ဧသတာ 3:4 - Common Language Bible4 အလျှော့ပေးရန်နေ့စဉ်နေ့တိုင်းတိုက်တွန်း ကြ၏။ သို့ရာတွင်မော်ဒကဲသည်နားမထောင် ဘဲ``ငါသည်ယုဒအမျိုးသားတစ်ဦးဖြစ် သဖြင့်ဟာမန်အားဦးမညွှတ်ရှိမခိုးနိုင် ပါ'' ဟုရှင်းပြလေသည်။ ထို့ကြောင့်ထိုသူ တို့သည်မော်ဒကဲ၏အပြုအမူကို ဟာမန် သည်းခံမည်မခံမည်ကိုသိလို၍ဟာမန် အားတိုင်ကြားကြ၏။- အခန်းကိုကြည့်ပါ။Judson Bible4 မော်ဒကဲက၊ ငါသည် ယုဒလူဖြစ်သည်ဟု ပြန်ပြော၍၊ သူတို့စကားကို နားမထောင်သောကြောင့်၊ သူတို့သည် မော်ဒကဲစကားတည်မည်၊ မတည်မည်ကို သိလိုသောငှာ၊ ဟာမန်အား ကြားပြောကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 မော်ဒကဲက မိမိသည် ဂျူးလူမျိုးဖြစ်ကြောင်းကို ပြောပြထားပြီးဖြစ်၍ ထိုသူတို့ နေ့စဉ်နေ့တိုင်း ပြောဆိုနေသော်လည်း မကြားချင်ယောင်ဆောင်နေ၏။ ထိုအခါ မော်ဒကဲ၏လုပ်ရပ်ကိုသည်းခံမည်၊ မသည်းခံမည်ကို သိလို၍ ထိုသူတို့သည် ဟာမန်အားပြောပြကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် မိမိလူမျိုးတော်ဝင်ဖြစ်သူတို့နှင့်အတူရှိတော်မူပါစေသတည်း။ သင်တို့သည်ယုဒပြည်ယေရုရှလင်မြို့သို့သွားရောက်၍ ထိုမြို့တွင်ကိုးကွယ်ဝတ်ပြုသည့်ဘုရားတည်းဟူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားအတွက် ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ကြရမည်။-
ဗာဗုလုန်နယ်ကိုအုပ်ချုပ်ရန်အရှင်မင်း ကြီးတာဝန်ပေးထားသူရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါဟူသောယုဒအမျိုး သားများသည် အရှင်၏အမိန့်တော်ကို မနာခံဘဲနေကြပါ၏။ သူတို့သည် အရှင်၏ဘုရားကိုရှိမခိုးကြပါ။ အရှင် တည်ထားသည့်ရွှေရုပ်ကြီးကိုလည်းဦး မညွှတ်ကြပါ'' ဟုလျှောက်ထားကြ၏။
ထိုအခါသူတို့သည်မင်းကြီးအား``ယုဒ ပြည်မှဖမ်းဆီးခဲ့သူများအနက်တစ်ဦး ဖြစ်သူဒံယေလသည်အရှင်မင်းကြီး အားရိုသေလေးစားမှုမရှိ။ အရှင်ထုတ် ပြန်သည့်အမိန့်တော်ကိုလည်းမလိုက်နာ။ သူသည်တစ်နေ့လျှင်သုံးကြိမ်တိုင်တိုင် အချိန်မှန်မှန်ဆုတောင်း၍နေပါသည်'' ဟုလျှောက်ထားကြ၏။