်း​မြင်​တော်​မူ သော​အ​ခါ စိတ်​တော်​ပြောင်း​လဲ​လျက်​မိန့် မြွက်​တော်​မူ​သည့်​အ​တိုင်း​သူ​တို့​အား ဒဏ်​ခတ်​တော်​မ​မူ​တော့​ပေ။


``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​ကျွန်ုပ် တိုင်း​ပြည်​မှ​မ​ထွက်​ခွာ​မီ​က​ပင်​ကိုယ်​တော် ဤ​သို့​ပြု​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​ကြို​တင် ပြော​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ဤ​အ​ကြောင်း ကြောင့်​အ​ကျွန်ုပ်​သည်​တာ​ရှု​မြို့​သို့​ထွက်​ပြေး ရန်​ကြိုး​စား​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​မေတ္တာ က​ရု​ဏာ​ရှိ​တော်​မူ​သော၊ အ​စဉ်​စိတ်​ရှည် လျက်​အ​ကြင်​နာ​တ​ရား​ရှိ​တော်​မူ​သော၊ အ​ပြစ်​ဒဏ်​ခတ်​သင့်​သော်​လည်း​မ​ခတ်​ဘဲ ချမ်း​သာ​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ ၏။-


ကိုယ်​တော်​သည်​သူ​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် ကြွ​လာ​တော်​မူ​၍ ``သင်​တို့​သည်​ယ​ခု​တိုင်​အိပ် ပျော်​လျက်၊ နား​လျက်​နေ​ကြ​သေး​သ​လော။ တော် လောက်​ပြီ။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက် သို့​အပ်​နှံ​သော​အ​ချိန်​ယ​ခု​ရောက်​လာ​ပြီ။-


သင်​တို့​သည်​ထို​သူ​အ​ချို့​တို့​ကဲ့​သို့​မ​ညည်း မ​ညူ​ကြ​နှင့်။ သူ​တို့​သည်​သေ​မင်း​၏​တ​မန် လက်​ချက်​ဖြင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​၏။


သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကိုး​ကွယ်​သည့် ဘု​ရား​များ​ကို​လည်း စွန့်​ပယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​ကုန်​၏။ ကိုယ် တော်​သည်​လည်း​ထို​သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​အ​တွက်​က​ရု​ဏာ​သက်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​သည့် အ​ခါ​တိုင်း ထို​သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​သူ့​ကို​ကူ​မ​တော်​မူ​၍ သူ​တို့​ကို​ရန် သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​သည်။ သူ​တို့ သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ညှင်း​ပန်း​နှိပ်​စက်​ခြင်း ကို​ခံ​ရ​၍​ညည်း​ညူ​ကြ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ