၁ ရာချုပ် 21:12 - Common Language Bible12 ``အရှင်မင်းကြီး၊ သုံးနှစ်ပတ်လုံးအစာ ငတ်မွတ်ခေါင်းပါးသည့်ဘေး၊ သုံးလပတ် လုံးသင့်ကိုရန်သူလိုက်မီ၍ထားဖြင့် လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံးကပ် ရောဂါတည်းဟူသောထာဝရဘုရား ၏ဋ္ဌားဖြင့် ကောင်းကင်တမန်ကိုစေလွှတ် ကာ ဣသရေလနိုင်ငံတစ်လျှောက်လုံး တွင်သတ်ဖြတ်မည့်ဘေးတို့အနက် အဘယ်ကိုရွေးချယ်တော်မူပါမည်နည်း။ ထာဝရဘုရားအားအကျွန်ုပ်ပြန်ကြား လျှောက်ထားရပါမည်'' ဟုလျှောက်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 သုံး နှစ် ပတ် လုံး အ စာ ခေါင်း ပါး ခြင်း ကပ် တစ် ပါး၊ သုံး လ ပတ် လုံး ရန် သူ တို့ ရှေ့ ဓား ဘေး သင့်၍ ပျက် ပြုန်း ခြင်း ကပ် တစ် ပါး၊ သုံး ရက် ပတ် လုံး ဣ သ ရေ လ ပြည် လုံး နှံ့ ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် ဖျက် ဆီး ၍ ပြည် တော်၌ ကပ် ရော ဂါ တည်း ဟူ သော ထာ ဝ ရ ဘုရား ၏ ဓား တော် ဘေး ထိ ခြင်း ကပ် တစ် ပါး၊ ဤ သုံး ပါး အ နက် ရွေး ချယ် လော့။ စေ လွှတ် တော် မူ သော အ ရှင့် ထံ ငါ ပြန် လျှောက် ခွင့် ရ ရန် ယ ခု ပင် ဆင် ခြင် လော့ ဟု ပြော ဆို လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible12 သုံးနှစ်ပတ်လုံး အစာအာဟာရခေါင်းပါးသောဘေး၊ သုံးလပတ်လုံး သင့်ကိုရန်သူလိုက်မီ၍ ဓားဖြင့်လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံး ပြည်တော်၌ ကာလနာတည်းဟူသော ထာဝရဘုရား၏ဓားတော်ကို၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ကိုင်၍ ဣသရေလပြည် တစ်လျှောက်လုံးကို ဖျက်ဆီးသောဘေးတို့တွင် တစ်ပါးပါးကိုရွေးလော့ဟု မိန့်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အဘယ်သို့ပြန်လျှောက်ရမည်ကို ဆင်ခြင်တော်မူပါဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူ၏ဓားသည် အရှင်မင်းကြီးကိုလိုက်မီသဖြင့် ရန်သူ့ရှေ့၌ သုံးလပတ်လုံး ဓားဘေးနှင့်ရင်ဆိုင်မည်လော။ သို့မဟုတ် ထာဝရဘုရား၏ဓားတော်သည်ဤပြည်၌ ကပ်ရောဂါဘေးသက်ရောက်စေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် အစ္စရေးပြည်အနှံ့ သုံးရက်ပတ်လုံးဖျက်ဆီးသောဘေး ဖြစ်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်လေ၏။ အခန်းကိုကြည့်ပါ။ |
ဧလိရှဲသည်မိမိအသက်ပြန်၍ရှင်စေခဲ့ သည့်ကလေး၏မိခင်၊ ရှုနင်မြို့သူအား``ထာဝရ ဘုရားသည်ခုနစ်နှစ်တိုင်တိုင်တစ်ပြည်လုံးတွင် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက် စေတော်မူလိမ့်မည်။ သို့ဖြစ်၍သင်သည်သင်၏ မိသားစုနှင့်အတူ အရပ်တစ်ပါးသို့ပြောင်း ရွှေ့နေထိုင်ပါလော့'' ဟုပြောကြားခဲ့၏။-
ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။-
ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-
ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေဒဏ်စီရင်ရန် အီဂျစ်ပြည်ကို ဖြတ်သန်းကြွသွားသည့်အခါတံခါးထုပ်၊ တံခါးတိုင်တို့တွင်သွေးကိုမြင်ရလျှင် သင် တို့အသက်ချမ်းသာရစေရန် သေမင်းတမန် အား သင်တို့၏အိမ်များကိုကျော်သွားစေ တော်မူမည်။ သင်တို့၏အိမ်များထဲသို့ဝင်၍ သင်တို့အားသတ်ခွင့်ပေးမည်မဟုတ်။-