ဧသတာ 3:8 - Common Language Bible8 ထို့ကြောင့်ဟာမန်သည်မင်းကြီးအား``အရှင် ၏အင်ပါယာနိုင်ငံတော်ပြည်နယ်တိုင်းမှာ ပင်ပျံ့နှံ့လျက်နေသည့်လူမျိုးတစ်မျိုးရှိ ပါသည်။ သူတို့၏ဋ္ဌလေ့ထုံးစံများသည် အခြားလူမျိုးတို့၏ဋ္ဌလေ့ထုံးစံများနှင့် မတူပါ။ သူတို့သည်နိုင်ငံတော်၏တရား ဥပဒေများကိုလည်းမလိုက်နာကြပါ။ သို့ဖြစ်၍သူတို့အားသည်းခံလျက်နေ ခြင်းအားဖြင့်အရှင့်၏အတွက်အကျိုး ရှိမည်မဟုတ်ပါ။- အခန်းကိုကြည့်ပါ။Garrad Bible8 ထို နောက်၊ အာ ရွှေ ရု မင်း ထံ ဟာ မန် က၊ နိုင် ငံ တော် ပြည် ထောင် တ ကာ တွင်၊ လူ အ မျိုး မျိုး နှင့် သီး ခြား နေ လျက် နှံ့ ပြား သော လူ တစ် မျိုး ရှိ ပါ၏။ သူ တို့ ဓ မ္မ သတ် သည် အ ခြား လူ မျိုး တို့ ဓ မ္မ သတ် နှင့် မ တူ။ ဘု ရင် မင်း ဓ မ္မ သတ် ကို လည်း မ ကျင့် သော ကြောင့်၊ နေ ထိုင် ခွင့် ပေး တော် မူ ရန် မ သင့် ပါ။ အခန်းကိုကြည့်ပါ။Judson Bible8 တစ်ဖန် ဟာမန်သည် ရှင်ဘုရင်အာရွှေရုထံတော်သို့ ဝင်၍၊ အခြားတစ်ပါးသော လူမျိုးအပေါင်းတို့နှင့် ကျင့်ရာထုံးတမ်းမတူ၊ အရှင်မင်းကြီး စီရင်တော်မူချက်တို့ကို နားမထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သား အမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုးတစ်မျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူးတော်မရှိပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ထို့နောက် ဟာမန်က အာရွှေရုမင်းကြီးအား “အရှင်မင်းကြီးပိုင်နိုင်ငံတော်တစ်ဝန်းလုံးရှိ နယ်မြေဒေသအသီးသီးမှပြည်သူပြည်သားများကြားတွင် ကွဲလွင့်ပျံ့နှံ့နေသောလူမျိုးတစ်မျိုးရှိပါ၏။ သူတို့၏စည်းမျဉ်းဥပဒေများသည် အခြားလူမျိုးအပေါင်းတို့နှင့်မတူ။ သူတို့သည် အရှင်မင်းကြီး၏စည်းမျဉ်းဥပဒေများကို မလိုက်နာသောကြောင့် သူတို့ကို ဤအတိုင်းလွှတ်ထားလျှင် အရှင်မင်းကြီးအတွက် အကျိုးမရှိနိုင်ပါ။ အခန်းကိုကြည့်ပါ။ |
ဤအဖြစ်အပျက်အလုံးစုံကို မော်ဒကဲ သိရသောအခါပြင်းစွာစိတ်ဒုက္ခရောက်လျက် မိမိ၏အဝတ်များကိုဆုတ်ပြီးလျှင်လျှော် တေကိုဝတ်၍ဦးခေါင်းကိုပြာနှင့်လူး၏။ ထို နောက်သူသည်ပြင်းပြစွာငိုကြွေးမြည်တမ်း လျက် နန်းတော်အဝင်ဝသို့ရောက်သည်တိုင် အောင်မြို့ကိုဖြတ်၍လျှောက်သွားလေသည်။ မည်သူမဆိုလျှော်တေကိုဝတ်၍ နန်းတွင်း သို့မဝင်ရသောကြောင့်သူသည်နန်းတွင်း သို့မဝင်ချေ။-
ထိုအခါသူတို့သည်မင်းကြီးအား``ယုဒ ပြည်မှဖမ်းဆီးခဲ့သူများအနက်တစ်ဦး ဖြစ်သူဒံယေလသည်အရှင်မင်းကြီး အားရိုသေလေးစားမှုမရှိ။ အရှင်ထုတ် ပြန်သည့်အမိန့်တော်ကိုလည်းမလိုက်နာ။ သူသည်တစ်နေ့လျှင်သုံးကြိမ်တိုင်တိုင် အချိန်မှန်မှန်ဆုတောင်း၍နေပါသည်'' ဟုလျှောက်ထားကြ၏။
ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။-
သခင်ယေရှုခရစ်၏တမန်တော်ပေတရုထံ မှပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့်ဗိသုနိပြည်တို့တွင်ဧည့်သည် အာဂန္တုအဖြစ်နှင့်ပျံ့နှံ့နေထိုင်လျက်ရှိကြ သောဘုရားသခင်ရွေးချယ်တော်မူသည့် လူစုတော်ထံသို့စာရေးလိုက်ပါသည်။ သခင် ယေရှု၏စကားတော်ကိုနားထောင်၍ကိုယ် တော်၏သွေးတော်အားဖြင့်အပြစ်များမှ ပြေလွတ်ကြစေရန်ခမည်းတော်ဘုရား သခင်သည်အကြံအစည်တော်အရသင် တို့ကိုရွေးချယ်တော်မူ၏။ ဝိညာဉ်တော် အားဖြင့်လည်းသင်တို့ကိုသန့်ရှင်းမြင့် မြတ်စေတော်မူ၏။ သင်တို့သည်ကိုယ်တော်၏ထံတော်မှ ကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုကြွယ်ဝစွာခံစား ရကြပါစေသတည်း။