၁ ရာချုပ် 16:2 - Common Language Bible2 ဒါဝိဒ်မင်းသည်ဤသို့ယဇ်များကိုပူဇော် ပြီးသောအခါ ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လူတို့အားကောင်းချီး ပေးပြီးလျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible2 မီး ရှို့ ရာ သ က္ကာ နှင့် မိတ် သ ဟာ ယ သ က္ကာ ပူ ဇော် ခြင်း ကိ စ္စ ကို ဒါ ဝိဒ် မင်း ဆောင် ရွက် ပြီး လျှင် ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို အ မှီ ပြု၍ လူ ပ ရိ သတ် အား ကောင်း ကြီး ပေး လျက်၊ အခန်းကိုကြည့်ပါ။Judson Bible2 မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ပူဇော်ခြင်းအမှုကို ဒါဝိဒ်မင်းသည် ပြီးစီးစေသောအခါ၊ ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းချီးပေးလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထိုသို့ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ပူဇော်ပြီးသောအခါ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏နာမတော်၌ လူတို့ကို ကောင်းချီးပေးလေ၏။ အခန်းကိုကြည့်ပါ။ |
ယခုပင်ထိုမိန်းမကိုသူ၏ယောကျာ်းထံသို့ ပြန်အပ်လော့။ ထိုသူသည်ပရောဖက်ဖြစ်၍သင့် အသက်ချမ်းသာရာရစေရန် သူသည်သင့်အ တွက်ဆုတောင်းပေးလိမ့်မည်။ ထိုမိန်းမကိုပြန် ၍မအပ်လျှင်မူကား သင်နှင့်တကွသင်၏လူ မျိုးအားလုံးတို့သည်မုချသေရကြမည်'' ဟုဘုရင်အားမိန့်တော်မူ၏။
လဆန်းနေ့၊ ဥပုသ်နေ့နှင့်အခြားပွဲနေ့တို့၌ ဣသရေလအမျိုးသားတစ်ရပ်လုံးအတွက် မီးရှို့ရာယဇ်အတွက်တိရစ္ဆာန်များ၊ ဘောဇဉ် ပူဇော်သကာများနှင့်စပျစ်ရည်ပူဇော် သကာများကိုနန်းစံနေဆဲမင်းသားသည် ဆက်သရသောတာဝန်ရှိသည်။ သူသည် ဣသရေလအမျိုးသားတို့အပြစ်များ ပြေစေခြင်းငှာအပြစ်ဖြေရာယဇ်၊ ဘောဇဉ် ပူဇော်သကာ၊ မီးရှို့ရာယဇ်နှင့်မိတ်သဟာယဇ် တို့အတွက်စီမံရမည်'' ဟုမိန့်တော်မူ၏။
ထိုနောက်ယောရှုက``သင်တို့သည်သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာမြောက် မြားစွာတို့ကိုရန်သူတို့ထံမှသိမ်းယူ ရရှိကြပြီ။ သင်တို့နေရပ်သို့ပြန်ရောက် သောအခါ ထိုပစ္စည်းဥစ္စာများကိုသင်တို့ ၏ဆွေမျိုးသားချင်းတို့အားဝေမျှကြ လော့'' ဟုဆို၍ကောင်းချီးပေးလျက်သူ တို့ကိုပြန်စေ၏။ ထိုနောက်သူတို့သည် မိမိတို့၏နေရပ်သို့ပြန်သွားကြလေ သည်။ မောရှေသည်မနာရှေအနွယ်တစ်ဝက်တို့ အားယော်ဒန်မြစ်အရှေ့ဘက်တွင်နယ်မြေ ကိုခွဲဝေပေးခဲ့၏။ သို့ရာတွင်ယောရှုသည် ကျန်မနာရှေအနွယ်တစ်ဝက်တို့အား အခြား ဣသရေလအနွယ်တို့နှင့်အတူနေထိုင်ရန် ယော်ဒန်မြစ်အနောက်ဘက်တွင်နယ်မြေကို ခွဲဝေပေးသတည်း။