Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာ​ချုပ် 18:10 - Common Language Bible

10 ဒါ​ဝိဒ်​မင်း​ကြီး​အား​နှုတ်​ခွန်း​ဆက်​သ​ရန်​နှင့် စစ်​ပွဲ​နိုင်​သည့်​အ​တွက် နှစ်​ထောင်း​အား​ရ​ကြောင်း ဖော်​ပြ​ရန်​သား​တော်​ဟ​ဒေါ​ရံ​ကို​စေ​လွှတ် လိုက်​လေ​သည်။ ဟ​ဒေါ​ရံ​သည်​ဒါ​ဝိဒ်​မင်း အ​တွက် ရွှေ၊ ငွေ၊ ကြေး​ဝါ၊ တို့​ဖြင့်​ပြီး​သော လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင်​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ကိုယ့် ရန် ဘက် ဟာ ဒ ဒေ ဇာ မင်း ကို ဒါ ဝိဒ် မင်း တိုက် ခိုက် လုပ် ကြံ သော ကြောင့် အောင် ဆု သြ ဘာ ဆက် ရန် သား တော် ဟ ဒေါ ရံ ကို ဒါ ဝိဒ် မင်း ထံ စေ လွှတ် ရာ လက် ဆောင် တော် ရွှေ၊ ငွေ၊ ကြေး၊ ဖ လား အ မျိုး မျိုး ပါ လာ သည် နှင့် အ ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 မိ​မိ​ရန်​သူ​ဟာ​ဒ​ဒေ​ဇာ​ကို ဒါ​ဝိဒ်​သည် စစ်​တိုက်၍ လုပ်​ကြံ​သော​ကြောင့်၊ မိတ်​သ​ဟာ​ယ​ဖွဲ့၍ ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ မိ​မိ​သား​ဟ​ဒေါ​ရံ​ကို ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့ စေ​လွှတ်၍၊ ဟ​ဒေါ​ရံ​သည် ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ ကြေး​ဝါ​ဖ​လား အ​မျိုး​မျိုး​တို့​ကို ဆောင်​ခဲ့​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သာကြောင်းမာကြောင်း​နှုတ်ဆက်​ရန်​နှင့် ဟာဒဒေဇာ​မင်းကြီး​ကို တိုက်ခိုက်​ချေမှုန်း​နိုင်​သောကြောင့် ဂုဏ်ပြု​ရန် ရွှေထည်​၊ ငွေထည်​၊ ကြေးထည်​တို့​ပါ​လျက် မိမိ​သား​တော်​ဟဒေါရံ​ကို ဒါဝိဒ်​မင်းကြီး​ထံ​စေလွှတ်​၏​။ အကြောင်းမှာ တောဣ​မင်းကြီး​သည်​လည်း ဟာဒဒေဇာ​မင်းကြီး​နှင့် စစ်တိုက်​ခဲ့​ဖူး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 18:10
6 ပူးပေါင်းရင်းမြစ်များ  

သား​တော်​ယော​ရံ​ကို​ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ် ပြီး​လျှင် ဟာ​ဒ​ဒေ​ဇာ​၏​အ​ပေါ်​တွင်​အောင်​ပွဲ ရ​သည့်​အ​တွက် နှစ်​ထောင်း​အား​ရ​မှု​ရှိ​ကြောင်း နှုတ်​ခွန်း​ဆက်​စ​ကား​ပြော​ကြား​စေ​၏။ တော​ဣ ကား​ဟာ​ဒ​ဒေ​ဇာ​ကို​အ​ကြိမ်​ပေါင်း​များ စွာ​တိုက်​ခိုက်​ခဲ့​သူ​ဖြစ်​သ​တည်း။ ယော​ရံ သည်​မိ​မိ​နှင့်​အ​တူ​ရွှေ၊ ငွေ​နှင့်​ကြေး​ဝါ ဖြင့်​ပြီး​သော​ပစ္စည်း​အ​သုံး​အ​ဆောင်​များ ကို​ဒါ​ဝိဒ်​ထံ​သို့​ယူ​ဆောင်​လာ​လေ​သည်။-


ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင်​ဗာ​လ​ဒန်​၏ သား​ဗာ​ဗု​လုန်​ဘု​ရင်​မေ​ရော​ဒပ္ဗာ​လ​ဒန်​သည် ဟေ​ဇ​ကိ​မင်း​ဖျား​နာ​လျက်​ရှိ​ကြောင်း​ကြား သိ​ရ​သ​ဖြင့်၊ သ​ဝဏ်​လွှာ​တစ်​စောင်​နှင့်​လက် ဆောင်​ပဏ္ဏာ​ပေး​ပို့​ဆက်​သ​လေ​၏။-


ရှေ​ဘ​ပြည်​ဘု​ရင်​မ​သည်​ရှော​လ​မုန်​၏​ဂုဏ် သတင်း​ကို​ကြား​သိ​ရ​သ​ဖြင့် ခက်​ခဲ​သော​ပုစ္ဆာ များ​ဖြင့်​မင်း​ကြီး​အား​ပ​ညာ​စမ်း​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​လာ​တော်​မူ​၏။ ဘု​ရင်​မ သည်​များ​စွာ​သော​အ​ခြွေ​အ​ရံ​လိုက်​ပါ လျက်​နံ့​သာ​မျိုး​များ၊ ကျောက်​မျက်​ရ​တ​နာ များ၊ ရွှေ​အ​မြောက်​အ​မြား​တင်​ဆောင်​သည့် ကု​လား​အုတ်​များ​နှင့်​ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​ရောက်​ရှိ လာ​သော​အ​ခါ​မိ​မိ​စဉ်း​စား​ရ​သ​မျှ​သော ပုစ္ဆာ​တို့​ကို​မေး​တော်​မူ​၏။-


ဒါ​ဝိဒ်​မင်း​သည်​ဟာ​ဒ​ဒေ​ဇာ​မင်း​၏​တပ်​မ တော်​တစ်​ခု​လုံး​ကို​ဖြို​ခွင်း​လိုက်​ကြောင်း ဟာ​မတ်​ဘု​ရင်​တော​ဣ​ကြား​သိ​လေ​သော်-


ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​တို့​ကို​မိ​မိ​စစ်​ပွဲ​နိုင် သည့်​ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဖိ​လိတ္တိ ပြည်​နှင့်​အာ​မ​လက်​ပြည်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထံ​မှ​ရ​ရှိ​ခဲ့​သော​ရွှေ၊ ငွေ​များ​နှင့်​အ​တူ​ဝတ်​ပြု ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော် တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ