၁ ရာချုပ် 14:2 - Common Language Bible2 သို့ဖြစ်၍ဒါဝိဒ်သည်မိမိအားဣသရေလ ဘုရင်အဖြစ်ဖြင့် ထာဝရဘုရားခန့်ထား တော်မူပြီဖြစ်ကြောင်း၊ မိမိ၏ပြည်သူတို့ အကျိုးငှာဣသရေလနိုင်ငံကို ချမ်းသာ ကြွယ်ဝစေတော်မူပြီဖြစ်ကြောင်းသိရှိ ရ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး တော် အ တွက် ထို လူ မျိုး အ ပေါ် တွင် ဘု ရင် အ ဖြစ် တည် မြဲ စေ တော် မူ ကြောင်း ကို လည်း ကောင်း၊ အာ ဏာ ကြီး စေ တော် မူ ကြောင်း ကို လည်း ကောင်း၊ ဒါ ဝိဒ် မင်း သိ မြင် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူဣသရေလအမျိုးအဖို့ အလိုငှာ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။ အခန်းကိုကြည့်ပါ။ |
အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။
သို့ရာတွင်ကိုယ်တော်ရှင်သည်ဤထက်မက ပို၍ပင် ကျေးဇူးပြုတော်မူလျက်ရှိပါ၏။ နောင်လာလတ္တံ့သောနှစ်များတွင်ကျွန်တော်မျိုး ၏သားမြေးတို့အတွက် မည်သို့ပြုတော်မူမည် ကိုကတိထားတော်မူပါပြီ။ အို ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကြီးမြတ်သူတစ်ဦးအဖြစ်ကြို တင်၍သိမှတ်တော်မူပါပြီ။-
အကယ်၍သင်သည်ယခုအချိန်အခါမျိုး ၌ဆိတ်ဆိတ်နေပါမူ ယုဒအမျိုးသားတို့ သည် ကောင်းကင်ဘုံမှအကူအညီကိုရရှိ ၍ကယ်တင်ခြင်းကိုခံရကြပါမည်။ သင်မူ ကားအသတ်ခံရလျက်ဖခင်၏အိမ်ထောင်စု သည်လည်းပျက်စီးဆုံးပါးကြလိမ့်မည်။ သို့ ရာတွင်သင်မိဖုရားဖြစ်လာရသည်မှာ ဤ အချိန်အခါမျိုးအတွက်ပင်ဖြစ်သည်မ ဟုတ်ပါလော'' ဟုသတိပေးစကားမှာ ကြားလိုက်၏။
ဘုရားသခင်သည်ယင်းသို့လျှို့ဝှက်ခက်ခဲ သည့်အရာကို အကျွန်ုပ်အားသိစေတော် မူသည်မှာအကျွန်ုပ်သည် အခြားသူအပေါင်း တို့ထက်ပို၍အသိပညာရှိသောကြောင့် မဟုတ်ပါ။ အရှင်မင်းကြီးအားအိပ်မက်၏ အနက်ကိုသိရှိစေရန်နှင့် နှလုံးတော်ဆင် ခြင်ချက်များကိုနားလည်လာစေရန်ပင် ဖြစ်ပါ၏။