Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ တိ 1:6 - Common Language Bible

6 လူ​အ​ချို့​တို့​သည်​ဆို​ခဲ့​သော​သ​ဘော​မျိုး​ကို မ​ကျင့်​ဘဲ အ​ကျိုး​မဲ့​ပြော​ဆို​ငြင်း​ခုံ​မှု​များ ပြု​၍​လမ်း​လွဲ​သွား​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6-7 ကိုယ့် ဟော ပြော ချက် များ ကိုလည်း ကောင်း၊ ပြ ဌာန်း ချက်၌ ရည် ရွယ် ရာ များ ကို လည်း ကောင်း၊ နား မ လည် သူ အ ချို့ တို့ သည် ကျမ်း ဆ ရာ လုပ် လို၍ ဆို ခဲ့ သော သ ဘော မျိုး မှ တိမ်း ရှောင် လျက် စည်း ကမ်း လွတ် ပြော ဆို ရာ သို့ လွှဲ သွား ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​သို့​သော​အ​ကျင့်​ကို လူ​အ​ချို့​တို့​သည် အ​မြဲ​မ​ကျင့်၊ အ​ချည်း​နှီး​သော​စ​ကား​ပြော​ခြင်း​သို့ လွှဲ​သွား​ကြ​ပြီ။ ထို​သူ​တို့​သည် မိ​မိ​တို့​ပြော​သော​အ​ရာ​ကို နား​မ​လည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 လူ​အချို့​တို့​သည် ထို​အရာ​များ​မှ​လွဲချော်​၍ အကျိုးမဲ့​သော​စကား​ပြောဆို​ခြင်း​ဘက်​သို့ လှည့်​သွား​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 လူ​တချို့​သည် ထို​အခြေခံ​စိတ်သဘောတို့​မှ သွေဖည်သွား​ကာ အနှစ်သာရ​မဲ့သော စကားများ​ကိုသာ ပြောဆိုလာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:6
9 ပူးပေါင်းရင်းမြစ်များ  

``သင်​တို့​သည်​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​သည်​မိ​မိ​မှာ​ရှိ​သည့်​သိုး​တစ်​ရာ အ​နက်​တစ်​ကောင်​ပျောက်​သွား​လျှင်​ကိုး​ဆယ် ကိုး​ကောင်​ကို​တောင်​ပေါ်​စား​ကျက်​တွင်​ထား​ခဲ့ ပြီး​လျှင်​ပျောက်​သော​သိုး​ကို​လိုက်​၍​မ​ရှာ​ဘဲ နေ​ပါ​မည်​လော။-


ယ​ခု​ပင်​လျှင်​အ​ချို့​သော​မု​ဆိုး​မ​များ​သည် လမ်း​လွဲ​၍​စာ​တန်​၏​နောက်​သို့​လိုက်​ကြ​လေ ကုန်​ပြီ။-


သူ​တို့​သည်​သမ္မာ​တ​ရား​လမ်း​မှ​လွဲ​သွား လျက်​သေ​လွန်​သော​သူ​တို့​သည် ရှင်​ပြန်​ထ မြောက်​ပြီ​ဟူ​၍​ဆို​ကာ လူ​အ​ချို့​တို့​၏ ယုံ​ကြည်​ခြင်း​ကို​မှောက်​လှန်​နေ​ကြ​၏။-


ဒေ​မ​သည်​ဤ​လော​က​ကို​စွဲ​လမ်း​သ​ဖြင့်​ငါ့​ကို စွန့်​ခွာ​၍​သက်​သာ​လော​နိတ်​မြို့​သို့​ထွက်​ခွာ​သွား လေ​သည်။ က​ရက္ကေ​သည်​ဂ​လာ​တိ​ပြည်​သို့​လည်း ကောင်း၊ တိ​တု​သည်​ဒါ​လ​မာ​တိ​ပြည်​သို့​လည်း ကောင်း​သွား​ပြီ။-


ထို​တ​ရား​ကို​တော်​လှန်​ကာ​အ​ကျိုး​မဲ့​သည့် စ​ကား​များ​အား​ဖြင့်​လှည့်​စား​တတ်​သူ​အ​များ အ​ပြား​ပင်​ရှိ​၏။ အ​ထူး​သ​ဖြင့်​ယု​ဒ​ဘာ​သာ​မှ ခရစ်​ယာန်​ဘာ​သာ​သို့​ကူး​ပြောင်း​လာ​သူ​တို့ အ​ထဲ​တွင်​ရှိ​ပေ​သည်။-


သို့​ရာ​တွင်​အ​ကျိုး​မဲ့​ငြင်း​ခုံ​ခြင်း၊ ရှည်​လျား သော​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ​ပြု​လုပ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ ပ​ညတ်​တရား​နှင့်​ပတ်​သက်​၍ အ​ငြင်း​ပွား​ခြင်း​တို့​ကို​ရှောင်​ကြဉ်​လော့။ ထို​သို့ ပြု​မူ​ခြင်း​များ​သည်​မည်​သို့​မျှ​အ​သုံး​မ​ဝင်၊ အ​ကျိုး​လည်း​မ​ရှိ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ