Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 15:9 - Common Language Bible

9 ငါ​သည်​တ​မန်​တော်​တို့​တွင်​အ​ညံ့​ဆုံး​ဖြစ်​၏။ ဘု​ရား​သ​ခင်​၏​အသင်း​တော်​ကို​နှိပ်​စက်​ညှဉ်း​ဆဲ ခဲ့​သူ​ဖြစ်​သ​ဖြင့် တ​မန်​တော်​ဟူ​၍​ပင်​အ​ခေါ် မ​ခံ​ထိုက်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ငါ သည် ဘု ရား သ ခင်၏ အ သင်း တော် ကို ညှဉ်း ပန်း ခဲ့ သော ကြောင့် တ မန် တော် တို့ တွင် အ သိမ် အ ငယ် ဖြစ် လျက် တ မန် တော် ဘွဲ့ ကို မ ခံ ထိုက် ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ငါ​သည် အ​ထက်​က ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ အ​ညံ့​ဆုံး​သော တ​မန်​တော်​ဖြစ်၏။ တ​မန်​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ထိုက်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 အမှန်စင်စစ် ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို ညှဉ်းဆဲ​ခဲ့​သောကြောင့် တမန်တော်​များ​ထဲတွင် အသေးသိမ်ဆုံး​သော​သူ​ဖြစ်​ပြီး တမန်တော်​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ပင် မ​ခံ​ထိုက်​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ကျွန်ုပ်​သည် တမန်တော်​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်၏။ ဘုရားသခင်​၏ အသင်းတော်​ကို ညှဉ်းပန်းနှိပ်စက်ခဲ့သူ​ဖြစ်​သောကြောင့် တမန်တော်​ဟု ပင် ခေါ်ဝေါ်ခြင်း​ကို မခံထိုက်ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:9
12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ရှော​လု​သည်​အ​သင်း​တော်​ကို ပျောက်​ပျက်​စေ​ရန်​ကြိုး​စား​လျက်​နေ​၏။ သူ သည်​တစ်​အိမ်​ပြီး​တစ်​အိမ်​ဝင်​၍ ယုံ​ကြည်​သူ အ​မျိုး​သား​အ​မျိုး​သ​မီး​တို့​ကို​ဆွဲ​ထုတ်​ကာ အ​ကျဉ်း​ထောင်​တွင်​ချုပ်​နှောင်​ထား​လေ​သည်။


ယု​ဒ​အ​မျိုး​သား​တို့​က​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​က​သော်​လည်း​ကောင်း ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​က​သော်​လည်း ကောင်း ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ရန် နေ​ထိုင်​ကြ​လော့။-


ငါ​သည်​သင်​တို့​၏​ထူး​မြတ်​လှ​သည့်​တ​မန် တော်​များ​ထက်​အ​နည်း​ငယ်​မျှ​မ​နိမ့်​ဟု​ငါ ယူ​ဆ​၏။-


ငါ​သည်​လူ​မိုက်​ကဲ့​သို့​ပြု​လေ​ပြီ။ သို့​ရာ​တွင် သင်​တို့​က​ငါ့​ကို​လူ​မိုက်​ဖြစ်​အောင်​ပြု​ကြ​၏။ သင်​တို့​သည်​ငါ့​ကို​ထောက်​ခံ​သင့်​သူ​များ ဖြစ်​ပေ​သည်။ ငါ​သည်​မ​ရေ​ရာ​သော​သူ​ဖြစ် စေ​ကာ​မူ​သင်​တို့​၏​ထူး​မြတ်​သည့်​တ​မန် တော်​များ​ထက်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ညံ့။-


ငါ​သည်​ယု​ဒ​ဘာ​သာ​တ​ရား​ကို​ကြည်​ညို​လေး စား​သူ​ဖြစ်​ခဲ့​စဉ်​အ​ခါ​က မည်​သို့​ကျင့်​ကြံ​ပြု​မူ ခဲ့​ကြောင်း​ကို​သင်​တို့​ကြား​သိ​ကြ​ပြီး​ဖြစ်​၏။ ငါ သည်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​ကို ရက်​စက်​ကြမ်း​ကြုတ်​စွာ​ညှဉ်း​ဆဲ​၍ အ​သင်း​တော် ကို​ဖျက်​ဆီး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​၏။-


``ငါ​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​ခဲ့​သူ​သည်​ယ​ခင်​က မိ​မိ​ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သည့်​ဘာ​သာ​တ​ရား တော်​ကို ယ​ခု​အ​ခါ​ဟော​ပြော​လျက်​ရှိ​ပါ​သည် တ​ကား'' ဟု​လူ​တို့​ပြော​ဆို​သံ​ကို​သာ​လျှင်​သူ တို့​ကြား​သိ​ရ​ကြ​၏။-


ဘာ​သာ​ရေး​စိတ်​အား​ထက်​သန်​မှု​ဘက်​၌​ဆို​သော် အ​သင်း​တော်​ကို​ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ​ဖြစ်​၏။ ပ​ညတ်​တ​ရား​ကို​လိုက်​နာ​ကျင့်​သုံး​မှု​အ​ရ ဆို​သော်​ငါ​သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သူ​ဖြစ်​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ