Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 4:4 - Common Language Bible

4 အ​ပျို​တော်​တို့​နှင့်​မိန်း​မ​စိုး​တို့​သည် မော်​ဒ​ကဲ အ​ဘယ်​သို့​ပြု​လျက်​နေ​သည်​ကို​ဧ​သ​တာ အား​ပြော​ပြ​ကြ​၏။ ထို​အ​ခါ​ဧ​သ​တာ သည်​လွန်​စွာ​စိတ်​ဒုက္ခ​ရောက်​၍ မော်​ဒ​ကဲ​အား လျှော်​တေ​ကို​လဲ​စေ​ရန်​ပေး​ပို့​သော်​လည်း မော်​ဒ​ကဲ​လက်​မ​ခံ​ဘဲ​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 မော် ဒ ကဲ အ ကြောင်း ကို၊ မိ ဖု ရား ဧ သ တာ၏ အ ပျို တော် တို့ နှင့် မိန်း မ စိုး တို့ ကြား ပြော ကြ သော အ ခါ၊ အ လွန် ဝမ်း နည်း သ ဖြင့်၊ လျှော် တေ ကို လဲ စေ ရန် အ ဝတ် ကို ပေး လိုက် သော် လည်း၊ မော် ဒ ကဲ မ ယူ ဘဲ နေ သော ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 မော်​ဒ​ကဲ​အ​မှု​ကို ဧ​သ​တာ၏​ကျွန်​မ​တို့​နှင့် မိန်း​မ​စိုး​တို့​သည် ကြား​ပြော​သော​အ​ခါ၊ မိ​ဖု​ရား​သည် အ​လွန်​ဝမ်း​နည်း​လျက်၊ မော်​ဒ​ကဲ​ဝတ်​သော လျှော်​တေ​ကို​ပယ်၍ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​စေ​ခြင်း​ငှာ ပေး​လိုက်​သော်​လည်း၊ မော်​ဒ​ကဲ​သည် မ​ခံ​မ​ယူ​ဘဲ​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဧသတာ​၏​အစေခံ​မိန်းကလေး​များ​နှင့် မိန်းမစိုး​တို့​သည်​လာ​၍ မော်ဒကဲ​အကြောင်း​ကို လျှောက်ထား​ကြ​သောအခါ မိဖုရား​သည် အလွန်ပင်​စိတ်မကောင်း​ဖြစ်​လေ​၏​။ လျှော်တေအဝတ်​ကို​လဲ​ဝတ်​ရန် အဝတ်​များ​ကို​ပေးလိုက်​သော်လည်း မော်ဒကဲ​သည် လက်​မ​ခံ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 4:4
10 ပူးပေါင်းရင်းမြစ်များ  

သူ​၏​သား​သ​မီး​အား​လုံး​တို့​က​သူ့​အား​နှစ် သိမ့်​ကြ​သော်​လည်း​ပူ​ဆွေး​ခြင်း​မ​ပြေ​နိုင်​ချေ။ သူ​က``ငါ​သည်​သေ​သည်​အ​ထိ​ငါ့​သား​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​ရ​တော့​မည်'' ဟု​ဆို​လေ​၏။ ထို့ ကြောင့်​သူ​သည်​သား​ယော​သပ်​အ​တွက်​ဆက် လက်​၍​ငို​ကြွေး​မြည်​တမ်း​လျက်​ရှိ​နေ​လေ​၏။-


ယေ​ဟု​သည်​မော်​၍​ကြည့်​ပြီး​လျှင်``ငါ​၏​ဘက် သို့​အ​ဘယ်​သူ​ပါ​မည်​နည်း'' ဟု​မေး​၏။ ထို​အ​ခါ သူ့​အား​မိန်း​မ​စိုး​နှစ်​ယောက်​သုံး​ယောက်​တို့​သည် နန်း​တော်​ပြူ​တင်း​မှ​ငုံ့​၍​ကြည့်​ကြ​၏။-


သို့​ရာ​တွင်​ဝါ​ရှ​တိ​သည်​ဘု​ရင့်​အ​မိန့်​တော် ကို​ဖီ​ဆန်​၍ ရှေ့​တော်​သို့​မ​ဝင်​ဘဲ​နေ​သ​ဖြင့် မင်း​ကြီး​သည်​အ​မျက်​ဒေါ​သ​ခြောင်း​ခြောင်း ထွက်​တော်​မူ​လေ​သည်။


မင်း​ကြီး​၏​အ​မိန့်​ကြေ​ငြာ​ချက်​ရောက်​ရှိ လေ​ရာ​ပြည်​နယ်​တို့​၌ ယု​ဒ​အ​မျိုး​သား တို့​သည်​အ​စာ​ရှောင်​၍​အော်​ဟစ်​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။ လူ​တိုင်း​လို​ပင်​လျှော် တေ​ကို​ဝတ်​ကာ​ပြာ​ပေါ်​တွင်​လှဲ​၍​နေ​ကြ ကုန်​၏။


ထို​အ​ခါ​မိ​ဖု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ အ​ဖြစ် မင်း​ကြီး​ခန့်​ထား​ပေး​သူ၊ မိန်း​မ​စိုး ဟာ​တက်​ကို​ခေါ်​ယူ​ပြီး​လျှင် အ​ကျိုး အ​ကြောင်း​ကို​စုံ​စမ်း​ရန်​မော်​ဒ​ကဲ​ထံ သို့​စေ​လွှတ်​လိုက်​လေ​သည်။-


ဒုက္ခ​ရောက်​ချိန်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ တစ်​ည​လုံး​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ သို့​ရာ​တွင်​စိတ်​သက်​သာ​ရာ​မ​ရ​နိုင်​ပါ။


ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တွင်​ပါ​ဝင်​လာ သူ​လူ​မျိုး​ခြား​တစ်​စုံ​တစ်​ယောက်​သည်``ငါ့​အား ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​နှင့်​အ​တူ ဝတ်​ပြု​ကိုး​ကွယ်​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်'' ဟု မ​ဆို​သင့်။ မိန်း​မ​စိုး​တစ်​စုံ​တစ်​ယောက်​က​လည်း မိ​မိ​သည် သား​သ​မီး​မ​ရ​နိုင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​တွင်​အ​ပါ​အ​ဝင်​မ​ဖြစ်​နိုင်​ဟု အ​ဘယ်​အ​ခါ​၌​မျှ​မ​ဆို​အပ်။-


ထာ​ဝ​ရ​ဘု​ရား​က၊ ``ရာ​မ​အ​ရပ်​၌​အ​သံ​တစ်​ခု​ကို​ကြား​ရ​၏။ ထို​အ​သံ​သည်​ဝမ်း​နည်း​ပက်​လက် ငို​ကြွေး​သည့်​အ​သံ​ဖြစ်​၏။ ရာ​ခေ​လ​သည်​မိ​မိ​၏​သား​သ​မီး​များ​အ​တွက် ငို​ကြွေး​လျက်​နေ​လေ​သည်။ သူ​တို့​အား​လုံး​ပင်​မ​ရှိ​တော့​ပြီ​ဖြစ်​၍ သူ​သည်​နှစ်​သိမ့်​မှု​ကို​မ​ခံ​လို'' ဟု​မိန့်​ဆို​၏။


သို့​ဖြစ်​၍​ဖိ​လိပ္ပု​သည်​ထ​၍​သွား​လေ​သည်။ ထို​စဉ်​အ​ခါ​၌​အဲ​သ​ယော​ပိ​ပြည်​မှ​မိန်း​မ စိုး​အ​ရာ​ရှိ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့ သို့​သွား​ရောက်​၍​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ် ဝတ်​ပြု​ပြီး​နောက် မိ​မိ​အိမ်​သို့​ပြန်​လည်​ထွက်​ခွာ လာ​၏။ သူ​သည်​အဲ​သ​ယော​ပိ​ဘု​ရင်​မ​ကန္ဒက် ၏​ဘဏ္ဍာ​ရေး​မှူး​ချုပ်​ဖြစ်​၏။ သူ​သည်​ရ​ထား​စီး လျက်​ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​ကို​ဖတ်​နေ ၏။-


သူ​သည်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​သီး​ဆယ်​ပုံ​တစ်​ပုံ ကို မိ​မိ​၏​နန်း​တွင်း​အ​ရာ​ရှိ​များ​နှင့်​အ​ခြား အ​မှု​ထမ်း​အ​ရာ​ထမ်း​တို့​အ​တွက်​သိမ်း​ယူ လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ