Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 1:11 - Common Language Bible

11 မိ​ဖု​ရား​ဝါ​ရှ​တိ​အား​ရာ​ဇ​သ​ရ​ဖူ​ဆောင်း စေ​၍ ရှေ့​တော်​သို့​သွင်း​ရန်​အ​မိန့်​ပေး​တော် မူ​၏။ မိ​ဖု​ရား​သည်​အ​ဆင်း​လှ​သော​အ​မျိုး သ​မီး​ဖြစ်​သ​ဖြင့် မင်း​ကြီး​သည်​သူ​၏​အ​ဆင်း ကို​မှူး​မတ်​များ​နှင့်​ဧည့်​သည်​တော်​အ​ပေါင်း တို့​အား​ပြ​စား​လို​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ခု​နစ်​ရက်​မြောက်​သော​နေ့၌ ရှင်​ဘု​ရင်​သည် စ​ပျစ်​ရည်​သောက်၍ ရွှင်​လန်း​သော​စိတ်​ရှိ​သော​အ​ခါ၊ မိ​ဖု​ရား အ​ဆင်း​လှ​ခြင်း အ​သ​ရေ​ကို မင်း​များ​နှင့်​လူ​များ​တို့​အား ပြ​လို​သော​ငှာ၊ မိ​ဖု​ရား​ဝါ​ရှ​တိ​ကို ရာ​ဇ​သ​ရ​ဖူ​ဆောင်း​စေ၍၊ အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊ မ​ဟု​မန်၊ ဗိ​ဇ​သ၊ ဟာ​ဗော​န၊ ဗိ​ဂ​သ၊ အ​ဗာ​ဂ​သ၊ ဇေ​သာ၊ ကာ​ကတ်​တည်း​ဟူ​သော အ​မှု​တော်​ထမ်း မိန်း​မ​စိုး​ခု​နစ်​ယောက်​တို့​ကို မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 မိဖုရား​ဝါရှတိ​၏​အလှ​ကို လူ​အများ​နှင့်​မှူးမတ်​များ​ရှေ့​တွင် ပွဲထုတ်​ပြသ​ရန် သူ့​အား တော်ဝင်​သရဖူ​ဆောင်း​စေ​၍ ဘုရင့်​ရှေ့​တော်​သို့​ခေါ်လာ​စေ​၏​။ မိဖုရား​သည် ရုပ်ဆင်းသွင်ပြင်​လှပ​သော​သူ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 1:11
9 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ပြည်​တွင်​ရုပ်​ရည်​ချော​မော​မှု ကြောင့်​အ​ဗ​ရှ​လုံ​ကဲ့​သို့ ထင်​ပေါ်​ကျော်​ကြား သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ​သည်​ဦး ခေါင်း​မှ​ခြေ​ဖျား​တိုင်​ခြောက်​ပြစ်​ကင်း​သူ ဖြစ်​၏။-


သို့​ရာ​တွင်​ဝါ​ရှ​တိ​သည်​ဘု​ရင့်​အ​မိန့်​တော် ကို​ဖီ​ဆန်​၍ ရှေ့​တော်​သို့​မ​ဝင်​ဘဲ​နေ​သ​ဖြင့် မင်း​ကြီး​သည်​အ​မျက်​ဒေါ​သ​ခြောင်း​ခြောင်း ထွက်​တော်​မူ​လေ​သည်။


မင်း​ကြီး​သည်​သူ့​အား​အ​ခြား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​ထက်​ပို​၍​နှစ်​သက်​တော် မူ​သ​ဖြင့် သူ​သည်​ရှေ့​တော်​တွင်​မျက်​နှာ​ပွင့် လန်း​လျက်​ချစ်​ခင်​မြတ်​နိုး​တော်​မူ​ခြင်း ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​သည်​သူ့​အား ရာ​ဇ​သ​ရ​ဖူ​ကို​ဆောင်း​၍​ပေး​ပြီး​လျှင် ဝါ​ရှ​တိ​၏​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​၏။-


လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။


ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ် ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ