၁ တိ 2:3 - Common Language Bible3 ဤအမှုသည်ကောင်းမြတ်သောအမှု၊ ငါတို့ ၏ကယ်တင်ရှင်ဘုရားသခင်နှစ်သက်တော် မူသောအမှုဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible3-4 ထို သို့ ပြု ခြင်း ကား ကောင်း မြတ်၍ လူ ခပ် သိမ်း တို့ သည် ကယ် တင် ရာ ရောက် လျက် သ မ္မာ တ ရား တော် ကို သိ ကျွမ်း စေ လို တော် မူ သော ငါ တို့ ကယ် တင် ရှင် ဘု ရား သ ခင့် ရှေ့ လက် ခံ ဖွယ် ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible3 အကြောင်းမူကား၊ ထိုသို့သော အမှုသည် ကောင်းသောအမှုဖြစ်၏။ ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင် နှစ်သက်တော်မူသောအမှုလည်း ဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထိုသို့ပြုခြင်းသည် ကောင်းမြတ်၍ ငါတို့၏ကယ်တင်ရှင်ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ထိုသို့ ဆုတောင်းခြင်းသည် မွန်မြတ်ပြီး ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဘုရားသခင် နှစ်သက်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်မိမိတို့ပြုမိသည့်အမှားများ အတွက်ခံထိုက်သောအပြစ်များကိုမညည်း မညူဘဲခံကြပါမူ သင်တို့အားအဘယ်သို့ လျှင်ချီးမွမ်းစရာရှိမည်နည်း။ သို့ရာတွင် အမှန်ကိုပြုလျက်ဒုက္ခဆင်းရဲကိုခံရသော အခါ မညည်းမညူဘဲခံကြလျှင်မူကား ဘုရားသခင်သည်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။-
သို့မှသာအစဉ်အမြဲသခင်ဘုရားနှစ်သက် တော်မူစေရန်လည်းကောင်း၊ ကိုယ်တော်၏ဘုန်း အသရေတော်ထွန်းတောက်စေရန်လည်းကောင်း သင်တို့ပြုမူကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်း သို့ပြုမူကျင့်ကြံသဖြင့် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသောအသီး အပွင့်များကိုဖြစ်ထွန်းစေကြလိမ့်မည်။ ဘုရားသခင်ကိုလည်းတိုး၍သိကျွမ်း လာကြလိမ့်မည်။-
သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။-
လာရောက်၍သင်တို့၏အမှုကိုရုံးတော်သို့ တင်ကြလော့။ တရားခံတို့သည်အချင်းချင်းတစ်ဦးနှင့် တစ်ဦး တိုင်ပင်နှီးနှောရကြ၏။ ဖြစ်ပျက်မည့်အမှုအရာကိုအဘယ်သူသည် ကြိုတင်ဖော်ပြပါသနည်း။ ရှေးမဆွကပင်လျှင်ကြိုတင်ဟောကြားခဲ့ ပါသနည်း။ ငါထာဝရဘုရားသည်မိမိ၏လူမျိုးတော်ကို ကယ်တင်သည့်ဘုရား မဟုတ်ပါလော။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှ မရှိ။
ဘုရားသခင်သည်ငါတို့အားကယ်တင်တော်မူ ၍ မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေးကောက်တော် မူသည်မှာ ငါတို့ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်ဘဲ ကိုယ်တော်တိုင်၏အကြံ အစည်တော်နှင့်ကျေးဇူးတော်ကြောင့်ဖြစ်ပေ သည်။ ကိုယ်တော်သည်ကမ္ဘာမတည်ရှိမီကာလ ကပင်ခရစ်တော်ယေရှုအားဖြင့်ငါတို့အား ထိုကျေးဇူးတော်ကိုချပေးတော်မူ၏။-