၁ ရာချုပ် 12:18 - Common Language Bible18 ဘုရားသခင်ထံတော်မှဝိညာဉ်တော်သည် အာမသဲအပေါ်သို့သက်ရောက်ကာနောင် အခါ၌ ရဲဘော်သုံးကျိပ်တို့၏တပ်မှူး ဖြစ်လာသူအာမသဲက၊ ``ယေရှဲ၏သားဒါဝိဒ်မင်း၊ကျွန်တော်တို့သည် အရှင်၏ဘက်တော်သားများဖြစ်ကြပါ၏။ ဘုရားသခင်သည်အရှင်၏ဘက်၌ရှိပါ၏။ အရှင်နှင့်တကွအရှင့်အားကူညီကြသူတို့ သည် အောင်မြင်ကြပါစေသော'' ဟုဟစ်အော် လျှောက်ထား၏။ ဒါဝိဒ်သည်ထိုသူတို့ကိုလက်ခံလျက် မိမိ တပ်တွင်အရာရှိများအဖြစ်ခန့်အပ်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 ဗိုလ် ချုပ် အာ မ သဲ အ ပေါ် သို့ ဝိ ညာဉ် တော် သက် ရောက်၍ အို ယေ ရှဲ သား ဒါ ဝိဒ်၊ ကျွန် တော် တို့ သည် ကိုယ် တော် ပိုင်၊ ကိုယ် တော့် ဘက် ပါ ဖြစ် ကြ ပါ ပြီ။ ကိုယ် တော်၏ ဘု ရား သ ခင် သည် ကိုယ် တော် ကို မ စ တော် မူ သည့် အ လျောက် ကိုယ် တော် နှင့် ကူ ညီ သူ တို့ အ ပေါ် ချမ်း သာ ခြင်း မင်္ဂ လာ တည် ရောက် ပါ စေ သော ဟု ဖွဲ့ ဆို လျှင် ဒါ ဝိဒ် သည် လက် ခံ၍ အ သီး အ သီး တို့ အား တပ် မှူး ရာ ထူး ကို ပေး လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက်၍၊ အိုဒါဝိဒ်၊ ကျွန်တော်တို့သည် ကိုယ်တော်၏လူ၊ အိုယေရှဲ၏သားတော်၊ ကိုယ်တော်ဘက်သို့ ဝင်စားသောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော်ကိုမစသောသူ၌ မင်္ဂလာရှိပါစေသော။ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ၍ ဗိုလ်အရာ၌ ခန့်ထားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ရုသက``မိခင်ကိုစွန့်ခွာရန် ကျွန်မ အားမတိုက်တွန်းပါနှင့်။ မိခင်နှင့်လိုက်ခွင့်ပြု ပါ။ ကျွန်မသည်မိခင်သွားရာသို့သွားပါ မည်။ မိခင်နေထိုင်ရာတွင်နေထိုင်ပါမည်။ မိခင်၏အမျိုးသားများသည်ကျွန်မ၏ အမျိုးသားများ၊ မိခင်၏ဘုရားသည် ကျွန်မ၏ဘုရားဖြစ်ပါမည်။-
ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
သို့ဖြစ်၍နန်းတော်အုပ်၊ မြို့ဝန်၊ မြို့မိမြို့ဖ များနှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်း သူများကယေဟုထံသို့``အကျွန်ုပ်တို့သည် အရှင်၏အစေခံများဖြစ်သဖြင့် အရှင့် အမိန့်တော်ကိုလိုက်နာရန်အသင့်ရှိပါ၏။ သို့ရာတွင်အကျွန်ုပ်တို့သည်အဘယ်သူကို မျှမင်းမြှောက်ကြလိမ့်မည်မဟုတ်ပါ။ အရှင် သင့်တော်သလိုစီမံတော်မူပါ'' ဟုပြန် စာရေး၍ပို့ကြ၏။
အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။-
မင်းကြီးသည်ဒါဝိဒ်ရှိရာအရပ်ကိုတွေ့ရှိ ပြီဖြစ်ကြောင်းကြားသိရသောအခါ အရာရှိ တို့အား``အချင်းဗင်္ယာမိန်အနွယ်ဝင်တို့၊ နား ထောင်ကြလော့။ ဒါဝိဒ်သည်သင်တို့အားလယ် ယာများနှင့်စပျစ်ဥယျာဉ်များကိုပေး၍ တပ်မတော်အရာရှိများအဖြစ်ခန့်အပ် လိမ့်မည်ဟုထင်မှတ်ကြပါသလော။-
ဒါဝိဒ်မင်းသည်သူတို့အားခရီးဦးကြိုပြု လျက်``သင်တို့သည်မိတ်ဆွေအဖြစ်ဖြင့်ငါ့ ကိုကူညီရန်လာရောက်ကြခြင်းဖြစ်ပါမူ ငါသည်သင်တို့အားကြိုဆိုလက်ခံပါ၏။ ငါတို့ဘက်သို့ဝင်ကြလော့။ သို့ရာတွင်သင် တို့သည်ငါ့အားရန်သူများလက်သို့အပ် ရန်လာလျှင်မူကား ငါသည်သင်တို့အား အနာတရပြုမည်မဟုတ်သော်လည်း ငါ တို့ဘိုးဘေးများ၏ဘုရားသည်သင်တို့ပြု သည့်အမှုကိုမြင်တော်မူ၍ သင်တို့အား အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်'' ဟုဆို၏။
ရှမွေလက``အေးချမ်းစွာလာခြင်းဖြစ်ပါ သည်။ ငါသည်ထာဝရဘုရားအားယဇ်ပူ ဇော်ရန်ရောက်လာခြင်းဖြစ်၏။ သင်တို့သည် မိမိတို့ကိုယ်ကိုသန့်စင်စေ၍ငါနှင့်အတူ လိုက်ခဲ့ကြလော့'' ဟုဆို၏။ ယေရှဲ၏သား များကိုလည်းမိမိတို့ကိုယ်ကိုသန့်စင်စေ ပြီးလျှင် ယဇ်ပူဇော်ရာသို့လိုက်လာရန် ခေါ်ဖိတ်လေ၏။
ယေဟုသည်တစ်ဖန်ထွက်ခွာသွားသောအခါ လမ်း၌ရေခပ်၏သားယောနဒပ်နှင့်တွေ့လေ၏။ ယေဟုသည်သူ့ကိုနှုတ်ဆက်ပြီးလျှင်``သင်သည် ငါနှင့်စိတ်နေသဘောထားချင်းတူပါ၏။ သို့ ဖြစ်၍ငါ့အားကူညီမည်လော'' ဟုမေး၏။ ယောနဒပ်က``ကူညီပါမည်'' ဟုဖြေ၏။ ယေဟုက``ယင်းသို့ဖြစ်ပါမူငါ့အားသင်၏ လက်ကိုကမ်းပေးလော့'' ဟုဆို၏။ ယောနဒပ် ကလက်ကိုကမ်းပေးလိုက်သောအခါ ယေဟု သည်လက်ကိုဆွဲ၍ယောနဒဒ်အားရထား ပေါ်တက်စေပြီးသော်၊-