Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာ 26:3 - Common Language Bible

3 ဟ​ခိ​လ​တောင်​ပေါ်​လမ်း​အနီး​တွင်​တပ်​စ​ခန်း ချ​၏။ ထို​အ​ချိန်​၌​ဒါ​ဝိဒ်​သည်​တော​ကန္တာ​ရ တွင်​ပင်​ရှိ​၍ မိ​မိ​အား​ရှာ​ဖွေ​ရန်​ရှော​လု​တော ကန္တာ​ရ​ထဲ​သို့​ရောက်​ရှိ​လာ​သည့်​သ​တင်း ကို​ကြား​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ယေ ရှိ မုန် တော နှင့် ရင် ဆိုင်၊ ဟ ခိ လ ခင် တန်း ပေါ် တွင် လမ်း အ နီး တပ် စား ခန်း ချ လေ၏။ ဒါ ဝိဒ် မူ ကား တော တွင် ပင် နေ၍ ရှော လု မင်း လိုက် ရှာ ကြောင်း သိ သည့် အ တိုင်း သူ လျှို တို့ ကို စေ လွှတ် သ ဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ရှော​လု​သည် ယေ​ရှိ​မုန်​မြို့​ရှေ့၊ ဟ​ခိ​လ​တောင်​ပေါ်​လမ်း​နား​မှာ တပ်​ချ၏။ ဒါ​ဝိဒ်​သည် တော၌​နေ၍ ရှော​လု​လိုက်​ရှာ​ကြောင်း​ကို သိ​မြင်​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ရှောလု​မင်းကြီး​သည် ယေရှိမုန်​နှင့်​မျက်နှာချင်းဆိုင် ဟခိလ​တောင်ကုန်း​ပေါ် လမ်း​ဘေး​တစ်နေရာ​တွင် စခန်းချ​၏​။ ဒါဝိဒ်​မူကား တောကန္တာရ​ထဲတွင် ပုန်း​နေ​၏​။ တောကန္တာရ​ထဲသို့ ရှောလု​မင်းကြီး​လိုက်လာ​သည်​ကို ကြားသိ​သဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 26:3
6 ပူးပေါင်းရင်းမြစ်များ  

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​တမ်း​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ ကိုယ်​တော်​ရှင်​ကို​စောင့်​မျှော်​တ​သ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ရေ​မ​ရှိ​သည့် မြေ​ဆီ​လွှာ​ကဲ့​သို့​ခြောက်​သွေ့​နွမ်း​ရိ​လျက် ကိုယ်​တော်​ရှင်​အား​တောင့်​တ​ပါ​၏။


ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​သက်​အန္တရာယ်​ကို ရှော​လု​ရှာ​ကြံ​ကြောင်း​သိ​မြင်​၏။ ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​ဟော​ရေ​ရှ အ​ရပ်​သို့​ရောက်​ရှိ​နေ​စဉ်၊-


ဇိ​ဖ​အ​ရပ်​မှ​လူ​အ​ချို့​တို့​သည်​ရှော​လု​ရှိ ရာ​ဂိ​ဗာ​မြို့​သို့​သွား​၍``ဒါ​ဝိဒ်​သည်​အ​ကျွန်ုပ် တို့​၏​နယ်​အ​တွင်း​ယု​ဒ​တော​ကန္တာ​ရ​တောင် ပိုင်း၊ ဟ​ခိ​လ​တောင်​ထိပ်​ပေါ်​ရှိ​ဟော​ရေ​ရှ အ​ရပ်​တွင်​ပုန်း​အောင်း​နေ​ပါ​သည်။-


မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​သိုး​ခြံ​များ အ​နား​မှာ​ဂူ​တစ်​ခု​ကို​တွေ့​သ​ဖြင့် ကိုယ်​လက် သုတ်​သင်​ရန်​ဝင်​တော်​မူ​၏။ ထို​ဂူ​ကား​အ​ခြား မ​ဟုတ်၊ အ​တွင်း​ပိုင်း​တွင်​ဒါ​ဝိဒ်​တို့​လူ​စု ပုန်း​အောင်း​နေ​သည့်​ဂူ​ပင်​ဖြစ်​သည်။


ဇိ​ဖ​မြို့​မှ​လူ​အ​ချို့​တို့​သည်​ရှော​လု​ရှိ​ရာ​ဂိ​ဗာ မြို့​သို့​လာ​ရောက်​၍ ဒါ​ဝိဒ်​သည်​ယု​ဒ​တော​ကန္တာ​ရ အ​စွန်​နား​ရှိ​ဟ​ခိ​လ​တောင်​ပေါ်​တွင်​ပုန်း​အောင်း နေ​ပါ​သည်​ဟု​လျှောက်​ထား​ကြ​၏။-


သူ​လျှို​များ​ကို​စေ​လွှတ်​စုံ​စမ်း​စေ​ရာ​အ​ကယ် ပင်​ရှော​လု​ရောက်​ရှိ​နေ​ကြောင်း​သိ​ရှိ​ရ​လေ သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ