ဧဇရ 8:28 - Common Language Bible28 ငါသည်ယဇ်ပုရောဟိတ်တို့အား``သင်တို့သည် ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား အဖို့ သီးသန့်သူများဖြစ်ကြသကဲ့သို့ ကိုယ် တော်အားစေတနာအလျောက် ပေးလှူသော ရွှေငွေအသုံးအဆောင်များသည်လည်း သီး သန့်သောဝတ္ထုပစ္စည်းဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible28 ငါ က၊ သင် တို့ သည် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သူ ဖြစ် ကြ၏။ အ သုံး အ ဆောင် များ ပါ သီး သန့် လေ ပြီ။ ရွှေ ငွေ များ လည်း၊ ဘိုး ဘေး တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား လှူ ဒါန်း ခဲ့ သော ဝ တ္ထု ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible28 သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်းကြ၏။ ဤတန်ဆာတို့သည်လည်း သန့်ရှင်းသောတန်ဆာ ဖြစ်ကြ၏။ ဤငွေနှင့် ဤရွှေသည်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြည်ညိုသောစိတ်နှင့် လှူသောရွှေငွေဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ထို့နောက် သူတို့အား “သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။ အသုံးအဆောင်များလည်း သန့်ရှင်း၏။ ရွှေငွေတို့သည်လည်း သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအား စေတနာအလျောက်ပေးလှူသောပူဇော်သက္ကာ ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်မွမ်းမံပြင်ဆင်မှုပြီးစီးသွားသော အခါ မင်းကြီးနှင့်ယောယဒတို့သည်ပိုလျှံ သောရွှေ၊ ငွေကိုဗိမာန်တော်အတွက်ခွက်ဖလား များနှင့်အခြားအသုံးအဆောင်များကိုပြု လုပ်ရာတွင်အသုံးပြုကြ၏။ ယောယဒအသက်ရှင်နေသမျှကာလပတ်လုံး ဗိမာန်တော်တွင်ယဇ်များကိုအစဉ်ပူဇော်လေ့ ရှိ၏။-
လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။ ``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကို ကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့် သုမိမ်နှင့်ဥရိမ် အားဖြင့်ဖော်ပြတော်မူပါ၏။ ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍ မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။