Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




အာ​မုတ် 8:5 - Common Language Bible

5 ``ငါ​တို့​သည်​ဂျုံ​စ​ပါး​ကို​ရောင်း​လို​လှ​ပြီ။ သန့်​ရှင်း​ရာ​နေ့​လွန်​အောင်​ပင်​မ​စောင့်​နိုင်​အောင် ဖြစ်​နေ​ကြ​ပြီ။ ဥ​ပုသ်​နေ့​သည်​ဘယ်​သော​ခါ မှ​ကုန်​ပါ​မည်​နည်း။ ထို​နေ့​လွန်​လျှင်​ငါ​တို့ သည်​မ​မှန်​သော​တင်း​တောင်း​နှင့် အ​လေး​ခိုး ပြီး​မ​မှန်​သော​ချိန်​ခွင်​ကို​သုံး​၍​စျေး​တင် ရောင်း​ချ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သင်​တို့​က “လဆန်းပွဲနေ့ မည်သည့်​အချိန်​ပြီး​မည်နည်း​၊ ငါ​တို့ စားနပ်ရိက္ခာ​ရောင်း​လို​လှ​ပြီ​။ ဥပုသ်နေ့ မည်သည့်​အချိန်​ပြီး​မည်နည်း​၊ ဂျုံစပါး​ဈေး ဖွင့်​လို​လှ​ပြီ​။ ဧဖာ​တောင်း​ငယ်​၊ ရှယ်ကယ်​အလေးကြီး​နှင့် ချိန်ခွင်လျှာ​ကို ကိုယ့်ဘက်သာအောင် လုပ်​ကြ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 8:5
24 ပူးပေါင်းရင်းမြစ်များ  

ခင်​ပွန်း​ဖြစ်​သူ​က``အ​ဘယ်​ကြောင့်​ယ​နေ့​သွား လို​ပါ​သ​နည်း။ ယ​နေ့​သည်​ဥ​ပုသ်​နေ့​မ​ဟုတ်။ လဆန်း​ပွဲ​နေ့​လည်း​မ​ဟုတ်'' ဟု​ဆို​၏။ ဇ​နီး​ဖြစ်​သူ​က``ယင်း​သို့​ပင်​မ​ဟုတ်​သော်​လည်း ကိစ္စ​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​၏။-


မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။


မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။


အလေးချင်းမတူသော အလေးတို့ကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ စဉ်းလဲသောချိန်ခွင် လည်း အပြစ်ရှိ၏။


သင်​တို့​၏​အ​သုံး​မ​ကျ​သော​ပူ​ဇော်​သ​ကာ​များ​ကို နောက်​တစ်​ဖန်​ငါ​အ​လို​မ​ရှိ။ သင်​တို့​ပူ​ဇော်​သည့်​နံ့​သာ​ပေါင်း​၏​ရ​နံ့​ကို​ငါ​ရွံ​မုန်း​၏။ သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ၊ ဥ​ပုသ်​နေ့​များ​နှင့်​ဘာ​သာ​ရေး​ပွဲ​နေ့​များ​ကို​ငါ​စက်​ဆုပ်​၏။ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ထို​အ​ရာ​များ​သည်​ဖောက်​ပြန်​ပျက်​စီး​နေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နေ့​အ ဖြစ်​ထား​ရှိ​လျက်၊ ထို​နေ့​၌​ကိုယ်​ကျိုး​ရှာ​လုပ် ငန်း​များ​ကို​ရှောင်​ရှား​ကြ​မည်​ဆို​လျှင်​လည်း ကောင်း၊ အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​နှစ်​သက် သော​ခ​ရီး​သွား​ခြင်း၊ နှစ်​သက်​သော​အ​လုပ် လုပ်​ခြင်း၊ သို့​မ​ဟုတ်​အ​ကျိုး​မ​ရှိ​သော​စ​ကား များ​ကို​ပြော​ဆို​ခြင်း​တို့​ကို​ရှောင်​ကြဉ်​၍၊ ငါ​၏ မြင့်​မြတ်​သန့်​ရှင်း​သည့်​နေ့​တော်​ကို​နှစ်​သက် လျက် တန်​ဖိုး​ထား​ကာ​ရို​သေ​လေး​စား​ကြ မည်​ဆို​လျှင်​လည်း​ကောင်း၊-


ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​ခါ​နာန်​အ​မျိုး​သား​တို့​ကဲ့​သို့​ပင် မ​ရိုး​သား​ကြ​ချေ။ သူ​တို့​သည်​မ​မှန်​သော အ​လေး​ချိန်​ခွင်​ဖြင့်​ဝယ်​သူ​တို့​အား​ရောင်း ချ​တတ်​၏။-


သူ​တို့​က`ငါ​တို့​သည်​ကြွယ်​ဝ​ချမ်း​သာ​ကြ​၏။ ငွေ​ကြေး​အ​မြောက်​အ​မြား​စု​ဆောင်း​မိ​ပြီ။ မည်​သူ​က​မျှ​ငါ​တို့​အား​မ​တ​ရား​ရ​သော ငွေ​ဖြင့်​ကြွယ်​ဝ​ချမ်း​သာ​သည်​ဟု​မ​စွပ်​စွဲ နိုင်' ဟု​ဆို​ကြ​၏။-


မှန်​ကန်​သော​အ​တိုင်း​အ​တာ​အ​ခြင်​အ​တွယ် တို့​ကို​သုံး​ရ​မည်။ ငါ​သည်​သင်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​တော်​မူ​၏။-


ငါ​က``ထို​အ​ရာ​ကား​အ​ဘယ်​နည်း'' ဟု မေး​လျှင်၊ ကောင်း​ကင်​တ​မန်​က``ထို​အ​ရာ​သည်​ခြင်း တောင်း​တစ်​ခု​ဖြစ်​၍​တစ်​နိုင်​ငံ​လုံး​၏​အ​ပြစ် ကို​သ​ရုပ်​ဆောင်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား လေ​သည်။-


ကောင်း​ကင်​တ​မန်​က၊``ဤ​အ​မျိုး​သ​မီး​သည် ယုတ်​မာ​မှု​ကို​သ​ရုပ်​ဆောင်​၏'' ဟု​ဆို​ကာ သူ့​အား​ခြင်း​တောင်း​ထဲ​သို့​နှိပ်​ချ​လိုက်​ပြီး လျှင်​အ​ဖုံး​ပြန်​ဖုံး​၍​ထား​လိုက်​လေ​သည်။-


သင်​တို့​က`ဤ​အ​မှု​များ​ပြု​ရ​သည်​ကို​ငါ တို့​ငြီး​ငွေ့​လှ​ပါ​ပြီ' ဟု​ဆို​ကာ​နှာ​ခေါင်း ရှုတ်​၍​ငါ့​အား​မ​လေး​မ​ခန့်​ပြု​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​ခိုး​ယူ​ရ​ရှိ​သည့်​ယဇ်​ကောင် ကို​သော်​လည်း​ကောင်း၊ ခြေ​ကျိုး​သို့​မ​ဟုတ် ဖျား​နာ​သည့်​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ငါ​၏​အ​တွက်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နှင့်​ယူ ဆောင်​ခဲ့​ကြ​၏။ ငါ​သည်​ဤ​ပူ​ဇော်​သ​ကာ များ​ကို​လက်​ခံ​လိမ့်​မည်​ဟု​သင်​တို့​ထင် မှတ်​ကြ​ပါ​သ​လော။-''


ထို့​အ​ပြင်​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ဖြစ်​သော​လ​ဆန်း ပွဲ​များ​နှင့်​အ​ခြား​ဘာ​သာ​ရေး​ပွဲ​များ​တွင် မီး ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ်​ကို​ပူ​ဇော်​သော အ​ခါ သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ် ရ​မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​အား​ကူ​ညီ ထောက်​မ​တော်​မူ​မည်။ ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​သည်'' ဟု​မိန့်​တော်​မူ​၏။


သို့​ဖြစ်​၍​အ​စား​အ​သောက်​နှင့်​ပတ်​သက်​၍​ဖြစ် စေ၊ ဘာ​သာ​ရေး​ပွဲ​နေ့၊ လ​ဆန်း​ပွဲ​နေ့၊ ဥ​ပုသ်​နေ့ နှင့်​ပတ်​သက်​၍​ဖြစ်​စေ​သင်​တို့​အ​တွက်​အ​ဘယ် သူ​မျှ​ဥ​ပ​ဒေ​စည်း​ကမ်း​မ​ပြု​လုပ်​စေ​နှင့်။-


ဒါ​ဝိဒ်​က``နက်​ဖြန်​နေ့​သည်​လ​ဆန်း​နေ့​ပွဲ တော်​ဖြစ်​၍​ကျွန်ုပ်​သည်​မင်း​ကြီး​နှင့်​အ​တူ စား​သောက်​သင့်​သည့်​အ​ချိန်​ဖြစ်​ပါ​၏။ သို့ ရာ​တွင်​သင်​ကန့်​ကွက်​ရန်​မ​ရှိ​ပါ​လျှင် ကျွန်ုပ် သည်​ကွင်း​ထဲ​သို့​သွား​၍​သန်​ဘက်​ခါ ည​နေ​အ​ထိ​ပုန်း​အောင်း​နေ​ပါ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ