၁ ရာချုပ် 17:27 - Common Language Bible27 ကျွန်တော်မျိုး၏သားမြေးတို့သည်ကိုယ်တော် ရှင်၏ရှေ့တော်၌ဆက်လက်၍မျက်နှာရကြ စေရန် သူတို့အားကောင်းချီးပေးတော်မူပါ ဟုပန်ကြားလျှောက်ထားပါ၏။ အို ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်သူတို့အားကောင်း ချီးပေးတော်မူပါပြီ။ သူတို့သည်ကိုယ်တော် ရှင်၏ကောင်းချီးမင်္ဂလာကိုအစဉ်အမြဲ ခံစားရကြပါစေသော'' ဟုဆုတောင်း သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible27 အို ထာ ဝ ရ ဘု ရား၊ ကျွန် တော် မျိုး၏ အိမ် ထောင် သည် စဉ် ဆက် မ ပြတ် ရှေ့ တော် တွင် တည် ခွင့် ရ စေ ရန် ယ ခု ကောင်း ကြီး ပေး သ နား တော် မူ ပါ ပြီ။ ကောင်း ကြီး ပေး တော် မူ သည် ဖြစ်၍ စဉ် ဆက် မ ပြတ် မင်္ဂ လာ တည် ရှိ ပါ လိမ့် မည် ဟု တောင်း လျှောက် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible27 သို့ဖြစ်၍ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲတည်ပါမည်အကြောင်း ကောင်းချီးပေးခြင်းငှာ နူးညွတ်သောစိတ် ရှိတော်မူပါ။ အိုထာဝရဘုရား ကိုယ်တော်သည် ကောင်းချီးပေးတော်မူလျှင်၊ ကောင်းချီးမင်္ဂလာကို အစဉ်အမြဲ ခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် ရှေ့တော်တွင် အစဉ်အမြဲတည်နေမည့်အကြောင်း အလိုတော်ရှိ၍ ကောင်းချီးပေးတော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ကောင်းချီးပေးတော်မူသဖြင့် အစဉ်အမြဲကောင်းချီးခံစားရပါလိမ့်မည်”ဟု တောင်းလျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားတည်းဟူသောဣသရေလ အမျိုးသားတို့၏ဘုရားသခင်သည် ငါနှင့် ငါ၏သားမြေးတို့အားဣသရေလနိုင်ငံ တော်ကိုထာဝစဉ်အုပ်စိုးရန်ရွေးချယ်တော် မူ၏။ ကိုယ်တော်သည်ခေါင်းဆောင်မှုပေးရန် အတွက်ယုဒအနွယ်ကိုရွေးချယ်တော် မူ၏။ ယုဒပြည်မှငါ့အဖ၏အိမ်ထောင်စု ကိုရွေးချယ်တော်မူပေသည်။ ထိုအိမ်ထောင်စု မှငါ့အားထုတ်ယူ၍ဣသရေလနိုင်ငံ တစ်နိုင်ငံလုံးကိုအုပ်စိုးခွင့်ပေးတော်မူ၏။-
ထာဝရဘုရားသည်ကတိတော်ရှိသည့် အတိုင်း သင်တို့အားကောင်းချီးပေးတော်မူ သဖြင့် သင်တို့သည်လူမျိုးများစွာတို့အား ငွေချေးရလိမ့်မည်။ သင်တို့ကမူကားသူတို့ ထံမှချေးငှားခြင်းပြုရမည်မဟုတ်။ သင်တို့ သည်လူမျိုးများစွာတို့ကိုအုပ်စိုးရလိမ့် မည်။ မည်သည့်လူမျိုးကမျှသင်တို့ကို မအုပ်စိုးရ။''