ဧဇရ 6:4 - Common Language Bible4 နံရံများကိုကျောက်တုံးတန်းသုံးဆင့်၊ သစ်သားတန်းတစ်ဆင့်ကျအထပ်ထပ်ဆောက်လုပ်ရမည်။ ကုန်ကျသည့်စရိတ်မှန်သမျှကို ဘုရင့်ဘဏ္ဍာတော်တိုက်မှထုတ်၍သုံးစွဲရမည်။- အခန်းကိုကြည့်ပါ။Garrad Bible4 ကြီး မား သော ကျောက် သုံး ရစ်၊ သစ် သား တစ် ရစ် ကျ၊ တည် ဆောက် ကြ စေ၊ ကုန် ဝင် စ ရိတ် ကို လည်း၊ ရွှေ တိုက် တော် က ထုတ် ပေး စေ။ အခန်းကိုကြည့်ပါ။Judson Bible4 ကြီးသောကျောက်တန်း သုံးဆင့်၊ အသစ်သောသစ်သားတန်း တစ်ဆင့်နှင့် အထပ်ထပ်တည်စေ။ စရိတ်များကိုလည်း ဘဏ္ဍာတော်ထဲက ထုတ်၍ပေးစေ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ကျောက်တုံးကြီးသုံးဆင့်၊ သစ်သားတစ်ဆင့်ဖြင့် တည်ဆောက်ရမည်။ ကုန်ကျစရိတ်ကို ဘုရင့်ဘဏ္ဍာတိုက်မှ ထုတ်ပေးစေ။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
ပြည်သူတို့သည်ပန်းရန်များနှင့်လက်သမား များကိုပေးချေရန်ငွေပေးလှူကြ၏။ ပေရသိ ဘုရင်ကုရုမင်းခွင့်ပြုချက်အရလေဗနုန် တောမှ သစ်ကတိုးများကို ယုပ္ပေဆိပ်အရောက် စုံမျောစေခြင်းငှာ တုရုနှင့်ဇိဒုန်မြို့သား များထံသို့အစားအစာ၊ စပျစ်ရည်နှင့် သံလွင်ဆီတို့ကိုပေးပို့ကြ၏။-
``အကျွန်ုပ်တို့သည်ယုဒပြည်သို့သွားရောက်ကြရာ ကြီးမြတ်သောဘုရားသခင်၏ဗိမာန်တော်ကို ကျောက်တုံးကြီးများဖြင့်တည်ဆောက်၍ ကျောက်နံရံများပေါ်တွင်သစ်သားယက်မများကပ်လျက်လုပ်ဆောင်နေကြသည်ကိုတွေ့မြင်ရကြောင်း အရှင်မင်းကြီးအားလျှောက်ထားအစီရင်ခံအပ်ပါသည်။ တည်ဆောက်မှုကိုလုံ့လဖြင့်လုပ်ဆောင်ကြသောကြောင့် တိုးတက်အောင်မြင်လျက်ရှိပါသည်။