၁ ရာ 9:3 - Common Language Bible3 ကိရှသည်မိမိ၏မြည်းအချို့ပျောက်သွား သဖြင့် ရှောလုအား``အစေခံတစ်ယောက်ကို ခေါ်ပြီးလျှင်မြည်းတို့ကိုလိုက်ရှာပါလော့'' ဟုဆို၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ရှော လု အ ဘ ကိ ရှ၏ မြည်း များ ပျောက် လွင့် သော ကြောင့် သား ရှော လု အား ကိ ရှ က၊ ငယ် သား တစ် ယောက် ကို ခေါ်၍ မြည်း များ ကို အ ရှာ ထွက် သွား လော့ ဟု ဆို သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible3 ရှောလုအဘ ကိရှ၏မြည်းတို့သည် ပျောက်သောကြောင့်၊ ကိရှက၊ သင်သည် ငယ်သားတစ်ယောက်ကိုခေါ်၍ မြည်းတို့ကို ရှာအံ့သောငှာ ထသွားလော့ဟု မိမိသားရှောလုအား ဆိုသည်အတိုင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 တစ်နေ့တွင် ရှောလု၏ဖခင်ကိရှသည် မြည်းများပျောက်ဆုံးနေ၏။ ထို့ကြောင့် ကိရှက မိမိသားရှောလုအား “ထလော့။ သင်နှင့်အတူ ငယ်သားတစ်ယောက်ကို ခေါ်၍ မြည်းများကို သွားရှာလော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ယနေ့ငါ့ထံမှထွက်ခွာသွားသောအခါ သင်သည်ဗင်္ယာမိန်နယ်၊ ဇေလဇမြို့ရှိရာ ခေလ၏သင်္ချိုင်းအနီးတွင်လူနှစ်ယောက် ကိုတွေ့လိမ့်မည်။ သူတို့ကသင်လိုက်လံရှာ ဖွေနေသောမြည်းတို့ကိုပြန်လည်တွေ့ရှိပြီ ဖြစ်၍ သင့်အဖသည်မြည်းများအတွက် စိုးရိမ်ပူပန်မှုမရှိတော့ဘဲသင်၏အတွက် သာလျှင် စိုးရိမ်ပူပန်လျက်နေကြောင်းကို လည်းကောင်း`ငါ့သားအတွက်အဘယ်သို့ ငါပြုရပါမည်နည်း' ဟုမြည်တမ်းလျက် နေကြောင်းကိုလည်းကောင်းသင့်အားပြော ကြားကြလိမ့်မည်။-
သူတို့နှစ်ယောက်သည်ဧဖရိမ်တောင်ပိုင်း အရပ်နှင့် ရှလိရှဒေသတစ်လျှောက်တွင် ရှာဖွေကြသော်လည်းမြည်းများကိုမတွေ့ ကြ။ သို့ဖြစ်၍သူတို့သည်ရှာလိမ်ဒေသ တစ်လျှောက်တွင်ရှာကြ၏။ သို့ရာတွင်မြည်း တို့သည်ထိုအရပ်တွင်မရှိ။ ထိုနောက်သူ တို့သည်ဗင်္ယာမိန်နယ်တွင်လိုက်၍ရှာကြ၏။ ဤအရပ်တွင်လည်းမြည်းတို့ကိုမတွေ့ ကြ။-