ဧဇရ 10:10 - Common Language Bible10 ယဇ်ပုရောဟိတ်ဧဇရသည်ထ၍ ထိုသူတို့ အားမိန့်ခွန်းမြွက်ကြား၏။ ဧဇရက``သင်တို့ သည်သစ္စာမဲ့ကြလေပြီ။ လူမျိုးခြားအမျိုး သမီးများနှင့်ထိမ်းမြားစုံဖက်ကာ ဣသ ရေလအမျိုးအားအပြစ်သင့်စေကြ လေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible10 ပ ရော ဟိတ် ဧ ဇ ရ ထ၍၊ သင် တို့ သည် သ စ္စာ တော် ကို ဖောက် ကျော် ကြ လေ ပြီ။ မျိုး ခြား မိန်း မ တို့ နှင့် ထိမ်း မြား သ ဖြင့်၊ ဣ သ ရေ လ လူ မျိုး၏ အ ပြစ် ကြီး ပွား လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုအခါ ယဇ်ပုရောဟိတ်ဧဇရသည် ထ၍၊ သင်တို့သည် ပြစ်မှားကြပြီ။ ဣသရေလအမျိုး၌ အပြစ်လေးစေခြင်းငှာ တစ်ပါးအမျိုးသားမိန်းမတို့နှင့် စုံဖက်ကြပြီတကား။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ထိုအခါ ယဇ်ပုရောဟိတ်ဧဇရက ထ၍ သူတို့အား “သင်တို့သည် သစ္စာမဲ့ကြပြီ။ တစ်ပါးအမျိုးသားမိန်းမပျိုတို့နှင့် စုံဖက်ပြီး အစ္စရေးလူမျိုးတွင် အပြစ်များသည်ထက်များအောင် ပြုကြပြီ။ အခန်းကိုကြည့်ပါ။ |
ယုဒနှင့်ဗင်္ယာမိန်နယ်မြေများတွင်နေထိုင် သူယောကျာ်းအပေါင်းတို့သည် သုံးရက်အတွင်း နဝမလနှစ်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ဗိမာန်တော်ရှေ့တံတိုင်းသို့လာရောက် စုဝေးကြ၏။ ထိုအခါ၌မိုးသည်းထန် စွာရွာလျက်နေ၏။ လူအပေါင်းတို့သည် ရာသီဥတုအခြေအနေကြောင့်လည်း ကောင်း၊ အစည်းအဝေးအရေးကြီးမှု ကြောင့်လည်းကောင်းတုန်လှုပ်လျက်နေ ကြ၏။
သို့ဖြစ်၍သင်တို့အပြစ်ကို သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား ဖော်ပြဝန်ခံပြီးလျှင် ကိုယ်တော်နှစ်သက်တော် မူသည့်အမှုကိုပြုကြလော့။ ငါတို့ပြည် တွင်သင်တို့နှင့်အတူ နေထိုင်ကြသူလူမျိုး ခြားတို့နှင့်လည်းကောင်း၊ သင်တို့၏လူမျိုး ခြားဇနီးများနှင့်လည်းကောင်းခွဲခွာ ကြလော့'' ဟုဆို၏။