Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧ​ဇ​ရ 10:16 - Common Language Bible

16-17 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​တို့ သည် ထို​အ​ကြံ​ကို​သ​ဘော​တူ​လက်​ခံ​ကြ သ​ဖြင့် ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် သား​ချင်း​စု ခေါင်း​ဆောင်​များ​အ​နက်​လူ​အ​ချို့​ကို​ရွေး ချယ်​ကာ​သူ​တို့​၏​အ​မည်​များ​ကို​မှတ်​တမ်း တင်​ထား​၏။ ထို​သူ​တို့​သည်​လူ​မျိုး​ခြား အ​မျိုး​သ​မီး​များ​နှင့် အိမ်​ထောင်​ပြု​သူ​တို့ ၏​အ​မှု​များ​ကို​ဒ​သ​မ​လ​တစ်​ရက်​နေ့ ၌​စ​တင်​၍ စုံ​စမ်း​စစ်​ဆေး​ကြ​ရာ​သုံး​လ အ​တွင်း​ပြီး​ဆုံး​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သုံ့ ဘမ်း ခံ ခဲ့ ရ သူ တို့ ဝန် ခံ ကြ သည် နှင့် အ ညီ၊ ပ ရော ဟိတ် ဧ ဇ ရ နှင့် တ ကွ အိမ် ထောင် အ လိုက် စာ ရင်း ဝင် သူ အ အုပ် အ ချုပ် တို့ သည်၊ ရာ ထူး ကို ခံ ပြီး လျှင်၊ ဒ သ မ လ တစ် ရက် နေ့ တွင်၊ ဤ အ မှု ကို စစ် ဆေး ဆုံး ဖြတ် ရန် ရုံး ထိုင် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော အ​မျိုး​သား​တို့​သည် ဝန်​ခံ​ကြ​သည်​နှင့်​အ​ညီ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​သည် ရွေး​ချယ်၍ အ​ဆွေ​အ​မျိုး​အ​လိုက် အ​မည်​များ​ကို မှတ်​သား​သော အ​ဆွေ​အ​မျိုး​သူ​ကြီး​တို့​သည် ဒ​သ​မ​လ​တစ်​ရက်​နေ့​တွင် ထို​အ​မှု​ကို စစ်​ကြော​ခြင်း​ငှာ ထိုင်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သုံ့ပန်း​သားမြေး​တို့​မူကား ဝန်ခံ​ကြ​၏​။ ယဇ်ပုရောဟိတ်​ဧဇရ​သည်​လည်း အိမ်ထောင်စု​အကြီးအမှူး​တို့​ကို ဘိုးဘေး​တို့​မျိုးနွယ်​အလိုက် အားလုံး​ကို​နာမည်​နှင့်တကွ သီးခြားခွဲထား​ပြီးလျှင် ဒသမ​လ​၊ တစ်​ရက်​နေ့​၌ အမှု​ကို​စစ်ဆေး​ရန် စုဝေး​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 10:16
6 ပူးပေါင်းရင်းမြစ်များ  

နိ​ကော​ဒင်​က ``ငါ​တို့​တ​ရား​အ​ရ​အ​ဘယ် အ​မှု​ကို​ကူး​လွန်​ကြောင်း​စစ်​ဆေး​ခြင်း​ကို​မ​ပြု၊ တ​ရား​ခံ​အား​ချေ​ပ​ပြော​ဆို​ခွင့်​ကို​လည်း​မ​ပေး ဘဲ​တစ်​စုံ​တစ်​ယောက်​ကို​အ​ပြစ်​စီ​ရင်​နိုင်​ပါ သ​လော'' ဟု​ဆို​၏။


ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။


သင်​တို့​သည်​စေ့​စေ့​စပ်​စပ်​မေး​မြန်း​စုံ​စမ်း လော့။ ထို​ဒု​စ​ရိုက်​ကို​ဧ​ကန်​ပြု​ကြောင်း​စုံ စမ်း​သိ​ရှိ​ရ​သော်၊-


မေ​ရှု​လံ​နှင့်​လေဝိ​အ​နွယ်​ဝင်​ရှဗ္ဗ​သဲ​တို့​၏ ထောက်​ခံ​မှု​ကို​ရ​သော အာ​သ​ဟေ​လ​၏​သား ယော​န​သန်​နှင့်​တိ​က​ဝ​၏​သား​ယ​ဟာ​ဇိ တို့​က​လွဲ​၍ အ​ခြား​အ​ဘယ်​သူ​မျှ​ထို အ​ကြံ​ကို​မ​ကန့်​ကွက်​ကြ။


ထို​မြို့​သူ​မြို့​သား​အား​လုံး​နှင့်​သူ​တို့​၏​သိုး နွား​တိ​ရစ္ဆာန်​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ် သင်​ပစ်​ရ​မည်။ သူ​တို့​နေ​ထိုင်​ရာ​မြို့​ကို​လည်း လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ