အာမုတ် 9:13 - Common Language Bible13 ထာဝရဘုရားက ``စပါးရိတ်၍မမီနိုင်လောက်အောင်ပင် ပျိုးကသန်လှသည့်အချိန်ကာလနှင့် စပျစ်ရည်လုပ်နိုင်သည်ထက်စပျစ်သီးများ လှိုင်နေသောနေ့ရက်များရောက်လာမည်။ တောင်တန်းကြီးငယ်တို့မှစပျစ်ရည်ချို စီးယိုနေသော အချိန်ကာလရောက်လာမည်။ အခန်းကိုကြည့်ပါ။Garrad Bible13 ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထယ် ထိုး သူ နှင့် ရိတ် သိမ်း သူ သည် လည်း ကောင်း၊ စ ပျစ် သီး ဖိ နင်း သူ နှင့် မျိုး ကြဲ သူ သည် လည်း ကောင်း၊ ကြား လပ် မ ရှိ သည့် အ လျောက်၊ တောင် ကုန်း ရှိ သ မျှ ပင်၊ အ ရည် ပျော် သ ကဲ့ သို့ စ ပျစ် ရည် ထွက် စီး မည့် နေ့ ရက် ကာ လ ရောက် တော့ မည်။ အခန်းကိုကြည့်ပါ။Judson Bible13 ထာဝရဘုရား မိန့်တော်မူသည်ကား၊ လယ်ထွန်သောသူသည် စပါးရိတ်သော သူကိုလည်းကောင်း၊ စပျစ်သီးနယ်သောသူသည် မျိုးစေ့ကြဲသော သူကိုလည်းကောင်းမီလျက်၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို၍၊ ကုန်းရှိသမျှတို့လည်း အရည်ဖြစ်ရသောကာလ ရောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ထာဝရဘုရားက “ကြည့်ရှုလော့။ ထွန်ယက်သောသူသည် ရိတ်သိမ်းသောသူကိုလည်းကောင်း၊ စပျစ်သီးနင်းနယ်သောသူသည် မျိုးစေ့ကြဲသောသူကိုလည်းကောင်း ကျော်လွန်သွားမည့်နေ့ရက်ရောက်လာလိမ့်မည်။ တောင်များပေါ်တွင် စပျစ်ဝိုင်အသစ်ယိုစီး၍ တောင်ကုန်းရှိသမျှကို ဖုံးလွှမ်းမည့်နေ့ရက်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယခုဆူးပင်များပေါက်လျက်ရှိရာအရပ်တွင် အာရဇ်ပင်(သစ်ကတိုး) များပေါက်၍လာလိမ့်မည်။ ဆူးခြုံများရှိရာအရပ်တွင်မုရတုပင်များ ပေါက်ရောက်လာလိမ့်မည်။ ဤအမှုအရာသည်၊ငါထာဝရဘုရား၏ လက်ရာတော်ကိုအောက်မေ့သတိရစေရန် ထာဝစဉ်တည်မြဲသည့်အမှတ်လက္ခဏာတစ်ရပ် ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
သူတို့သည်ထိုအရပ်တွင်ဘေးမဲ့လုံခြုံစွာ နေရကြလိမ့်မည်။ အိမ်များကိုဆောက်၍ စပျစ်ဥယျာဉ်များကိုစိုက်ပျိုးကြလိမ့်မည်။ သူတို့အားမထီမဲ့မြင်ပြုခဲ့သူအိမ်နီး ချင်းအပေါင်းတို့အားငါဒဏ်ပေးသော အခါဘေးမဲ့လုံခြုံလိမ့်မည်။ ဣသရေလ ပြည်သည်ဘေးကင်း၍နေလိမ့်မည်။ ထို အခါငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူကြောင်း သူ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ယခင်ကအသုံးမကျသောမြေရိုင်းဖြစ် နေခဲ့သောမြေယာတို့သည် ဧဒင်ဥယျာဉ် သဖွယ်ဖြစ်လာကြောင်း၊ ယခင်ကဖြိုဖျက် လုယက်တိုက်ခိုက်ခြင်းခံရ၍ယိုယွင်းပျက် စီးနေခဲ့သောမြို့တို့တွင်လည်း ယခုအခါ အခိုင်အမာခံတပ်များတည်ဆောက်ထား လျက်လူတို့နေထိုင်လျက်ရှိကြောင်းလူ တိုင်းပြောဆိုကြလိမ့်မည်။-
ထိုကာလ၌တောင်တို့သည်စပျစ်ဥယျာဉ် များနှင့် ဖုံးလွှမ်းလျက်ရှိလိမ့်မည်။ တောင်ကုန်းမှန်သမျှတို့တွင်လည်းကျွဲနွားများ ကိုမြင်ရလိမ့်မည်။ ယုဒပြည်တစ်ခုလုံး၌ရေအလုံအလောက် ရရှိကြလိမ့်မည်။ စမ်းရေသည်ထာဝရဘုရား၏ဗိမာန်တော်မှ စီးဆင်းလာလျက်ရှိတ္တိမ်ချိုင့်ဝှမ်းကိုစိုပြေစေ လိမ့်မည်။
ငါသည်အသတ်ခံခဲ့ရကြသူများအတွက် လက်စားချေမည်။ အပြစ်ရှိသူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ သို့ရာတွင်ယုဒပြည်နှင့်ယေရုရှလင်မြို့ကိုမူကား၊ ထာဝစဉ်လူတို့နေထိုင်ရာဖြစ်စေမည်။ ငါထာဝရဘုရားသည်လည်းဇိအုန်တောင်ပေါ် တွင် ကျိန်းဝပ်တော်မူမည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ယောလစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။