ဧဇရ 2:36 - Common Language Bible36-39 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ယဇ်ပုရောဟိတ်သားချင်းစုစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ ယေဒါယသားချင်းစု (ယောရှု၏ သားမြေးများ) ၉၇၃ ဣမေရသားချင်းစုမှ ၁၀၅၂ ပါရှုရသားချင်းစုမှ ၁၂၄၇ ဟာရိမ်သားချင်းစုမှ ၁၀၁၇ အခန်းကိုကြည့်ပါ။Garrad Bible36 ပ ရော ဟိတ် စာ ရင်း ကား၊ ယော ရှု အ နွယ်၊ ယေ ဒါ ယ အ ဆက်၊ ကိုး ရာ့ ခု နစ် ဆယ့် သုံး ပါး၊ အခန်းကိုကြည့်ပါ။Judson Bible36 ယဇ်ပုရောဟိတ်စာရင်း ဟူမူကား၊ ယောရှုအမျိုးထဲက၊ ယေဒါယအမျိုးသား ကိုးရာခုနစ်ဆယ်သုံးယောက်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း36 ယဇ်ပုရောဟိတ်တို့တွင် ယေရွှာအမျိုးမှဆင်းသက်လာသော ယေဒါယသားမြေး ကိုးရာခုနစ်ဆယ့်သုံးယောက်၊ အခန်းကိုကြည့်ပါ။ |
ယေရုရှလင်မြို့တွင် အောက်ပါယဇ်ပုရော ဟိတ်များသီတင်းသုံးနေထိုင်ကြသည်။ ယေဒါယ၊ယောယရိပ်နှင့်ယာခိန်၊ မေရှုလံ၊ဇာဒုတ်၊မရာယုတ်၊အဟိတုပ်တို့မှ ဆင်းသက်လာသူဟိလခိ၏သား (ဗိမာန်တော်မှူးချုပ်) အာဇရိ။ ပါရှုရနှင့်မာလခိတို့မှဆင်းသက်လာသူ ယေရောဟံ၏သားအဒါယ။ ယာဇေရ၊ မေရှုလံ၊ မေရှိလမုတ်နှင့် ဣမေရ တို့မှဆင်းသက်လာသူအဒေလ၏သား မာရှဲတို့ဖြစ်ကြ၏။
ငါတို့ပြည်တွင်နေထိုင်သူလူမျိုးခြားများ နှင့် ကွာလိုက်ကြသောဣသရေလအမျိုးသား များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဗိမာန် တော်ဂီတပညာသည်များ၊ဗိမာန်တော်အလုပ် သမားများမှစသောငါတို့သည် မိမိတို့ ဇနီးများနှင့်အရွယ်ရောက်သူသားသမီး တို့နှင့်အတူတကွမောရှေမှတစ်ဆင့်ထာဝရ ဘုရားပေးအပ်တော်မူသောတရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ငါတို့၏ထာဝရ ဘုရားပေးတော်မူသောအမိန့်တော်ရှိသမျှ ကိုနားထောင်ပါမည်။ ကိုယ်တော်၏ပညတ် တော်များနှင့်ပြဋ္ဌာန်းတော်မူချက်ရှိ သမျှတို့ကိုလိုက်လျှောက်ပါမည်။ ဤ ကတိသစ္စာကိုချိုးဖောက်သော်ကျိန်စာ သင့်ပါစေ။