ဧသတာ 8:8 - Common Language Bible8 သို့ရာတွင်ဘုရင့်အမည်ဖြင့်ရေး၍လက်စွပ် တော်တံဆိပ်ခတ်နှိပ်ထားသည့်အမိန့်တော် စာကိုမူမဖျက်မပယ်နိုင်။ သို့သော်လည်း သင်တို့အလိုရှိသည့်အတိုင်းယုဒအမျိုး သားများထံသို့ငါ၏နာမည်ဖြင့်စာရေး ၍ဘုရင့်လက်စွပ်တော်တံဆိပ်ကိုခတ်နှိပ် လော့'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ဘု ရင့် အ မည် ဖြင့် ရေး၍၊ လက် စွပ် တော် တံ ဆိပ် ခတ် နှိပ် ပြီး သော အ မိန့် တော် စာ ကို ကား၊ မည် သူ မျှ မ ဖျက် မ ပယ် နိုင်။ ယု ဒ လူ မျိုး တို့ အ ကြောင်း သင် တို့ အ လို ရှိ ရာ ကို၊ ငါ့ ဘု ရင့် အ မည် ဖြင့် စာ ရေး၍ လက် စွပ် တော် တံ ဆိပ် ခတ် နှိပ် ကြ လော့ ဟု မိန့် ဆို သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible8 သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ်သော ရှင်ဘုရင် အမိန့်တော်စာကို အဘယ်သူမျှ မပယ်ရသည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဖို့ အမိန့်တော်စာကို တစ်ဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ်ခတ်ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ဘုရင့်နာမည်နှင့် ရေးသားထား၍ ဘုရင့်တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ထားသောစာကိုမူ အဘယ်သူမျှပြန်လည်ရုပ်သိမ်းခွင့်မရှိသည်ဖြစ်၍ သင်တို့ကောင်းမည်ထင်သည့်အတိုင်း ဂျူးလူမျိုးတို့နှင့်ပတ်သက်သောအမိန့်စာကို ဘုရင့်နာမည်နှင့် ရေးသား၍ ဘုရင့်တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ကြလော့”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
အရှင်မင်းကြီးသဘောတူတော်မူပါလျှင် ဝါရှတိမိဖုရားအားနောင်အဘယ်အခါ ၌မျှ ရှေ့တော်သို့ဝင်ခွင့်မပြုကြောင်းရာဇ အမိန့်ကြေငြာချက်ကိုထုတ်ပြန်တော်မူ ပါ။ ထိုအမိန့်တော်ကိုနောင်အဘယ်အခါ ၌မျှမပြောင်းမလဲနိုင်စိမ့်သောငှာ ပေရသိ၊ မေဒိဋ္ဌမ္မသတ်များတွင်ထည့်သွင်းရေးမှတ် ၍ထားတော်မူပါ။ ထိုနောက်မိဖုရား၏ ရာထူးကို သူ့ထက်သာသည့်အမျိုးသမီး တစ်ဦးအားချီးမြှင့်တော်မူပါ။-
ပထမလ၊ ဆယ့်သုံးရက်နေ့၌ဟာမန်သည် မင်းကြီး၏အတွင်းဝန်များကိုခေါ်၍ အမိန့် ကြေငြာချက်ရေးသားရန်နှုတ်တိုက်ချ၍ ပေးလေသည်။ ထိုနောက်ထိုအမိန့်ကိုအင် ပါယာနိုင်ငံတော်အတွင်းရှိလူအမျိုး မျိုးတို့၏ဘာသာစကားသို့ပြန်ဆိုရေး သားစေ၍အုပ်ချုပ်သူများ၊ ဘုရင်ခံများ နှင့်မင်းအရာရှိထံသို့ပေးပို့၏။ ထိုအမိန့် တော်ကိုဇေရဇ်မင်း၏နာမည်နှင့်ထုတ် ပြန်ကာ ဘုရင့်တံဆိပ်တော်ခတ်နှိပ်ထား လေသည်။-
``အရှင်မင်းကြီးသဘောတူတော်မူလျှင် လည်းကောင်း၊ ကျွန်တော်မကိုစိတ်တော်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ လျောက်ပတ် သည်ဟုယူဆတော်မူလျှင်လည်းကောင်း အင်ပါယာနိုင်ငံတော်အတွင်းရှိယုဒ အမျိုးသားအပေါင်းတို့အားကွပ်မျက် ရန်အာဂတ် မှဆင်းသက်သူဟမ္မေဒါသ၏သားဟာမန် စီရင်ခဲ့သည့်အမိန့်စာများကိုပယ်ဖျက် သည့်အမိန့်ကြေငြာချက်ကိုထုတ်ပြန် တော်မူပါ။-
သို့ရာတွင်ဘုရားသခင်ချထားတော်မူ သည့်အုတ်မြစ်သည်ခိုင်ခံ့လျက်ရှိပေသည်။ ထိုအုတ်မြစ်ပေါ်တွင်``ထာဝရဘုရားသည် မိမိ၏လူစုတော်အားသိတော်မူ၏'' ဟူ၍ လည်းကောင်း၊``သခင်ဘုရား၏နာမတော်ကို ခံရသူအပေါင်းတို့သည်မကောင်းမှုကို ရှောင်ကြဉ်ရကြမည်'' ဟူ၍လည်းကောင်း ကမ္ပည်းရေးထိုး၍ထားသတည်း။