ဧဇရ 4:2 - Common Language Bible2 သူတို့သည်ဇေရုဗဗေလနှင့်သားချင်းစုခေါင်းဆောင်များထံသို့သွား၍``ဗိမာန်တော်တည်ဆောက်မှုတွင် ငါတို့ကိုလည်းသင်တို့နှင့်အတူပါဝင်ခွင့်ပြုပါ။ ငါတို့သည်သင်တို့ကိုးကွယ်သည့်ဘုရားကိုပင်ကိုးကွယ်ပါ၏။ ငါတို့အားဤအရပ်တွင်နေထိုင်ရန်အာရှုရိဘုရင်ဧသရဟဒ္ဒုန်စေလွှတ်လိုက်ချိန်မှအစပြု၍ ထိုဘုရားကိုယဇ်ပူဇော်ခဲ့ကြပါသည်'' ဟုပြောကြားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ဇေ ရု ဗ ဗေ လ နှင့် အိမ် ထောင် အ အုပ် အ ချုပ် တို့ ထံ လာ ရောက်၍၊ ငါ တို့ လည်း၊ ဤ ပြည် သို့ ပို့ သော အာ ရှု ရိ ဘုရင် ဧ သ ရ ဟ ဒ္ဒုန် မင်း လက် ထက် က စ၍၊ သင် တို့ ဘု ရား သ ခင် ကို၊ သင် တို့ ကဲ့ သို့ ပင်၊ ရှာ ဖွေ လျက် ပူ ဇော် ခဲ့ ကြ သည့် အ လျောက် ကူ ညီ တည် ဆောက် ခွင့် ပြု ကြ ပါ လော့ ဟု ဆို ကြ သော်၊ အခန်းကိုကြည့်ပါ။Judson Bible2 ဇေရုဗဗေလနှင့် အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊ ငါတို့သည် သင်တို့ထံ၌ တည်းခိုပါရစေ။ သင်တို့၏ ဘုရားသခင်ကို သင်တို့ရှာသကဲ့သို့ ငါတို့လည်း ရှာကြ၏။ ငါတို့ကို ဤပြည်သို့ဆောင်ခဲ့သော အာရှုရိရှင်ဘုရင် ဧသရဟဒ္ဒုန် လက်ထက်မှစ၍ ထိုဘုရားသခင်အား ယဇ်ပူဇော်ကြသည်ဟု ဆိုကြသော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ဇေရုဗဗေလနှင့် အိမ်ထောင်စုအကြီးအမှူးတို့ထံလာ၍ “ငါတို့သည်လည်း သင်တို့ကဲ့သို့ပင် သင်တို့ဘုရားကို ကိုးကွယ်သည်ဖြစ်၍ သင်တို့နှင့်အတူ တည်ဆောက်ပါရစေ။ ငါတို့ကို ဤနေရာသို့ပို့ဆောင်လာသော အဆီးရီးယားဘုရင် ဧသရဟဒ္ဒုန်မင်းကြီးလက်ထက်ကစ၍ ငါတို့သည် ထိုဘုရားကို ယဇ်ပူဇော်ကြပါ၏”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
အာရှုရိဧကရာဇ်ဘုရင်သည်ဗာဗုလုန်မြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့နှင့်သေဖရ ဝိမ်မြို့တို့မှလူတို့အားခေါ်ဆောင်၍ ပြည်နှင် ဒဏ်သင့်သူဣသရေလအမျိုးသားတို့နေ ထိုင်ခဲ့သောမြို့ရွာများတွင်နေထိုင်စေလေ သည်။ သူတို့သည်ရှမာရိပြည်မြို့ရွာများ ကို အပိုင်ရလျက်အတည်တကျနေထိုင် ကြ၏။-
တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင် ဝတ်ပြုနေစဉ်သားတော်များ ဖြစ်သောအာဒြမ္မေလက်နှင့်ရှရေဇာတို့သည် မင်း ကြီးအားဋ္ဌားဖြင့်လုပ်ကြံပြီးလျှင်အာရရတ် ပြည်သို့ထွက်ပြေးကြ၏။ အခြားသားတော် တစ်ပါးဖြစ်သူဧသရဟဒ္ဒုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
ထိုအခါယုဒနှင့် ဗင်္ယာမိန်အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် မိမိတို့စိတ်နှလုံးကိုဘုရားသခင်ပြင်ဆင်တော်မူခြင်းခံကြရသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားရောက်၍ ထာဝရဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန်အသင့်ပြင်ဆင်ကြကုန်၏။-
ယောဇဒက်၏သားယောရှုနှင့်အဖော်ယဇ်ပုရော ဟိတ်များ၊ ရှာလသေလ၏သားဇေရုဗဗေလ နှင့်တကွ သူ၏ဆွေမျိုးသားချင်းများသည် ဘုရားသခင်၏အစေခံမောရှေစီရင်သည့် ပညတ်ကျမ်းတွင်ပါရှိသောညွှန်ကြားချက် များအတိုင်း ယဇ်များကိုမီးရှို့ပူဇော်နိုင် ရန်ယဇ်ပလ္လင်ကိုတည်ဆောက်ကြ၏။-
``အို ဘုရားသခင်အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူပါ၏။ အလွန်ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်း၍ တန်ခိုးကြီးမားတော်မူပါသည်တကား။ ကိုယ်တော်သည်ကိုယ်တော်၏ပဋိညာဉ်တော် ဆိုင်ရာ ကတိတော်များကိုသစ္စာရှိစွာ စောင့်ထိန်းတော်မူပါ၏။ အကျွန်ုပ်တို့သည်မိမိတို့အားအာရှုရိဘုရင်များ ညှဉ်းပန်းနှိပ်စက်စဉ်အခါမှစ၍ ယနေ့တိုင်အောင်ပင်အဘယ်မျှဆင်းရဲ ဒုက္ခရောက်လျက်နေခဲ့ရကြပါသနည်း။ ကျွန်ုပ်တို့၏ဘုရင်များ၊ ခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ပရောဖက်များ၊ အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်ပြည်သူ အပေါင်းတို့သည် ဆင်းရဲဒုက္ခရောက်ခဲ့ရကြပါ၏။ အကျွန်ုပ်တို့အဘယ်မျှဆင်းရဲဒုက္ခရောက်ခဲ့ ရကြသည်ကိုသတိရတော်မူပါ။
တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ်၏။ ဝတ်ပြု နေစဉ်သားတော်များဖြစ်သောအာဒြမ္မေလက် နှင့်ရှရေဇာတို့သည်မင်းကြီးအား ဋ္ဌားနှင့် ခုတ်သတ်ပြီးလျှင်အာရရတ်ပြည်သို့ထွက် ပြေးကြ၏။ အခြားသားတော်တစ်ပါးဖြစ် သူဧသရဟဒ္ဒုန်သည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေ သည်။
အာရှုရိဘုရင်သည်အကျွန်ုပ်တို့ကိုမ ကယ်နိုင်ပါ။ စစ်ရထားများသည်အကျွန်ုပ် တို့ကိုမကာကွယ်နိုင်ပါ။ အကျွန်ုပ်တို့လက် ဖြင့်လုပ်သောရုပ်တုများကို အကျွန်ုပ်တို့၏ ဘုရားဟုနောက်တစ်ဖန်မခေါ်တော့ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ခိုကိုးရာ မဲ့သောသူတို့အားကြင်နာသနားတော် မူပါ၏။''