Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာ 3:9 - Common Language Bible

9 ``သင်​သည်​ပြန်​၍​အိပ်​လော့။ အ​ကယ်​၍​သင့်​အား နောက်​တစ်​ကြိမ်​ခေါ်​လျှင်`ထာ​ဝ​ရ​ဘု​ရား၊ အ​မိန့် ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏​ကျွန်​နာ​ခံ​လျက်​ရှိ ပါ​၏' ဟု​လျှောက်​ထား​လော့'' ဟု​မှာ​ကြား​လိုက်​၏။ သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ပြန်​၍​အိပ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 နောက် တစ် ဖန် ခေါ် လျှင် အ မိန့် ရှိ တော် မူ ပါ ထာ ဝ ရ ဘု ရား၊ ကျွန် တော် မျိုး နာ ခံ လျက် ရှိ ပါ သည် ဟူ၍ လျှောက် ထား လော့ ဟု ရှ မွေ လ အား သင် ကြား လိုက် သည့် အ တိုင်း ရှ မွေ လ သွား၍ ကိုယ့် အိပ် ရာ၌ လျောင်း နေ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 သင်​သွား၍ အိပ်​ဦး​တော့၊ နောက်​တစ်​ဖန်​ခေါ်​လျှင်၊ အို​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန် ကြား​ပါ​သည်​ဟု လျှောက်​ရ​မည်​အ​ကြောင်း ရှ​မွေ​လ​ကို မှာ​ထား​သည်​အ​တိုင်း၊ ရှ​မွေ​လ​သွား၍ မိ​မိ​နေ​ရာ၌ အိပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို့ကြောင့် ဧလိ​က ရှမွေလ​အား “​ပြန်အိပ်​ပါ​လော့​။ သင့်​ကို နောက်တစ်ဖန်​ခေါ်​လျှင် ‘​ထာဝရဘုရား​၊ အမိန့်​ရှိ​တော်မူ​ပါ​။ ကိုယ်တော့်​အစေအပါး နာခံ​လျက်​ရှိ​ပါ​၏​’​ဟု ပြန်လျှောက်​လော့​”​ဟု မှာလိုက်​၏​။ ရှမွေလ​ပြန်သွား​၍ မိမိ​အိပ်ရာ​၌ အိပ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 3:9
9 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လျက်​နေ​၏။ ငါ​တို့​သည်​မိုက်​မဲ​သော​လမ်း​စဉ်​ကို​စွန့်​ပစ်​ပါ​လျှင် ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​တည်း​ဟူ​သော ငါ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​မည်​ဟု က​တိ​ပြု​တော်​မူ​ပါ​၏။


ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သော သူ​တို့​ကို​ကယ်​တော်​မူ​ရန်​အ​မှန်​ပင် အ​သင့်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​လည်း ငါ​တို့​ပြည်​တွင်​ကျိန်း​ဝပ်​လျက်​နေ​လိမ့်​မည်။


သူ​တို့​က​မော​ရှေ​အား``ကိုယ်​တော်​က​သာ အ​ကျွန်ုပ်​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​ကို ဆင့်​ဆို​ပါ။ အ​ကျွန်ုပ်​တို့​နား​ထောင်​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​က​အ​ကျွန်ုပ်​တို့​အား​တိုက် ရိုက်​မိန့်​ကြား​ပါ​က အ​ကျွန်ုပ်​တို့​သေ​မည် ကို​စိုး​ရိမ်​ပါ​သည်'' ဟု​ဆို​လေ​၏။


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အ​ဘယ်​သူ​ကို​စေ​လွှတ်​ရ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​က​လည်း``ကျွန်​တော်​မျိုး​သွား​ပါ​မည်။ ကျွန်​တော်​မျိုး​အား​စေ​လွှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။


ထို​သူ​က``ဘု​ရား​သ​ခင်​သည်​သင့်​ကို​ချစ် မြတ်​နိုး​တော်​မူ​၏။ ထို့​ကြောင့်​မ​စိုး​ရိမ်​နှင့်၊ မ​ကြောက်​လန့်​နှင့်'' ဟု​ဆို​၏။ ဤ​စ​ကား​ကို ကြား​သော​အ​ခါ​ငါ​သည်​ပို​၍​အား​ရှိ​လာ ပြီး​လျှင်``အ​ရှင်၊ အ​ရှင်​မိန့်​ကြား​ရန်​ရှိ​သည် ကို​မိန့်​တော်​မူ​ပါ။ အ​ရှင်​သည်​အ​ကျွန်ုပ် အား​သက်​သာ​စေ​တော်​မူ​ပါ​ပြီ'' ဟု လျှောက်​ထား​၏။


သို့​သော်​သင်​သည်​ထ​၍​မြို့​ထဲ​သို့​ဝင်​လော့။ သင်​ပြု​ရ​မည့်​အ​မှု​ကို​ထို​အ​ရပ်​တွင်​သိ​ရှိ ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ထို​သူ​က``ဘက်​တော်​သား​လည်း​မ​ဟုတ်၊ ရန်​သူ လည်း​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​၏​တပ်​မှူး​အ ဖြစ်​ငါ​လာ​၏'' ဟု​ဖြေ​ကြား​၏။ ထို​အ​ခါ​ယော​ရှု​သည်​မြေ​ပေါ်​တွင်​ပျပ်​ဝပ်​ရှိ​ခိုး လျက်``အ​ရှင်၊ ကိုယ်​တော့်​ကျွန်​အား​အ​မိန့်​ရှိ​တော် မူ​ပါ'' ဟု​လျှောက်​လေ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၍ ရှ​မွေ​လ​အ​နီး​တွင်​ရပ်​တော်​မူ​လျက်``ရှ​မွေ​လ၊ ရှ​မွေ​လ'' ဟု​ရှေး​နည်း​တူ​ခေါ်​တော်​မူ​၏။ ရှ​မွေ​လ​က``အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏ ကျွန်​နာ​ခံ​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​ကို​တ​တိ​ယ အ​ကြိမ်​ခေါ်​တော်​မူ​ပြန်​၏။ သူ​သည်​ထ​၍ ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင်​ခေါ်​သော ကြောင့်​ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဧ​လိ​သည်​သူ​ငယ်​ကို​ခေါ်​သော​သူ ကား ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း ရိပ်​မိ​သ​ဖြင့်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ