ဧသတာ 8:14 - Common Language Bible14 သို့ဖြစ်၍မြင်းစီးစာပို့လုလင်တို့သည်မင်း ကြီး၏အမိန့်တော်အရ ဘုရင့်မြင်းတော် များကိုစီး၍ခရီးပြင်းနှင်ကြကုန်၏။ မြို့ တော်ရှုရှန်၌လည်းထိုအမိန့်ကိုကြေညာ ကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible14 ထို သို့ ရှု ရှန် နန်း တော် တွင် ထုတ် ဆင့် သော ရာ ဇ သတ် တော် ကို၊ အ မိန့် တော် အ တိုင်း၊ လျင် သော မြင်း တော် ပေါ် တွင် စီး သူ မြင်း သည် တော် တို့ ရုတ် ခြည်း စိုင်း နှင် ထွက် သွား ပြီး နောက်၊ အခန်းကိုကြည့်ပါ။Judson Bible14 ထိုအမိန့်တော်စာကို ရှုရှန်နန်းတော်၌ ကြော်ငြာပြီးမှ၊ ရှင်ဘုရင် ကျပ်တည်းစွာ စီရင်သည်အတိုင်း၊ စာပို့ လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ရှင်ဘုရင်၏အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် တော်ဝင်မြင်းများကို ဒုန်းစိုင်းစီးထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင်လည်း ကြေညာ၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီး၏အမိန့်တော်အရရှုရှန်မြို့တော် တွင်ဤအမိန့်တော်ကိုထုတ်ပြန်ကြေငြာ ကြ၏။ ထိုနောက်စာပို့လုလင်တို့သည်ကြေ ငြာချက်ကိုပြည်နယ်များသို့ယူဆောင်သွား ကြ၏။ ရှုရှန်မြို့တော်တွင်မငြိမ်မသက်ဖြစ် နေချိန်၌မင်းကြီးနှင့်ဟာမန်တို့သည်ထိုင် လျက်စပျစ်ရည်သောက်နေကြလေသည်။
အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-
မင်းကြီးနှင့်မှူးမတ်များ၏အမိန့်အရ စေတမန်တို့သည် ဖိတ်စာများယူဆောင် လျက်ယုဒပြည်နှင့်ဣသရေလပြည် တစ်လျှောက်လုံးသို့သွားရောက်ကြ၏။ ဖိတ်စာတွင်``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည်အာရှုရိမင်း၏လက်မှလွတ် မြောက်၍မသေဘဲကျန်ခဲ့ကြလေပြီ။ အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ ကိုယ်တော်သည်လည်းသင်တို့ထံ သို့ပြန်လည်ကြွလာတော်မူလိမ့်မည်။
စာပို့လုလင်တို့သည်ထိုအမိန့်တော်ကို အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် ရှိသမျှသို့ယူဆောင်သွားကြ၏။ ထိုအမိန့် တော်တွင်``အာဒါလ၊ ဆယ့်သုံးရက်နေ့တစ်နေ့ တည်း၌ယုဒအမျိုးသားလူကြီးလူငယ် ယောကျာ်းမိန်းမရှိသမျှကိုမသနား၊ မ ညှာတာဘဲသတ်ဖြတ်ကာသူတို့၏ဥစ္စာ ပစ္စည်းများကိုလုယူစေ'' ဟုပါရှိ၏။-
မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-