Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​ဇ​ရ 6:5 - Common Language Bible

5 ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မှ​ဗာ​ဗု​လုန်​မြို့​သို့ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ယူ​ဆောင်​လာ​ခဲ့​သည့်​ရွှေ​ငွေ​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို​လည်း သက်​ဆိုင်​ရာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​ပြန်​လည်​ပေး​ပို့​ရ​မည်'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ယေ ရု ရှ လင် မြို့ ဘု ရား သ ခင့် ဗိ မာန် တော် မှ၊ နေ ဗု ခဒ် နေ ဇာ မင်း ထုတ် ယူ လျက်၊ ဗာ ဗု လုန် မြို့ သို့ ဆောင် ခဲ့ သော ရွှေ ငွေ အ သုံး အ ဆောင် တော် များ ကို၊ ယေ ရု ရှ လင် မြို့ ဗိ မာန် တော် နေ ရာ ရင်း သို့ ပြန် သွင်း စေ။ သင် လည်း၊ ဗိမာန် တော် တွင်း သို့ ကိုယ် တိုင် ပြန် သွင်း လော့ ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ထဲ​က နေ​ဗု​ခဒ်​နေ​ဇာ​ထုတ်၍ ဘု​ရား​သ​ခင်၏​အိမ်​တော်​နှင့် ဆိုင်​သော်​လည်း၊ ဗာ​ဗု​လုန်​မြို့​သို့​ဆောင်​ခဲ့​သော ရွှေ​တန်​ဆာ ငွေ​တန်​ဆာ​တို့​ကို ပြန်​ပေး​စေ။ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​သို့ ပို့၍ အ​လုံး​စုံ​တို့​ကို ဘု​ရား​အိမ်​တော်​ထဲ​တွင် မိ​မိ​တို့​နေ​ရာ၌ ထား​စေ​ဟု ကု​ရု​မင်း​ကြီး​သည် နန်း​စံ​ပ​ထ​မ​နှစ်​တွင်၊ ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​မှု​မှာ အ​မိန့်​တော်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ဂျေရုဆလင်​မြို့​ရှိ ဗိမာန်တော်​မှ ဘေဘီလုံ​မြို့​သို့ နေဗုခဒ်နေဇာ​မင်းကြီး သိမ်းယူ​သွား​သည့် ရွှေ​ဖလား​၊ ငွေ​ဖလား​စသော ဘုရားသခင်​၏​အိမ်​တော်​အသုံးအဆောင်​များ​ကို​လည်း ဂျေရုဆလင်​မြို့​ရှိ ဗိမာန်တော်​သို့ ပြန်လည်​ယူဆောင်​လာ​၍ ဘုရားသခင်​၏​အိမ်​တော်​၊ မိမိ​နေရာ​တွင် ပြန်ထား​စေ​’​ဟူ၍ အမိန့်​ထုတ်ပြန်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 6:5
12 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​သောက်​လျက်​နေ​စဉ်​ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​မှ​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​ခဲ့​သည့် ရွှေ​ဖ​လား၊ ငွေ ဖ​လား​များ​ကို​ရှေ့​တော်​သို့​ဆောင်​ယူ​ခဲ့​ရန် မိန့်​တော်​မူ​၏။ မိ​မိ​နှင့်​တ​ကွ​မှူး​မတ်​များ၊ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​မိ​ဿံ​များ​စ​ပျစ် ရည်​သောက်​ရန်​ထို​ဖ​လား​များ​ကို​ယူ​ခဲ့​ရန် အ​မိန့်​ပေး​၏။-


ထို​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မှ​နေ​ဗု​ခဒ်​နေ​ဇာ​သိမ်း​ယူ​ကာ ဗာ​ဗု​လုန်​မြို့​ဘု​ရား​ဗိ​မာန်​တွင်​ထား​ရှိ​သည့်​ဗိ​မာန်​တော်​ဆိုင်​ရာ​ရွှေ၊ ငွေ​အ​သုံး​အ​ဆောင်​တော်​များ​ကို​ပြန်​လည်​ပေး​အပ်​တော်​မူ​ခဲ့​ပါ​၏။-


ထို​နောက်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ပြည်​သူ​တို့​အား​ဆင့်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား က``ဗိ​မာန်​တော်​ဘဏ္ဍာ​များ​သည်​ဗာ​ဗု​လုန် ပြည်​မှ​မ​ကြာ​မီ​ပြန်​လည်​ရောက်​ရှိ​လာ လိမ့်​မည်​ဟု ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့ ၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ တို့​သည်​သင်​တို့​အား​လိမ်​လည်​နေ​ကြ ခြင်း​ဖြစ်​၏။-


မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​တွင်​အ​သုံး​ပြု သည့်​ခွက်​ငယ်​များ​နှင့်​အိုး​ကင်း​များ၊ ယဇ် ကောင်​သွေး​ခံ​ခွက်​ဖ​လား​များ၊ ပြာ​ခွက်​များ၊ မီး​တင်​ခုံ​များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ ခွက်​ဖ​လား​များ၊ စ​ပျစ်​ရည်​ပူ​ဇော်​သကာ သွန်း​လောင်း​ရာ​တွင်​အ​သုံး​ပြု​သည့်​ခွက် ဖ​လား​အ​စ​ရှိ​သည့်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း ယူ​ဆောင် သွား​လေ​သည်။-


နွေ​ဦး​ပေါက်​သော​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း သည်​ယေ​ခေါ​နိ​ကို​ဖမ်း​ဆီး​ပြီး​လျှင်​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​၏။ နန်း​တော်​ဘဏ္ဍာ များ​ကို​လည်း​သိမ်း​ယူ​သွား​လေ​သည်။ ထို နောက်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏ ဘ​ထွေး​တော် ဇေ​ဒ​ကိ​ကို​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ယေ​ရု ရှ​လင်​မြို့​တွင်​နန်း​တင်​တော်​မူ​၏။


ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိ​မာန်​တော်​တွင်​သုံး​ရန် ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​သည့်​ရွှေ​တန်​ဆာ ရှိ​သ​မျှ​ကို​ချွတ်​ယူ​လေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​နေ​ဗု​ခဒ်​နေ​ဇာ​အား ယော​ယ​ကိမ်​မင်း​ကို​ဖမ်း​ဆီး​ခွင့်​နှင့်​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​သုံ့​ပန်း​များ​ကို​ဗာ​ဗု​လုန်​ပြည်​ရှိ မိ​မိ​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဖမ်း​ဆီး​သိမ်း​ယူ​ခဲ့​သည့်​ဘဏ္ဍာ​များ​ကို​ဝတ်​ကျောင်း​ဘဏ္ဍာ​တိုက်​တွင်​ထား​တော်​မူ​၏။


ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဗိ​မာန်​တော်​ရှိ​အ​သုံး အ​ဆောင်၊ ဗိ​မာန်​တော်​ဘဏ္ဍာ၊ မင်း​ကြီး​နှင့်​မှူး မတ်​တို့​၏​ဘဏ္ဍာ​ရှိ​သ​မျှ​ကို​သိမ်း​သွား​လေ သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ