Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 10:8 - Common Language Bible

8 တိုက်​ပွဲ​ပြီး​ဆုံး​ပြီး​နောက်​တစ်​နေ့​၌ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အ​လောင်း​ကောင်​များ​မှ ပစ္စည်း​များ​ကို​လု​ယူ​ရန်​လာ​ကြ​သော​အ​ခါ ရှော​လု​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို ဂိ​လ​ဗော​တောင်​ထိပ်​တွင်​တွေ့​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 နောက် နေ့၌ ဖိ လိ တ္တိ တပ် သား တို့ သည် ကျ ဆုံး သူ တို့ မှ ပါ ရှိ သ မျှ ကို သိမ်း ယူ ရန် လာ ကြ သော် ဂိ လ ဗော တောင် ရိုး တွင် သား တော် တို့ နှင့် တ ကွ ရှော လု မင်း ကျ ဆုံး သည် ကို တွေ့ မြင် ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 နက်​ဖြန်​နေ့၌ ဖိ​လိ​တ္တိ​လူ​တို့​သည် အ​သေ​ကောင်​တို့၌၊ အ​ဝတ်​တန်​ဆာ​ကို ချွတ်​ခြင်း​ငှာ​လာ​သော​အ​ခါ၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ ရှော​လု​နှင့် သူ၏​သား​သုံး​ယောက်​တို့​သည် သေ​လျက်​ရှိ​သည်​ကို တွေ့​မြင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 နောက်တစ်နေ့​တွင် ဖိလိတ္တိ​လူမျိုး​တို့​သည် သေဆုံး​သွား​သော​သူ​တို့​၏​ကိုယ်​မှ ပစ္စည်း​များ​ကို​ချွတ်ယူ​ရန် လာ​ကြ​သောအခါ ဂိလဗော​တောင်​ပေါ်တွင် ရှောလု​မင်းကြီး​နှင့် သူ့​သား​သုံး​ယောက်​တို့ လဲကျ​သေဆုံး​နေ​ကြ​သည်​ကို တွေ့​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 10:8
6 ပူးပေါင်းရင်းမြစ်များ  

မော​ဘ​ပြည်​သား​တို့​က``သွေး​တွေ​ပါ​တ​ကား။ ရန်​သူ့ တပ်​မ​တော်​သုံး​ခု​သည်​အ​ချင်း​ချင်း​တိုက်​ခိုက်​သတ် ဖြတ်​ကြ​လေ​ပြီ။ ငါ​တို့​သွား​၍​သူ​တို့​၏​တပ်​စ​ခန်း ကို​လု​ယက်​ကြ​ကုန်​အံ့'' ဟု​ကြွေး​ကြော်​ကြ​၏။


ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​တွင်​နေ​ထိုင်​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏ စစ်​သည်​များ​တပ်​လန့်​၍​သွား​ကြောင်း​ကို​လည်း ကောင်း၊ ရှော​လု​မင်း​နှင့်​သား​တို့​ကွယ်​လွန်​သွား ကြောင်း​ကို​လည်း​ကောင်း​ကြား​သိ​လေ​သော် မိ​မိ တို့​၏​မြို့​များ​ကို​စွန့်​ပစ်​၍​ထွက်​ပြေး​ကြ​ကုန် ၏။ ထို​အ​ခါ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် လာ​၍​ထို​မြို့​များ​ကို​သိမ်း​ပိုက်​ကြ​၏။


သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ အ​ဝတ်​တန်​ဆာ​များ​ကို​ချွတ်​ပစ်​ကြ​၏။ ထို နောက်​စေ​တ​မန်​တို့​အား​ရှော​လု​၏​ဦး​ခေါင်း နှင့်​လက်​နက်​များ​ကို​ယူ​ဆောင်​၍ ဖိ​လိတ္တိ ပြည်​ကို​လှည့်​လည်​ကာ​မိ​မိ​တို့​အ​မျိုး သား​များ​နှင့်​ရုပ်​တု​များ​ရှိ​ရာ​အ​ရပ် များ​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ စေ​ကြ​၏။-


ယော​ရှ​ဖတ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ရန်​သူ တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သိမ်း​ယူ​ရန်​လာ​ရောက် ကြ​သော​အ​ခါ​သိုး​နွား​အ​မြောက်​အ​မြား၊ ရိက္ခာ၊ အ​ဝတ်​အ​စား​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ ကို​တွေ့​ရှိ​ကြ​လေ​သည်။ သူ​တို့​သိမ်း​ယူ​သည့်​ဥစ္စာ ပစ္စည်း​မှာ​အ​လွန်​ပင်​များ​သ​ဖြင့် သုံး​ရက်​တိုင်​တိုင် သိမ်း​ယူ​သော်​လည်း​မ​ကုန်​ချေ။-


တိုက်​ပွဲ​ဖြစ်​ပြီး​နောက်​တစ်​နေ့​၌​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် လူ​သေ​အ​လောင်း​တို့ ထံ​မှ​ပစ္စည်း​တန်​ဆာ​များ​ကို​ချွတ်​ရန်​ရောက် ရှိ​လာ​ကြ​ရာ ဂိ​လ​ဗော​တောင်​ထိပ်​တွင်​လဲ ၍​သေ​နေ​သော​ရှော​လု​နှင့်​သား​တော်​သုံး​ပါး ကို​တွေ့​ရှိ​ကြ​၏။-


ဒါ​ဂုန်​ဘု​ရား​ကျောင်း​အ​တွင်း​ရှိ​ဒါ​ဂုန်​ရုပ်​တု အ​နီး​တွင်​ထား​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ